from 480 USD
Inquiry

ဗီယက်နမ် Hanoi – Halong – Danang (၄ ညအိပ် ၅ ရက်) ခရီးစဉ်

Hanoi – Halong Bay– Danang– Bana Hill – Hoi An
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

တစ်ယောက်ကို 𝗨𝗦𝗗 𝟰𝟴𝟬 တည်းနဲ့ ဗီယက်နမ်ရဲ့ နှလုံးသားမြို့တော် ဒါနန်းမြို့က ရိုးရာဓလေ့တွေ၊  

ဟနွိုင်း၊ ဟလောင်းတို့က ရှေးသမိုင်းကြောင်းတွေ၊ ဒေသတွင်းအလှတရားတွေကို သွားရောက်လေ့လာရမှာဖြစ်ပါတယ်။

တစ်ဦးလျှင်ဈေးနှုန်း  အမေရိကန်ဒေါ်လာ 480.00 (တစ်ခန်းလျှင် ၂ ဦးနှုန်း)

Highlights

  • ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Halong Bay တွင် (၄)နာရီခန့်ကြာ Private Cruise စီးရပါမယ်
  • ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တွေနဲ့ Thien Cung Cave တစ်လျှောက်လည်ပတ်ပြီး ဟိုချီမင်းဂူဗိမာန်၊ ဟိုချီမင်းအိမ်တော်တို့ကို လည်ပတ်ပါမယ်။
  • ဗီယက်နမ်နိုင်ငံရဲ့အကြီးမားဆုံး ကွမ်ရင်မယ်တော်ရုပ်ပွားတော်ကြီးရှိတဲ့ Linh Ung pagoda နဲ့
  • Sontra Peninsula တို့ကို သွားရောက်လည်ပတ်ပါမယ်။

Itinerary

Day 01: Hanoi Arrival

ဟနွိုင်းမြို့လေဆိပ်တွင ဒေသခံဧည့်လမ်းညွှန်မ လာရောက်ကြိုဆိုပြီးနောက တည်းခိုမည့်ဟိုတယ်ကို ပို့ဆောင်ပေးပါမယ်။ ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင ညစာသုံးဆောင်ကြပြီးနောက ဟိုတယ်ကို ပြန်ကာ အိပ်စက်အနားယူပါမယ်။ 

Day 02: Hanoi – Halong Bay(Day Trip)

ဟိုတယ်တွင မနက်စာသုံးဆောင်ကြပြီးနောက ကမ္ဘာ့အမွေအနှစ်စာရင်းဝင Halong Bay ကို ကားဖြင့်သွားရောက်ပါမယ်။ မြစိမ်းရောင်ပင်လယ်ပြင်တွင ပြန့်ကျဲတည်ရှိနေသော ကျွန်းပေါင်း(၁၆၀၀) ကျော်ဖြင့် အံ့မခန်းလှပနေသော Halong Bay တွင Private Cruise စီးပြီး ()နာရီခန့်ကြာအောင လည်ပတ်ကြပါမယ်။ ကျောက်စက်ပန်းဆွဲများ ကျောက်စက်မိုးမျှော်များဖြင့် ရင်သပ်ရှုမောဖွယ်ရာ Thien Cung ဂူ ဆန်းကြယ်သောပုံသဏ္ဌာန်ဖြင့် ပင်လယ်တွင်းမှထိုးထွက်နေသော Ga Choi islet တို့ကိုသွားရောက်လည်ပတ်ပါမယ်။ နေ့လယ်စာအား သင်္ဘောပေါ်တွင လတ်ဆတ်သော ပင်လယ်စာ ဟင်းလျာများဖြင့် သုံးဆောင်ပါမယ်။ ထို့နောက်ဟနွိုင်းမြို့သို ပြန်လည်ထွက်ခွာကြပြီး လမ်းခရီးတွင ဝါးဖြင့်ပြု လုပ်သော လက်မှုအနုပညာများကို လေ့လာနိုင်သည့် Bamboo Shop သို ဝင်ရောက လည်ပတ်ပါမယ်။ ဆက်လက်၍ အချိန်ရသေးလျှင် နာမည်ကျော Hanoi Train Street ကို သွားရောက ကြပြီးနောက ညစာသုံးဆောင်ကာ ဟိုတယ်သို့ပြန်၍ အိပ်စက်အနားယူပါမယ်။ 

Day 03: Hanoi – Danang

မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက ဟိုချီမင်းဂူဗိမာန်၊ ဟိုချီမင်းအိမ်တော်၊ ရှေးဟောင်းသမိုင်းဝင One-Pillar Temple နှင့် ဗီယက်နမ်နိုင်ငံ ပထမဦးဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature တို့ကို သွားရောက်လည်ပတ်ပါမယ်။ ထို့နောက ဟင်းပွဲပေါင်း(၂၀၀)ကျော်ကို ဘူဖေးတည်ခင်းသော Sen Tay Ho restaurant တွင နေ့လယ်စာသုံးဆောင်ကြပါမယ်။ ဆက်လက်၍ St.Joseph Cathedral, Hoang Kiem Lake နှင့် ဟနွိုင်းရှေးဟောင်းရပ်ကွက်တို့သို လည်ပတ်ကြပါမယ်။ ညနေပိုင်းတွင ဒါနန်းမြို့သို့သွားရောက်ရန လေဆိပ်သို့ပို့ဆောင်ပေးပါမယ်။ ဒါနန်းမြို့သို့ရောက်လျှင် Love Bridge, Dragon Bridge, Dragon Garden တို့သို သွားရောက်လည်ပတ်ကြပြီးနောက ညစာကို Steam Hot pot and Seafood restaurant တွင်သုံးဆောင်ကြပါမယ်။ ထို့နောက ဟိုတယ Check-in ဝင်ပြီး တစ်ညတာအိပ်စက်အနားယူပါမယ်။ 

Day 04: Danang – Bana Hill – Hoi An

မနက်စာကို ဟိုတယ်တွင်သုံးဆောင်ကြပြီးနောက် Bana Hill သို့သွားရောက်ကြပြီး ကမ္ဘာ့အဆင့်() ရရှိထားသော ကေဘယ်ကားဖြင့် တောင်ထိပ်သို့သွားရောက်ကြပါမယ်။ ထို့နောက် ဒါနန်းမြို့၏ နာမည်ကျော် ရွှေလက်တံတားအပါအဝင် Linh Ung Pagoda, Old villas of French, Old Wine Tunnel, Orchid Garden အစရှိသည့်နေရာများသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံ များ ရိုက်ကူးကြပါမယ်။ ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံး Indoor Game ရုံကြီးတွင် မိမိအစီအစဉ် ဖြင့် ဂိမ်းများကိုလည်း ပါဝင်ကစားနိုင်ပါတယ်။ နေ့လယ်စာကို Lavender Restaurant တွင်သုံးဆောင် ပြီးနောက်ဟွိုင်အန်းမြို့သို့သွားရောက်ပါမယ်။    ထို့နောက် Thu Bon မြစ်ပေါ်တွင် ဗီယက်နမ်ရိုးရာ Bamboo Basket Boat များစီးပြီး ဧက(၁၀၀)နီးပါး မျှကျယ်သော Bay Mau Coconut Forest ကိုလည်ပတ်ကြပါမယ်။ ထို့နောက် ရှေးဟောင်းတရုတ်ရိုးရာ အဆောက်အဦးများရှိသော ဟွိုင်အန်းမြို့တွင်းရှိ Chinese Assembly Hall, Japanese Covered Bridge တို့ဆီကိုသွားရောက်လည်ပတ်ပါမယ်။ မြစ်အတွင်း အပျော်စီးလှေစီးပြီး မီးပုံးများလွှတ်ခြင်းကိုလည်း မိမိအစီအစဉ်ဖြင့် ပြုလုပ်နိုင်ပါတယ်။ ညစာကို BBQ ဘူဖေးသုံးဆောင်ကြပြီးနောက် ဒါနန်းမြို့သို့ပြန်ကာ ဟိုတယ်တွင် အိပ်စက်အနားယူကြပါမယ်။ 

Day 05: Danang – Hanoi – Departure

ဟိုတယ်တွင်မနက်စာသုံးဆောင်ကြပြီးနောက ဒါနန်းမြို့၏နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်သော My Khe beach, ဗီယက်နမ်နိုင်ငံ၏အကြီးမားဆုံး ကွမ်ရင်မယ်တော်ရုပ်ပွားတော်ကြီးရှိသည့် Linh Ung pagoda နှင့် Sontra Peninsula တို့ကိုသွားရောက်လည်ပတ်ကြပါမယ်။ နေ့လယ်စာကို ဒေသ စားသောက်ဆိုင တစ်ဆိုင်တွင သုံးဆောင်ကြပြီးနောက ဟနွိုင်းမြို့သို့ထွက်ခွာရန လေဆိပ်သို ပို့ဆောင်ပေးပါမယ်။ ဟနွိုင်းမြို့သို့ရောက်လျှင် ရန်ကုန်မြို့သို လေယာဉ်ဖြင့်ဆက်လက်ထွက်ခွာပြီး ရန်ကုန်မြို့သို ညပိုင်းတွင်ပြန်လည်ရောက်ရှိကာ ခရီးစဉ်ပြီးဆုံးပါမယ်။ 

Included/Excluded

  • ကြယ် ၃ ပွင့်အဆင့်ရှိဟိုတယ်တွင် ၄ ညတည်းခိုခွင့်
  • သီးသန့်အဲကွန်းကားဝန်ဆောင်မှု
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • အတွေ့အကြုံရှိ မြန်မာ Tour Leader
  • ဘန်နာဟေးကေဘယ်ကားစီးနင်းခွင့်
  • ဘန်နာဟေးတွင်ဂိမ်းကစားခွင့်
  • ခရီးစဉ်တွင်ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • ခရီးသွားအာမခံ
  • လူတစ်ဦးလျှင် နေ့စဉ်သောက်ရေသန့်(၂)ဘူး
  • ခရီးစဉ်တွင်ဖော်ပြထားသော မနက်စာ၊ နေ့လယ်စာနှင့် ညစာများ
  • ဗီယက်နမ်ရိုးရာဦးထုပ်လက်ဆောင်
  • International/ Domestic လေယာဉ်လက်မှတ်များ
  • ဧည့်လမ်းညွှန်နှင့် ကားဆရာအတွက် tips
  • ခရီးစဉ်တွင်ဖော်ပြမထားသော အစားအသောက်နှင့် အဖျော်ယမကာများ
  • ကိုယ်ပိုင်အသုံးစရိတ်များ

Tour's Location

Hanoi – Halong Bay– Danang– Bana Hill – Hoi An

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 480 USD

Inquiry



    You might also like