from 0 review
4D 3N
Daily Tour
1 person
English, Vietnamese
ဒါနန်း – ဟွေး – ဟွေဟင်း – ဘန်နဟေးလ်
(၃ညအိပ် ၄ရက်ခရီးစဉ်)
ခရီးစဉ်ထွက်ခွာမည့်ရက် – ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ
တစ်ဦးလျှင် ခရီးစဉ်ဈေးနှုန်း
USD 360 (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)
မှတ်ချက်:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
အထက်ဖော်ပြပါ ဈေးနှုန်းများသည် ဗီယက်နမ်နိုင်ငံ၏ အောက်ဖော်ပြပါ Super peak period များအတွက်လည်း အကျူံးမဝင်ပါ။
· +Chinese New Year period in February
· +On 02nd-05th September (National independent declaration day)
· +On 28th April-05nd May (Nation reunification day)
· +On 23nd December- 03 January (Christmas day and International New Year)
ငွေပေးချေမှု
TERMS & CONDITIONS:
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာပါမည်။ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ညစာသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာစားပြီးနောက် Check out ပြုလုပ်ကာ ၆၇ မီတာအမြင့်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်တစ်ခုလည်းဖြစ်သည့် Linh Ung Pagoda၊ အလွန်လှပသည့် Sontra Tra Peninsula၊ Sontra Marina Café (မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ကော်ဖီသုံးဆောင်နိုင်ပါသည်။) နှင့် World Heritage Garden တို့သို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Hoi An ဒေသ၏ Thu Bon မြစ်အတွင်း Bay Mau Coconut Forest တစ်လျှောက် Bamboo Basket Boat စီးရင်း လှည့်လည်လေ့လာကြပါမည်။ ထိုမှတဆင့် လွန်ခဲ့သော အေဒီ ၁၆ ရာစုမှ ၁၈ ရာစုအတွင်း ပင်လယ်ဆိပ်ကမ်းမြို့အဖြစ် အသုံးပြုခဲ့သည့် ဟွေဟင်းမြို့သို့ ဆက်လက်ထွက်ခွာကြပါမည်။ ထိုခေတ်အခါက နိုင်ငံခြားသား ကုန်သည်များ ရောက်ရှိနေထိုင်ကြရာ နေရာတစ်ခုဖြစ်ခဲ့သည့်အလျောက် ဗီယက်နမ်၊ တရုတ်နှင့် ဂျပန် လက်ရာများဖြင့် ဆောက်လုပ်ထားခဲ့သည့် အဆောက်အဦးများအား ရင်သပ်ရှုမောဖွယ်ရာ တွေ့ကြရမည်ဖြစ်ပါသည်။ Chinese Assembly Hall နှင့် ဘုရားကျောင်း၊ Old house နှင့် ဂျပန်တံတားတို့အား လေ့လာလည်ပတ်ကြပါမည်။ အဖွဲ့လိုက်အနေဖြင့် လှေစီး၍ မြစ်အတွင်း မီးပုံးလွှတ်ခြင်းများကို မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်များဖြင့် ပျော်ရွှင်စွာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဘူဖေးညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဒါနန်းမြို့ရှိ ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒါနန်းမှ ဘန်နဟေးလ် (အကွာအဝေး ၃၀ ကီလိုမီတာ) သို့ ထွက်ခွာမည်။ ထိုမှတဆင့် ကမ္ဘာ့အဆင့် (၅) ရှိ ကေဘယ်လ်ကားဖြင့် ဘန်နဟေးလ်တောင်တန်းရှိ အမြင့်ဆုံး Nui Chua တောင်ပေါ်သို့ တက်ရောက်ကြပါမည်။ ထိုမှတဆင့် Nginh Phong top၊ Le Nim Villas၊ Old wine tunnel၊ Orchid Garden အစရှိသည်တို့အား လည်ပတ်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံး Indoor game zone ဖြစ်သည့် Fantasy Park အတွင်း 4D film၊ Skiver၊ Golden Hand Bridge အစရှိသည်တို့အား ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ ဘူဖေးနေ့လည်စာအား Lavender restaurant တွင် သုံးဆောင်ကြပါမည်။ နေ့လည်ပိုင်းတွင် ဒါနန်းမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး နာမည်ကျော် My Khe Beach၊ Love Bridge၊ Dragon Bridge နှင့် Apec Garden တို့အား သွားရောက်လည်ပတ်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဒါနန်းမြို့ရှိ ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် စကျင်တောင်ဖြစ်သည့် Marble mountain နှင့် Non Nuoc Stone village သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Dua Shop နှင့် Han market၊ Vincom plaza တို့သို့ စိတ်ကြိုက်ဈေးဝယ်ထွက်ရန် ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ညနေပိုင်း လေဆိပ်သို့ မဆင်းမီအထိ မိမိတို့၏စိတ်ကြိုက်အစီအစဉ်များဖြင့် အေးဆေးစွာ အနားယူနိုင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် ဒါနန်းလေဆိပ်သို့ ထွက်ခွာပြီး flight check-in ဝင်ကာ မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply