from 3,172,500 MMK
Inquiry

Yangon – Danang Tour Package

Yangon - Danang
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

တစ်ဦးလျှင်ဈေးနှုန်း

USD 705 (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

ခရီးစဉ်ထွက်ခွာမည့်ရက်: ဧပြီလ ၀၂ ရက်နေ့မှ ၀၅ ရက်အထိ

***ခရီးစဉ်အတွက် သတ်မှတ်လူဦးရေ (၁၀) ဦးပြည့်မှသာ ထွက်ခွာမည်ဖြစ်ပါသည်။***

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ရန်ကုန် - ဒါနန်း (-/ -/ညစာ)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာပါမည်။ ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ထိုမှတဆင့် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဒါနန်းဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day-2 ဒါနန်း - ဟွေအမ်း - ဒါနန်း (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် 67 မီတာ အမြင့်ရှိပြီး ဗီယက်နမ်နိုင်ငံတွင် အမြင့်ဆုံးဘုရားကျောင်းတစ်ခု လည်းဖြစ်ရာ Son Tra ကျွန်းဆွယ်ရှိ ဆုတောင်းပြည့် ကွမ်ရင်မယ်တော်ဘုရားကျောင်းသို့ သွားရောက် လေ့လာလည်ပတ်ပါမည်။ ထိုမှတဆင့် ဗီယက်နမ်လူမျိုးများအကြား Social media တွင် အလွန်ခေတ်စားနေသည့် ချစ်စရာကော်ဖီဆိုင်တစ်ခုဖြစ်သည့် Sontra Marina Café သို့သွားရောက်ကာ ကော်ဖီချစ်သူများအနေဖြင့်

အရသာရှိလှသောကော်ဖီများအား (မိမိတို့၏ကိုယ်ပိုင်စိတ်ကြိုက်အစီအစဉ်များဖြင့်) သုံးဆောင်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။

ထို့နောက် ဝါးဖြင့်ပြုလုပ်ကာ ရေစိုခံပြီး လှေအတွင်းရေမဝင်နိုင်ရန် ကတ္တရာစေးဖြင့် လှေပတ်ပတ်လည် သုတ်လိမ်းထားသည့် ဗီယက်နမ်ရိုးရာဝါးလှေ Bamboo Basket Boat ခေါ် Thung Chai များစီးကာ Thu Bon မြစ်အတွင်းရှိ Bay Mau Coconut တောသို့ ရင်ခုန်ပျော်ရွှင်စွာ လှေစီးကာ သွားရောက်လေ့လာကြပါမည်။ ထိုမှတဆင့် ၁၅ ရာစုမှ ၁၉ ရာစုအတွင်း အရှေ့တောင်အာရှ၏ ကုန်သွယ်ဆိပ်ကမ်းမြို့အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ယူနက်စကိုအသိအမှတ်ပြုခြင်းခံရသည့် Hoi An မြို့သို့ သွားရောက်ကြပါမည်။ တရုတ်အစည်းအဝေးခန်းမများနှင့် ဘုရားကျောင်းများ၊ ဂျပန်စတိုင်တံတားများ အစရှိသဖြင့် ဗီယက်နမ်၊ တရုတ်၊ ဂျပန် လူမျိုးတို့၏ ဗိသုကာလက်ရာအဆောက်အဦးများစွာဖြင့် ရင်သပ်ရှုမောဖွယ်ရာကောင်းလှသည့် Hoi An မြို့လေးအတွင်း ပျော်ရွှင်စွာ လေ့လာလည်ပတ်ကြပါမည်။ အဖွဲ့လိုက်လှေစီးရင်း လှေပေါ်မှတဆင့် မီးပုံပျံလွှတ်ခြင်းအား မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်ပါမည်။ ဒါနန်းသို့ အပြန်လမ်းရှိ ဒေသစားသောက်ဆိုင်တွင် ဘူဖေးညစာအား သုံးဆောင်ပြီးနောက် ဒါနန်းမြို့ရှိဟိုတယ်တွင် ပြန်လည်အနားယူအိပ်စက်ပါမည်။

Day -3 ဒါနန်း - Bana Hill - ဒါနန်း (နံနက်စာ/ နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒါနန်းမြို့မှ ၃၀ ကီလိုမီတာအကွာအဝေးတွင်ရှိသည့် Bana Hill သို့ ထွက်ခွာပါမည်။ ကမ္ဘာ့နံပါတ်အဆင့် ၅ အဖြစ် သတ်မှတ်ထားသည့် ကေဘယ်လ်ကားစီးပြီး By Night Station တွင် ရပ်ကာ Vong Nguyet တောင်၊ ဆုတောင်းပြည့် ဘုရားကျောင်း Linh Ung၊ ပြင်သစ်ရှေးဟောင်းရွာ The Old Villas of French တို့အား သွားရောက် လည်ပတ်ပါမည်။

ပြီးနောက် ကေဘယ်လ်ကားဖြင့် Bana Hill ထိပ်ရှိ Nui Chua Mountain သို့ ဆက်လက်ထွက်ခွာပြီး Nginh Phong top, Le Nim Villas, Old wine tunnel, Orchid Garden… အစရှိသည်တို့အား ပျော်ရွှင်စွာလည်ပတ်ရင်း ဗီယက်နမ်နိုင်ငံ၏တတိယအကြီးဆုံး Indoor Game Zone တစ်ခုဖြစ်ရာ Fantasy Park အတွင်း သတ်မှတ်ထားသော ကစားနည်းများအား စိတ်ကြိုက်ပျော်ရွှင်စွာ ကစားကြပါမည်။ (series of interesting games: 4D film, skiver, Golden hand) ဘူဖေးနေ့လည်စာအား Lavender restaurant တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။

ညနေပိုင်းတွင် ဒါနန်းမြို့သို့ပြန်လည်ထွက်ခွာပြီး My Khe ကမ်းခြေ၊ အချစ်တံတား၊ နဂါးတံတား၊ Apec Garden တို့သို့ သွားရောက်လည်ပတ်ကြပါမည်။

ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်အနားယူအိပ်စက်ပါမည်။

Day-4 ဒါနန်း - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး check out ပြုလုပ်ကာ စကျင်တောင် (Marble Mountain)၊ Non Nuoc ကျောက်တုံးကျေးရွာတို့သို့ သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Than Dua စျေးနှင့် Han market ၊ Vincome Plaza သို့ သွားရောက်ကာ စိတ်ကြိုက်ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် လေဆိပ်သို့ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညနေစာအား check in ဝင်ပြီးနောက် လေဆိပ်အတွင်းရှိဆိုင်များတွင် မိမိတို့၏ စိတ်ကြိုက်ကိုယ်ပိုင်အစီအစဉ်များဖြင့် သုံးဆောင်ကြပါမည်။ ထိုမှတဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များတွင် (၃) ညတာ တည်းခိုခွင့် (Twin/ Double/ Triple Sharing)
  • လေယာဉ်လက်မှတ်
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con Car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ြပထားသော နံနက်စာ(B)၊ နေ့လည်စာ(L)၊ ညစာ(D)
  • ခရီးစဉ်အတွင်း ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • Tipping for Local Guide & Driver

Tour's Location

Yangon - Danang

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 3,172,500 MMK

Inquiry



    You might also like