from 36 USD
Inquiry

Bagan + Popa Grand Explorer Package

Bagan - Popa
0/5
Duration

4D 3N

Tour Type

Daily Tour

Group Size

1 person

Languages

English, Myanmar

Overview

သင့်ရဲ့ မိသားစုဝင်၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်မြတ်နိုးတန်ဖိုးထားရသူတွေ နဲ့ ပျော်ရွှင်စရာကောင်းပြီး အမှတ်ရနေစေမယ့် ပုဂံ+ပုပ္ပား ခရီးစဉ်လေးကိုမှ အတန်ဆုံး Promotions တွေနဲ့ သွားလည်လိုက်ကြရအောင်။

 

OWAY ကနေ Booking တင်လိုက်တာနဲ့ Promotion (၃) မျိုးတောင်ရရှိမှာဖြစ်ပါတယ်။

 

၁။ One Step Complimentary Room Upgrade မည်သည့်အခန်းအမျိုးစားကို ယူယူ၊ဝယ်ယူထားတဲ့ အခန်းအမျိုးစား ထက် နောက်တစ်ဆင့်ပိုမြင့်သော အခန်းအမျိုးစားကို ရရှိခွင့်

၂။ Complimentary Half-day E-Bike Use နေ့ဝက်စာ E-Bike အခမဲ့အသုံးပြုခွင့်

၃။ 10% Discount on Food ရတနာပုံဟိုတယ်တ္ငင် အစားစာမှာယူရာ၌ ၁၀%သက်သာခွင့်

 

Payment Terms & Conditions:

  • · ခရီးစဥ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ်ထွက်ခွာမည့်ရက်မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခခရီးစဥ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဥ်ထားသောခရီးစဥ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဥ်ပြောင်းလဲပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့်ရှိစေရပါမည်။

 

 

Itinerary

Day-1 ရန်ကုန် - ပုဂံ (-/ -/ -)

မနက် (၆ : ၀၀ နာရီ ) ခန့် အချိန်တွင် ရန်ကုန် အောင်မင်္ဂလာကွင်းမှ ပုဂံမြို့သို့ VIP Express Bus ဖြင့် ခရီး စတင်ထွက်ခွာပါမည်။ နေ့လည်စာကို လမ်းခရီးပေါ်တွင်ရှိသော ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီးနောက် ဘတ်စ်ကားဖြင့် ပုဂံမြို့သို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် ပုဂံမြို့သို့ ရောက်ရှိပြီးနောက် OWAY မှ စီစဉ်ထားသော သီးသန့်ကားဖြင့် ကားဂိတ်သို့ လာရောက်ကြိုဆိုပြီး ဟိုတယ်တွင် Check – in ဝင်ပါမည်။ အချိန်ကြာမြင့်စွာ ဘတ်စ်ကားစီးခဲ့ခြင်းဖြင့် ပင်ပန်းနေနိုင်သောကြောင့် ယနေ့သည် လည်ပတ်ခြင်း ၀န်ဆောင်မှုမပါဘဲ ဧည့်သည်တော်များ၏ ကိုယ်ပိုင်အပန်းဖြေ အနားယူသည့်နေ့ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်အချိန်ကို စိတ်တိုင်းကျ ခံစားနိုင်ပါသည်။ ညစာကို ပုဂံမြို့ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day-2 ပုဂံ (နံနက်စာ/ -/ -)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် OWAY မှ စီစဉ်ထားသောကားဖြင့် လာရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ဈေးဝယ်ခြင်းကို ကြိုက်နှစ်သက်သော ခရီးသွားဧည့်သည်များအတွက် ညောင်ဦးမဏိစည်သူစျေးသို့ သွားရောက်ကာ ဒေသထွက်ပစ္စည်းများကို စိတ်ကြိုက်စျေးဝယ်ကြပါမည်။ အေဒီ (၁၁) ရာစုအစောပိုင်းတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပုဂံမြို့ရှိ စွယ်တော်လေးဆူများထဲမှ အထင်ရှားဆုံး ဘုရားတစ်ဆူဖြစ်သော ရွှေစည်းခုံဘုရားကို သွားရောက်ဖူးမျှော်ကြပါမည်။ ထို့နောက် ဇာတ်တော်ပုံပြင်များမှ မြင်ကွင်းများကို သရုပ်ဖော်ထားသော ပုဂံတွင် ရှေးအကျဆုံး နံရံဆေးရေး ပန်းချီကားများကို ကောင်းစွာထိန်းသိမ်းထားသော အေဒီ ၁၁၁၃ ခုနှစ်တွင် တည်ထားခဲ့သော ဂူပြောက်ကြီးဘုရားကို သွား‌ရောက်ဖူးမျှော်ကြပါမည်။ လက်ရေးပန်းချီများကို (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) ရေးဆွဲပြီး ပျော်ရွှင်စရာ အတွေ့အကြုံကို ခံစားကြပါမည်။ ထို့နောက် ပုဂံယွန်းထည်နှင့် လက်မှုပစ္စည်းများရောင်းချသော ဆိုင်များသို့ သွားရောက်လည်ပတ်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ဝယ်ခြင်းကို ပြုလုပ်ကြပါမည်။ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်) နေ့လည်စာ သုံးဆောင်ပါမည်။ ပုဂံတွင် အခမ်းနားဆုံး ဘုရားတစ်ဆူဖြစ်သည့် ၁၀၉၁ ခုနှစ်တွင် ကျန်စစ်သားမင်းကြီး တည်ထားခဲ့သည့် အနုပညာလက်ရာမြောက်သည်ဟု ထင်ရှားသော အာနန္ဒာဘုရားကို သွားရောက် ဖူးမျှော်ကြပါမည်။ ထို့မှတဆင့် မြေပြင်မှအထက်သို့ (၆၁) မီတာအထိ မြင့်မားပြီး ပုဂံတွင်ဥာဏ်တော် အမြင့်ဆုံးစေတီဖြစ်သည့် သဗ္ဗညုစေတီတော်ကို သွားရောက်ဖူးမျှော်ကြပါမည်။ ထို့နောက် ၁၁၆၇ ခုနှစ် နှင့် ၁၁၇၀ ပြည့်နှစ်အတွင်း နရသူမင်း တည်ထားခဲ့သည့် ပုဂံတွင်ထုထည်အကြီးမားဆုံး ဘုရားဖြစ်သော ဓမ္မရံကြီးဘုရားကို သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဧရာဝတီမြစ်ပေါ်မှ နေဝင်ချိန်ရှုခင်းကို အကောင်းဆုံးအနေအထားဖြင့် ကြည့်ရှုနိုင်သော ဘူးဘုရားကို သွားရောက်ဖူးမျှော်ပါမည်။ ခရီးသွားဧည့်သည်များ၏ စိတ်ထဲ၌ တစ်သက်တာ မမေ့နိုင်မည့် နေဝင်ဆည်းဆာမြင်ကွင်းကို ဧရာဝတီမြစ်ရိုးတစ်လျှောက် လှေစီး၍ ကြည့်ရှုခြင်းဖြင့် ပုဂံဘုရားဖူးခြင်းကို အဆုံးသတ်သင့်သောကြောင့် နေဝင်ခါနီးအချိန်တွင် လှေဆိပ်သို့ဆင်းပြီး Sunset Boat စီး၍ ဧရာ၀တီမြစ်ပေါ်မှ ရင်သပ်ရှုမောဖွယ်လှပသော နေဝင်ချိန်ကို ခံစားကြည့်ရှုကြပါမည်။ ညစာကို ပုဂံမြို့ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day-3 ပုပ္ပား (Full Day) (နံနက်စာ/ -/ -)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် နံနက် ၀၆း၃၀ တွင် ပုပ္ပားတောင် သို့ထွက်ခွာရန် ဟိုတယ် တွင်လာရောက်ခေါ်ဆောင်ပါမည်။ ထို့နောက်သာယာလှပသောနံနက်ခင်းတွင် ပုပ္ပားသို့ထွက်ခွာမည်ဖြစ်ပြီး လမ်းခရီး တစ်လျှောက် အညာဒေသ၏ သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်ပါမည်။လမ်းခရီးကြာချိန်မှာ ခန့်မှန်းခြေ ၁နာရီခွဲခန့် ကြာမြင့်ပါမည်။ နံနက် ၀၈း၀၀ အချိန်ခန့်တွင် ပုပ္ပားတောင်ကလပ်သို့ တက်ရာလှေကား မုခ်ဦးအခြေရှိ နတ်နန်းဆောင်သို့ရောက်ရှိပြီး နတ်နန်းဆောင်ကိုဦးစွာလေ့လာလည်ပတ်ပါမည်။ ထို့နောက် လှေကားထစ်ပေါင်း ၇၇၇ ထစ် ရှိသည့် ပုပ္ပားတောင်ကလပ်သို့ စတင်တက်ရောက်ပြီး တောင်ထပ်ရှိ စေတီများအား လှည့်လည် ဖူးမျှော် ကြည်ညို ပါမည်။

နေ့လည် ၁၂:၀၀ ခန့်တွင် တောင်ကလပ် အခြေလှေကား မုခ်ဦးသို့ ပြန်လည်ရောက်ရှိပြီးနောက် ယျာဉ်မောင်း နှင့် ပြန်လည်ချိတ်ဆက်ကာ တောင်ခြေ၌ပြန်လည်ဆုံစည်းကြပါမည်။ ထို့နောက် ပုပ္ပားတောင်ရှိ လတ်ဆတ်သော ဒေသထွက် အစားစာများကို မြည်းစမ်းသုံးဆောင်ရန် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။ ဧည့်သည်တော်များအနေဖြင့် အလွန်လှပသော ၃၆၀ ဒီဂရီ ဖြင့််ကြည့်ရှုခံစားရင်း နေ့လည်စာသုံးဆောင်လိုပါကလည်း Popa Mountain Resort သို့ကားဖြင့်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ယနေ့အတွက်လည်းနေ့လည်စာအား မိမိတို့ကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် နှစ်သက်ရာဒေသစားသောက်ဆိုင် (သို့) Popa Mountain Resort တွင်ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။

သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိသောနေ့ခင်းစာအား သုံးဆောင်ပြီးသည့်နောက်ပုဂံသို့ ပြန်လည်ထွက်ခွာရာ လမ်းရှိ အညာဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်း စိတ်ကြိုက်တယ်ယူနိုင်မည်ဖြစ်ပါသည်။ ယနေ့အတွက် နေဝင်ဆည်းဆာအလှအား ပုဂံရှိ Sunset View Point တွင်ကြည့်ရှုခံစားကြပါမည်။ ပြီးပြည့်စုံသောတစ်နေ့တာအား အမှတ်ရစရာများဖြင့် ကုန်ဆုံးပြီးနောက် ရတနာပုံဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။

Day-4 ပုဂံ - ရန်ကုန် (နံနက်စာ/ -/ -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် (၇) နာရီခန့် အချိန်တွင် သီးသန့်ကားဖြင့် ကားဝင်းသို့ ပို့ဆောင်ကာ VIP Express Bus ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ လမ်းခရီးတွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) နေ့လည်စာသုံးဆောင်ပြီး ခရီးဆက်ပါမည်။ ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိလာပြီး ပျော်ရွင်ဖွယ် ခရီးစဥ်လေး ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ရန်ကုန် - ညောင်ဦး - ရန်ကုန် VIP Bus Tickets
  • 3*** အဆင့်ရှိသော ဟိုတယ်ရတနာပုံ တွင် (၂ ယောက်ခန်း သို့ ၃ ယောက်ခန်း) ဖြင့် ၃ ညတာ တည်းခိုခွင့် (မနက်စာပါဝင်ပြီး)
  • ပုဂံတွင် သီးသန့်ကားဖြင့် Fullay တစ်ရက် လည်ပတ်ခြင်း
  • ပုဂံတွင် Sunset Boat (စက်လှေ) ဖြင့် နေ၀င်ချိန်ကို ကြည့်ရှုခြင်း
  • ပုဂံ - ပုပ္ပား နေ့ချင်းပြန် သီးသန့်ကားဖြင့် လည်ပတ်ခြင်း
  • ရတနာပုံဟိုတယ်တွင် Welcome Dinner (၁) ကြိမ်
  • One Step Complimentary Room Upgrade မည်သည့်အခန်းအမျိုးစားကို ယူယူ၊ဝယ်ယူထားတဲ့ အခန်းအမျိုးစား ထက် နောက်တစ်ဆင့်ပိုမြင့်သော အခန်းအမျိုးစားကို ရရှိခွင့်
  • Complimentary Half-day E-Bike Use နေ့ဝက်စာ E-Bike အခမဲ့အသုံးပြုခွင့်
  • 10% Discount on Food ရတနာပုံဟိုတယ်တ္ငင် အစားစာမှာယူရာ၌ ၁၀%သက်သာခွင့်
  • ဖော်ပြမထားသော နေ့လည် နှင့် ညစာများ
  • ခရီးစဥ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ
  • ခရီးစဥ်တစ်လျှောက် အစားအသောက်ဝန်ဆောင်မှု
  • နေ့စဥ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • Driver Tipping

Tour's Location

Bagan - Popa

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 36 USD

Inquiry





    You might also like