from 1,160 USD
Inquiry

ဘူတန်ခရီးစဉ်

Bhutan
0/5
Duration

5D 4N

Tour Type

Daily Tour

Group Size

10 people

Languages

English, Myanmar

Overview

ကမ္ဘာလှည့်ခရီးသွားများအကြား အလွန်ရေပန်းစားပြီး သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနဲ့ ကမ္ဘာ့အငြိမ်းချမ်းဆုံး မြို့တစ်မြို့ဖြစ်တဲ့ “ဘူတန်”ကို သွားရောက်လည်ပတ်ကြမယ်။  

 ရှေးဟောင်းစေတီပုထိုးတွေ၊ ဟိမဝန္တာရေခဲတောင်ထိပ်ရှုခင်းတွေနဲ့ အေးချမ်းတည်ငြိမ်မှုကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။  

Highlights

  • ဗဟိုအုပ်ချုပ်ရေးနှင့် ဘာသာရေးခံတပ်တစ်ခုဖြစ်သော Tashichhoe Dzong
  • Thimphu ချိုင့်ဝှမ်းမှာရှိတဲ့ အမြင့်ပေ ၅၄ မီတာရှိပြီး Buddha Point လို့နာမည်ကြီးတဲ့ Kuenselphodrang ဘုရားကြီး
  • ဘူတန်နိုင်ငံ တတိယမင်းဆက် တည်ဆောက်ခဲ့တဲ့ King's Memorial Chorten ဘုရားကျောင်း
  • ဟိမဝန္တာရေခဲတောင်ထိပ်ရှုခင်းတွေကို ရင်သပ်ရှုမောဖွယ်ခံစားနိုင်ပြီး စေတီပေါင်း ၁၀၈ ဆူရှိတဲ့ Dochula Pass တောင်တန်း
  • ကလေးမွေးဖွားတဲ ကျောင်းတော် အဖြစ်နာမည်ကြီးတဲ့ Chimi Lhakhang ကျောင်းတော်
  • ကြီးကျယ်ခမ်းနားတဲ့ 𝗣𝘂𝗻𝗮𝗸𝗵𝗮 𝗗𝘇𝗼𝗻𝗴
  • ရှေးဟောင်း Thangkha ပန်းချီများ၊ သဘာဝနှင့် သမိုင်းဝင်ရှေးဟောင်းပစ္စည်းတွေကို မြင်တွေ့လေ့လာရမယ့် Ta Dzong အမျိုးသားပြတိုက်
  • ကျောက်မျက်ရတနာပုံခံတပ်လို့ နာမည်ကျော်တဲ့ 𝗥𝗶𝗻𝗽𝘂𝗻𝗴 𝗗𝘇𝗼𝗻𝗴
  • Shapeတိဗက်ဘုရင် Songtsen Gampo တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်း 108 ခုထဲက တစ်ခုဖြစ်တဲ့ 𝗞𝘆𝗶𝗰𝗵𝘂 𝗟𝗵𝗮𝗸𝗵𝗮𝗻𝗴
  • ပေပေါင်း ၁၀,၀၀၀ ကျော်မြင့်တဲ့ တောင်ပေါ်ကျောက်နံရံကြားက 𝗧𝗶𝗴𝗲𝗿'𝘀 𝗡𝗲𝘀𝘁 ဘုရားကျောင်း

Itinerary

Day 1

Arrive Paro by Air & Transfer to Thimphu 

Paro မြို့သို့သွားသောလေယာဉ်သည် ဟိမဝန္တာတောင်တန်းတစ်လျှောက်ပျံသန်းရင်း စွဲမက်ဖွယ်ကောင်းသောရှုခင်းများကိုခံစားကာ ရောက်ရှိပါမယ်။ လေယာဉ်ပေါ်မှဆင်းသည်နှင့် အေးမြပြီးသန့်ရှင်းလတ်ဆတ်သောလေကို ကြည်နူးစွာခံစားနိုင်မှာဖြစ်ပြီး ဒေသခံဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုမှာပါ။ ဘူတန်နိုင်ငံ၏မြို့‌တော် Thimphu သို့ သွားရာလမ်းခရီးရှိ မြစ်ဆုံ Chhuzom တွင် ခေတ္တခဏရပ်နားပြီး တိဘက်ယဉ်ကျေးမှု၊ နီပေါယဉ်ကျေးမှုနှင့် ဘူတန်ယဉ်ကျေးမှုများပေါင်းဆုံရှာ စေတီပုထိုးများအားလေ့လာကြည့်ရှုရင်း အမှတ်တရဓာတ်ပုံများ ရိုက်ပါမယ်။ Thimphu မြို့သို့ရောက်သည်နှင့် ဟိုတယ်သို့ Check in ဝင်ကာ ခေတ္တအနားယူပါမယ်။ ထို့နောက် ဘုန်းကြီးကျောင်းများ၊ ဘုရင်မင်းမြတ်၏ပလ္လင်တော်အခန်းနှင့်အစိုးရရုံးများ၊ ဆရာတော်ကြီးများ နွေရာသီ သီတင်းသုံးနေထိုင်ရာနေရာဖြစ်သည့် Trashichhoedzong သို့သွားရောက်လည်ပတ်ပါမယ်။ ညနေပိုင်းတွင် Thimphu မိန်းလမ်းမ နှင့် ဈေးတစ်လျှောက်လမ်းလျှောက် ဘူတန်၏ ရိုးရာအနုပညာလက်ရာများကို ကြည့်ရှုရန် Local Crafts Bazaar သို့ သွားရောက်လည်ပတ်ပါမယ်။ Thimphu မြို့ရှိ ဟိုတယ်တွင် တစ်ညတာအနားယူအိပ်စက်ပါမယ်။ 

Day 2

Thimphu – Punakha  

နံနက်စာသုံးဆောင်ပြီးနောက် Buddha Point (Kuensei Phodrang) သို့သွားရောက်လည်ပတ်ပြီး Buddha Point (Kuensel Phodrang) မှ Thimphu ချိုင့်ဝှမ်းကို လေ့လာကြည့်ရှုကြပါမယ်။ ထို့နောက် Dochula Pass ကိုဖြတ်၍ Punakha သို့ဆက်လက်ထွက်ခွာပါမယ်။ ဟိုတယ်တွင် check-in ဝင်ပြီးနောက် ဆက်လက်၍ မြစ်နှစ်စင်းဆုံရာတွင်တည်ဆောက်ထားပြီး ၁၉၅၅ခုနှစ်ထိ ဘူတန်နိုင်ငံ၏မြို့တော်ဖြစ်ခဲ့သည့် ဆောင်းရာသီတွင် ဘုန်းကြီးများ၏ သီတင်းသုံးနေထိုင်ရာနေရာအဖြစ်ဆက်လက်တည်ရှိနေတဲ့ Punakha မြို့ရှိ Punakha Dzong သို့သွားရောက်လည်ပတ်ပါမယ်။ ထိုညအား Punakha မြို့ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ရမှာဖြစ်ပါတယ်။ 

Day 3

Punakha – Paro (120 Kms / 4.5 hrs drive) 

နံနက်စာသုံးဆောင်ပြီးနောက် Chimi Lhakhang သို့တစ်ရက်တာအပျော်ခရီး ထွက်ပါမယ်။ Chimi Lhakhang ဟာ “The Temple of Fertility” ဟုလူသိများသည့် ချိုင့်ဝှမ်း၏အလယ်တောင်ကုန်းပေါ်တွင်ရှိပါတယ်။ ဤဘုရားကျောင်းသည် ကလေးမရနိုင်သောစုံတွဲများ လာရောက်ဆုတောင်းပါက မကြာမီကလေးရရှိနိုင်သည်ဟု ယုံကြည်ကြပါတယ်။ ထို့နောက် Paro မြို့သို့ လှပသောအဝေးပြေးလမ်းတစ်လျှောက်မောင်းနှင်ပြီး ၁၆၂၇ ခုနှစ်တွင်တည်ဆောက်ထားသော နိုင်ငံ၏ရှေးအကျဆုံးခံတပ်ဖြစ်သည့် Simtokha Dzong သို့ဝင်ရောက်လည်ပတ်ပါမယ်။ Paro မြို့သို့ရောက်သောအခါ ဟိုတယ်သို့ check-in ဝင်ပါမယ်။ နေ့လည်စာသုံးဆောင်ပြီးနောက် Watchtower အဖြစ်မူလကတည်ဆောက်ခဲ့သော်လည်း ယခုအခါ National Museum ဖြစ်သည့် Ta Dzong သို့သွားရောက်လည်ပတ်ပါမယ်။ Paro မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမယ်။ 

Day 4

Paro 

နံနက်စာသုံးဆောင်ပြီးနောက် ၅ နာရီခန့်လမ်းလျှောက်ကာ ဘူတန်နိုင်ငံရှိကျော်ကြားသောဘုန်းကြီးကျောင်းများထဲမှတစ်ခုအပါအဝင်ဖြစ်သည့် Paro တောင်ကြားကြမ်းပြင်အထက် မီတာ၉၀၀ အထက်တွင်ရှိသော ချောက်ကမ်းပါးပေါ်တွင်တည်ရှိသည့် Taktshang Monastery or Tiger’s Nest သို့သွားရောက်လေ့လာပါမယ်။ မွန်းလွဲပိုင်းတွင် လွန်ခဲ့သောရာစုနှစ်များစွာက တိဗက်ကျူးကျော်သူများကိုတိုက်ခိုက်ခဲ့သော ပျက်စီးနေသည့်ခံတပ်ရှိရာ Drukgyel Dzong သို့သွားရောက်ပါမယ်။ ညနေပိုင်းတွင် တိဗက်ဘုရင် Songtsen Gampo က ဟိမဝန္တာတောင်တန်းတွင် တည်ဆောက်ခဲ့သော ဘုရားကျောင်း ၁၀၈ ခုထဲမှတစ်ခုဖြစ်သည့် Kyichu Lhakhang သို့သွားရောက်လည်ပတ်ပါမယ်။ Paro မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမယ်။ 

Day 5

Depart Paro by Air 

ဟိုတယ်တွင်နံနက်စာသုံး‌ဆောင်ပြီးနောက် အပြန်ခရီးစဉ်စတင်ကာ Paro လေဆိပ်မှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကာ ခရီးစဉ်လေးပြီးဆုံးမည်ဖြစ်ပါတယ်။ 

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ဟိုတယ်များတွင် (၀၄) ညတာတည်းခိုခွင့် (တစ်ခန်းလျှင် ၂ ဦး သို့မဟုတ် ၃ ဦးနှုန်းဖြင့်)
  • ခရီးစဉ်တွင်ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက်ဖော်ပြထားသော လည်ပတ်မှုများ
  • ခရီးစဉ်တစ်လျှောက် English Guide ဝန်ဆောင်မှု
  • Daily Government Royalties and Taxes (USD 100 per person per night)
  • ဘူတန် Visa (40 USD per person)
  • Insurance fee for 10 USD per person for apply visa
  • ခရီးစဉ်တွင် ဖော်ပြထားသော ဝင်ကြေးများ
  • နေ့စဉ်အတွက် တစ်ဦးလျှင် ရေ (၂) ဗူးစီ
  • ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ် နှင့် Airport Tax မဆို
  • ခရီးစဉ်တွင်ဖော်ပြထားခြင်းမရှိသော အပိုလည်ပတ်မှုများနှင့် အပိုသုံးစွဲမှုများ (alcoholic / non – alcoholic)
  • Tips for driver & guide
  • ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အစားအသောက်နှင့် အဖျော်ယမကာ
  • ဟိုတယ်များတွင်မှာယူသုံးစွဲသော ကိုယ်ပိုင်အသုံးစရိတ်များ (like tipping, laundry, Telephone/fax calls, camera/video fees etc)
  • မိမိတို့ ခရီးသွားကုမ္ပဏီများမှ ထိမ်းချုပ်၍မရနိုင်သည့် လေယာဉ်ခရီးစဉ်အချိန်အပြောင်းအလဲနှင့် နောက်ကျမှုများ၊ ရာသီဥတုအခြေအနေ၊ နိုင်ငံရေးအခြေအနေများ အစရှိသဖြင့်

Tour's Location

Bhutan

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,160 USD

Inquiry



    You might also like