from 0 review
8D 7N
Specific Tour
1 person
English, Myanmar
ကမ္ဘာကျော်မဟာတံတိုင်းအပါအဝင် ပေကျင်းမြို့က ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ ရှီအန်းမြို့က ရိုးရာအစားအသောက်တွေနဲ့ ရှန်ဟိုင်းမြို့ ကမ်းနားမှာရှိတဲ့ ကိုလိုနီခေတ်အဆောက်အဦးတွေလိုအထင်ကရနေရာတွေ စုံလင်အောင်လည်ပတ်ရမှာဖြစ်ပါတယ်။
လူကြီး တစ်ဉီးလျှင် = USD 2200.00 (၂ ယောက်ခန်း သို့ ၃ ယောက်ခန်း)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်းလေယာဉ်ဖြင့် စတင်ထွက်ခွာလာပြီး တရုတ်နိုင်ငံ၏ မြို့တော်ဘေဂျင်းသို့ နောက်တစ်နေ့မနက်အစောပိုင်းတွင် ဆိုက်ရောက်ပါမည်။
ဘေဂျင်းမြို့သို့ ဆိုက်ရောက်ပြီးနောက် ဒေသခံဧည့်လမ်းညွှန်နှင့် ကားဆရာတို့မှ လာရောက်ကြိုဆိုပြီး တရုတ်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော Great Wall Mutianyu သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လယ်စာကို ဘေဂျင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပြီး ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပခဲ့သည့် Bird’s Nest and Water Cube သို့ သွားရောက်လည်ပတ်ပြီး အပြင်ဘက်မှနေ၍ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ညစာကို ဘေဂျင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင်သုံးဆောင်ကြပြီးနောက် ဘေဂျင်းမြို့လယ်ကောင်တွင်တည်ရှိသော Tiananmen ရင်ပြင်သို့ သွားရောက်လေ့လာကြပါမည်။ ဆက်လက်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့်သက်တမ်းအရင့်ဆုံး သစ်သားအဆောက်အအုံကြီးဖြစ်သော Forbidden City သို့ လည်ပတ်ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လယ်စာအား ဘေဂျင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ရိုးရာအနုပညာလက်ရာများရှိရာ Summer Palace သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို ဘေဂျင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ကျည်ဆန်ရထားဖြင့် ရှီအန်းမြို့သို့ သွားရောက်ပါမည်။ ရထားစီးချိန်မှာ(၄)နာရီဝန်းကျင်ခန့် ကြာမြင့်နိုင်ပါသည်။ ရှီအန်းမြို့သို့ရောက်လျှင် (၁၄)ရာစုနှစ်က တည်ဆောက်ခဲ့သော ရှေးဟောင်းမြို့ရိုးကို သွားရောက်လေ့လာကြည့်ရှုပါမည်။ ဆက်လက်၍ ရှီအန်းမြို့၏ကျက်သရေဆောင် Bell and Drum Tower Square သို့သွားရောက်ကြပါမည်။ ထို့နောက် ရိုးရာအစားအစာများနှင့် Street Food များကိုမြည်းစမ်းနိုင်သော Yong Xing Fang food street သို့ လည်ပတ်ကြပါမည်။ နေ့လယ်စာနှင့် ညစာများကို ဒေသခံစားသောက်ဆိုင်များတွင် သုံးဆောင်ကြပါမည်။
မနက်စာကို ဟိုတယ်တွင်သုံးဆောင်ကြပြီးနောက် နှစ်ပေါင်း(၂၀၀၀)ကျော်သက်တမ်းရှိပြီဖြစ်သော နာမည်ကျော်ရွှံ့စေးမီးဖုတ်စစ်သားရုပ်တုများဆီသို့ သွားရောက်လေ့လာကြပါမည်။ နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် Tangမင်းဆက် အနုပညာလက်ရာများကို ခံစားနိုင်ရန် Big Wild Goose Pagoda သို့ သွားရောက်ဖူးမျှော်ပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ အိပ်စက် အနားယူပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ရှန်ဟိုင်းမြို့သို့ ရထားဖြင့်ထွက်ခွာကြပါမည်။ ရှန်ဟိုင်းမြို့သို့ ရောက်လျှင် ညစာသုံးဆောင်ရန် ဒေသခံစားသောက်ဆိုင်တစ်ခုသို့ သွားရောက်ကြပါမည်။ ထို့နောက် ဟိုတယ် Check-in ဝင်ရောက်ကာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင်သုံးဆောင်ကြပြီးနောက် ဓာတ်ပုံရိုက်ကူးရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သော Yu Garden သို့ သွားရောက်လည်ပတ်ကြပါမည်။ ဆက်လက်၍ ရှန်ဟိုင်းမြို့ကမ်းနားရှိ ကိုလိုနီခေတ်အဆောက်အအုံများ တည်ရှိရာ The Bund ရပ်ကွက်သို့ သွားရောက်ကြပြီး လှပသောရှုခင်းများနှင့်အတူ ဓာတ်ပုံရိုက်ကူးကြပါမည်။ နေ့လယ်စာကို ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ကမ္ဘာပေါ်ရှိ အစည်ကားဆုံးလမ်းမများမှ တစ်ခုဖြစ်သော Nanjing road သို့သွားရောက်လည်ပတ်ပြီး ဈေးဝယ်ထွက်ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူကြပါမည်။
တည်းခိုရာဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check-out ထွက်ကာ ရန်ကုန်မြို့သို့ လေကြောင်းဖြင့်ထွက်ခွာရန် လေဆိပ်သို့ပို့ဆောင်ပေးပါမည်။
Leave a reply