from 0 review
5D 4N
Specific Tour
1 person
English, Myanmar
(၄ညအိပ်၅ရက်ခရီးစဉ်)
ခရီးစဉ်ထွက်ခွာမည့်နေ့
မေလ ၂၈ ရက်နေ့မှ ၁ ရက်နေ့အထိ
ဇွန်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ
ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ
ဩဂုတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ
စက်တင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ
တစ်ဦးလျှင်ဈေးနှုန်း
USD 424 (နှစ်ယောက် တစ်ခန်းနှုန်းဖြင့်)
***ခရီးစဉ်အတွက် လူဦးရေ (10) ဦးပြည့်မှသာ ခရီးစဉ် စတင်ထွက်ခွာပါမည်။***
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ရောက်ရှိပြီး Ngurah Raiလေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ Ngurah Rai လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Sanur Harbor သို့သွားကာ လှေဖြင့် Nusa Penida သို့ထွက်ခွာပြီး Kelingking သဲသောင်ပြင်သို့ သွားရောက်လည်ပတ်ပြီး Broken ကမ်းခြေ ၊ Angel Billabong သို့သွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Crystal Bayကမ်းခြေ သို့ သွားရောက်လည်ပတ်ပြီး Bali သို့ လှေဖြင့် ပြန်လည်ထွက်ခွာပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောက်ပြီးနောက် ဟိုတယ်သို့ပို့ဆောင်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။
ဟိုတယ်မှ နံနက်စာသုံးဆောင်ပြီးနောက် Besakih Mother ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများရိုက်ကြပါမည်။ ထို့ပြင် Kintamani သို့သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Batur တောင်နှင့် ရေကန်ကို အပေါ်စီးမှမြင်ရသည့် ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Tampaksiring Holy Spring Temple သို့ သွားရောက်လည်ပတ်ပြီး နောက် Pelaga Eco Park ဟိုတယ်တွင် Check in ဝင်ပါမည်။ ညစာကို ဘူဖေးသုံးဆောင်ပြီးနောက် ဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။
နံနက်ခင်းတွင် ရေတံခွန်၊ မြစ်၊ စိမ်းလန်းသော သစ်တောများနှင့် စိမ်းလန်းသော တောတောင်များရှိသော ဘာလီ Swingမြင်ကွင်းမှ ကြည့်ရှုခံစားပြီး နံနက်စာသုံးဆောင်ပြီးနောက် Hotel မှ Check Out ထွက်ပါမည်။ထို့နောက် Ulun Danu Beratan ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကို ဒေသစားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက်TanahLotTempleသို့သွားရောက်၍မိမိတို့ကိုယ်ပိုင်စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ညနေပိုင်းတွင် ညစာကို ဒေသစားသောက်ဆိုင်တွင် သုံးဆောငိကြပြီးနောက် လေဆိပ်သို့ထွက်ခွာပါမည်။ လေဆိပ်သို့ရောက်ရှိသောအခါ သတ်မှတ်ထားသောလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာပြီးပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply