from 0 review
4D 5N
Specific Tour
1 person
English, Myanmar
အခုချိန် ခရီးသွားချင်တဲ့သူတွေအတွက်…
မိုးရာသီမှာ လည်ပတ်လို့လည်းကောင်းတဲ့ ပုဂံ – ညောင်ဦး – ပုပ္ပါး ခရီးစဉ်နဲ့
တောင်တန်းတွေကြားမှာ သွားလာရမယ့် တောင်ကြီး – အင်းလေး – ကလောခရီးစဉ်ကို နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။
– ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၄ ညအိပ် ၅ ရက်)
ကုမ္ပဏီနဲ့ သင်တန်းကျောင်းတွေအတွက်လည်း အထူးသီးသန့်ဈေးနှုန်းနဲ့ စီစဉ်ဆောင်ရွက်ပေးပါတယ်။
အသေးစိတ်ကိုတော့ ဖုန်းဆက်မေးမြန်းနိုင်သလို Page Messenger မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်။
ရန်ကုန် – ပုဂံ – ညောင်ဦး – ပုပ္ပါး ခရီးစဉ်
– တစ်ဦးကို ၃၅၀,၀၀၀ ကျပ်
ရန်ကုန် – တောင်ကြီး – အင်းလေး – ကလော – ပင်းတယ – ရွာငံခရီးစဉ်
– တစ်ဦးကို ၃၈၀,၀၀၀ ကျပ်
လူဦးရေ (၃၅) ယောက်ပြည့်တာနဲ့ စတင်ထွက်ခွာတဲ့ SIC Tour
ပုပ္ပါးတောင်၊ မနူဟာဘုရား၊ သဗ္ဗညုဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ပြဿဒါးကြီး (ပြဿဒ်ကြီး)၊ ရွှေစည်းခုံစေတီ၊ အလိုတော်ပြည့်ဂူဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ လောကနန္ဒာ၊ တာမဏေသိမ်၊ ရွှေဆံတော်၊ ဓမ္မရာဇကဘုရားရှိ (၂) ဆူ အစရှိတဲ့ တန်ခိုးကြီးဘုရားအစုံနဲ့ လမ်းတစ်လျှောက် အထင်ကရနေရာတွေပါဝင်ပါတယ်။
အင်းလေးကန်၊ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်းကျောင်း၊ ယက်ကန်းရုံ၊ အေးသာယာဝိုင်ခြံ၊ စူဠာမုနိစေတီ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ ကလောဘူတာ၊ ကလောနာရီစင်၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ ပင်းတယ ရွှေဥမင်လှိုဏ်ဂူ၊ ကုံလုံဆရာတော်ကြီးစံကျောင်း၊ စဉ့်စေတီ၊ မိန်းမရဲသခင်မတောင်၊ မြင်းမူကုန်း၊ ယူကလစ်တန်း၊ သစ်ခြောက်ပင်၊ ရေပြာအိုင်၊ တောကြယ် ရေတံခွန် အစရှိတဲ့အထင်ကရနေရာတွေပါဝင်ပါတယ်။
Leave a reply