from 0 review
5D 4N
Specific Tour
1 person
English, Myanmar
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာပါမည်။ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ညစာသုံးဆောင်ရန်ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒါနန်းမြို့မှ ၃၀ ကီလိုမီတာအကွာအဝေးတွင်ရှိသည့် Bana Hill သို့ ထွက်ခွာပါမည်။ ကမ္ဘာ့နံပါတ်အဆင့် ၅ အဖြစ် သတ်မှတ်ထားသည့် ကေဘယ်လ်ကားစီးပြီး By Night Station တွင် ရပ်ကာ Vong Nguyet တောင်၊ ဆုတောင်းပြည့် ဘုရားကျောင်း Linh Ung၊ ပြင်သစ်ရှေးဟောင်းရွာ The Old Villas of French တို့အား သွားရောက် လည်ပတ်ပါမည်။ ပြီးနောက် ကေဘယ်လ်ကားဖြင့် Bana Hill ထိပ်ရှိ Nui Chua Mountain သို့ ဆက်လက်ထွက်ခွာပြီး Nginh Phong top, Le Nim Villas, Old wine tunnel, Orchid Garden… အစရှိသည်တို့အား ပျော်ရွှင်စွာလည်ပတ်ရင်း ဗီယက်နမ်နိုင်ငံ၏တတိယအကြီးဆုံး Indoor Game Zone တစ်ခုဖြစ်ရာ Fantasy Park အတွင်း သတ်မှတ်ထားသော ကစားနည်းများအား စိတ်ကြိုက်ပျော်ရွှင်စွာ ကစားကြပါမည်။ (series of interesting games: 4D film, skiver, Golden hand) ဘူဖေးနေ့လည်စာအား Lavender restaurant တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။ ထို့နောက် Hoi An မြို့သို့သွားရောက်လည်ပတ်ပါမည်။ တရုတ်အစည်းအဝေးခန်းမများနှင့် ဘုရားကျောင်းများ၊ ဂျပန်စတိုင်တံတားများ အစရှိသဖြင့် ဗီယက်နမ်၊ တရုတ်၊ ဂျပန် လူမျိုးတို့၏ ဗိသုကာလက်ရာအဆောက်အဦးများစွာဖြင့် ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည့် Hoi An မြို့လေးအတွင်း ပျော်ရွှင်စွာ လေ့လာလည်ပတ်ကြပါမည်။ အဖွဲ့လိုက်လှေစီးရင်း လှေပေါ်မှတဆင့် မီးပုံပျံလွှတ်ခြင်းအား မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်ပါမည်။ ဒါနန်းသို့ အပြန်လမ်းရှိ ဒေသစားသောက်ဆိုင်တွင် ဘူဖေးညစာအား သုံးဆောင်ပြီးနောက် ဒါနန်းမြို့ရှိဟိုတယ်တွင် ပြန်လည်အနားယူအိပ်စက်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အချစ်တံတား၊ နဂါးတံတား၊ Linh Ung စေတီ၊ ဗီယက်နမ်လူမျိုးများအကြား Social media တွင် အလွန်ခေတ်စားနေသည့် ချစ်စရာကော်ဖီဆိုင်တစ်ခုဖြစ်သည့် Sontra Marina Café သို့သွားရောက်ကာကော်ဖီချစ်သူများအနေဖြင့်အရသာရှိလှသောကော်ဖီများအား(မိမိတို့၏ကိုယ်ပိုင်စိတ်ကြိုက်အစီအစဉ်များဖြင့်) သုံးဆောင်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ နေ့လည်စာကို ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟနွိုင်းသို့ လေယာဉ်ဖြင့်သွားရန် လေဆိပ်သို့ ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် Halong bay တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သီးသန့်လှေစီး၍ အပျော်စီးသင်္ဘောဖြင့် 4 နာရီကြာ သွားရောက်လည်ပတ်ရန် - Thien Cung grotto၊ Dau Go Cave၊ Dinh Huong၊ Ga Choi Islet၊ ... ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်ကျောက်စက်များဖြင့် ပြည့်ကျပ်နေသော ကျွန်းကလေးသို့ သွားရောက်လည်ပတ်ပါမည်။ ကယ်လ်စီယမ်ကာဗွန်နိတ်ပမာဏ အနည်းငယ်ဖြင့် မာကျောသော dolomite အများစုဖြင့် ဖွဲ့စည်းထားသည့် ကျောက်တုံးများနှင့် ကျွန်းအများအပြားရှိသည်။နေ့လည်စာကို အပျော်စီးသင်္ဘောပေါ်တွင် နေ့လည်စာသုံးဆောင်ပါမည်။ညနေပိုင်းတွင် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပြီး ဟနွိုင်းမီးရထားလမ်း၊ Old Quarter၊ Hoang kiem lake သို့ သွားရောက်လည်ပတ်ကာ ဒေသဆိုင်ရာ စားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ရောက်ရှိပါမည်။ ဟနွိုင်းတွင် ညအိပ်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွယ်လွန်သူသမ္မတ ဟိုချီမင်းသည် ဗီယက်နမ်လွတ်လပ်ရေးကြေညာခဲ့သည့် Ba Dinh Square သို့ သွားရောက်လည်ပတ်ကာ ဟိုချီမင်း၏ဂူဗိမာန် ဟိုချီမင်း၏အုတ်တံတိုင်း၊ The One Pillar Pagoda၊ ဟနွိုင်းရှိ မရှုမလှ ရုပ်ပွားတော်ကြီး- ဟနွိုင်းတွင် 1 ရာစုအစောပိုင်းက တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာဘုရင် နန်းစံ 1 ရာစု အစောပိုင်းတွင် တည်ဆောက်ခဲ့သော ရှေးဟောင်း ဗုဒ္ဓဘာသာဝင် စေတီဖြစ်သည်။ ဗုဒ္ဓကြာပန်းနှင့် ဆင်တူသော တိုင်တစ်လုံးတည်းဖြင့် ထောက်ထားသည်။ အထင်ကြီးလောက်စရာ ဗိသုကာလက်ရာများ၊ အော်ပရာဟောက်စ်များသွားရောက်လေ့လာပြီးနောက် နေ့လည်စာကို ဒေသစားသောက်ဆိုင်တွင် နေ့လည်စာဘူဖေးဖြင့် သုံးဆောင်ပါမည်။ ထို့နောက် စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်ပိုင်းတွင် Aeon Mall တွင် စျေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply