from 0 review
4D 3N
Specific Tour
1 person
English, Myanmar
ခရီးစဉ်ထွက်ခွာမည့်ရက် – ဖေဖော်ဝါရီလ ၂၄ – ၂၈ ရက်/ မတ်လ ၁၂ – ၁၆ ရက်
TOUR PRICE PER PERSON WITH TWIN/ DOUBLE OR TRIPLE SHARING ROOM | |||||||
---|---|---|---|---|---|---|---|
4* Hotel (WITHOUT Tour Leader under 10 pax) & (WITH Tour Leader Above 10 pax) | 2 pax | 4 pax | 7 pax | 10 pax | 13 pax | 16 pax | Single Supplement |
USD 725 | USD 533 | USD 440 | USD 499 | USD 444 | USD 422 | USD 109 |
Hotel Information | ||
---|---|---|
4 Star | Hanoi | A25 Luxury hotel (or) similar |
4 Star | Halong Bay | Marina ha long hotel **** Or similar |
No reservation has been made at this stage and confirmation may be subject to availability.
Flight Information | |||||
---|---|---|---|---|---|
Date | Flight No. | Sector | Etd | Eta | Estimated Price (USD) |
24 Feb | 8M 450 | RGN-HAN | 16:35 | 19:05 | USD 260 ~ USD 350 |
28 Feb | 8M 451 | HAN-RGN | 20:05 | 21:35 | |
12 Mar | 8M 450 | RGN-HAN | 16:35 | 19:05 | USD 260 ~ USD 350 |
16 Mar | 8M 451 | HAN-RGN | 20:05 | 21:35 |
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
· Noi Bai International airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ညစာသုံးဆောင်ရန်အတွက် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။
· ထိုမှတဆင့် ဟိုတယ်သို့ Check in ဝင်ရန် ပို့ဆောင်ပေးပြီး Hanoi မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟလောင်းဘေသို့ ထွက်ခွာရာလမ်းခရီးရှိ အလွန်လှပသော သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေသည့် နင်းဘင်မြို့သို့ ထွက်ခွာပါမည်။ ကြီးကျယ်ခမ်းနားလှသော ဗိသုကာလက်ရာများဖြင့် ပြည့်နှက်နေပြီး ခမ်းနားလှသော အဆောက်အအုံကြီးတစ်ခုလည်းဖြစ်သည့် ဆုတောင်းပြည့် Bai Dinh Pagoda သို့ သွားရောက်လည်ပတ်ကာ လေ့လာကြပါမည်။
· နေ့လည်စာအား Ninh Binh ရှိ ဒေသစားသောက်ဆိုင်တွင် ပျော်ရွှင်စွာသုံးဆောင်ပြီးနောက် သဘာဝအလှတရားများဖြင့် လွန်စွာဆွဲဆောင်မှုရှိလှသော ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ရာ UNESCO အသိအမှတ်ပြု Trang An သို့ သွားရောက်ကြပါမည်။
· ဗီယက်နမ်လူမျိုးများကိုယ်တိုင်လှော်ခတ်ပေးသော ဗီယက်နမ်ရိုးရာလှေများဖြင့် Sang Cave၊ Toi Cave၊ Ba Giot Cave နှင့် Nau Ruou Cave ကဲ့သို့သော ဂူများအကြား ပျော်ရွှင်စွာလှေစီးရင်း သဘာဝ၏လျှို့ဝှက်ဆန်းကြယ်သောအလှတရားတို့ကို ခံစားနိုင်ပါမည်။
· ထိုမှတဆင့် ဟလောင်းဘေသို့ ဆက်လက်ထွက်ခွာကြပါမည်။
· ဟလောင်းမြို့ရှိ ဟိုတယ်သို့ Check in ဝင်ပြီးနောက် အရသာရှိလှသော ဘူဖေးညစာအား ဒေသစားသောက်ဆိုင်တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။
· ညစာသုံးဆောင်ပြီးနောက် ဟလောင်းရှိ ညဈေးတွင် မိမိတို့စိတ်ကြိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။
· ဟလောင်းမြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ရာ ဟလောင်းဘေအတွင်း သီးသန့် Cruise ဖြင့် ၄ နာရီကြာမျှသွားရောက်လည်ပတ်နိုင်ရန် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးပါမည်။
· ဟလောင်းဘေရှိ အံ့ဩဖွယ်ရာ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်သော Thein Cung Cave သို့ သွားရောက်လည်ပတ်ရင်း ထူးခြားဖွယ်ရာ သဘာဝအမွေအနှစ်များကို ခံစားရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။
· ထိုမှတဆင့် ဟလောင်းဆိပ်ကမ်းသို့ ပြန်လာရာလမ်းတွင် Cruise ပေါ်၌ နေပူစာလှုံရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ လတ်ဆတ်သော ပင်လယ်စာများဖြင့် တည်ခင်းဧည့်ခံထားသည့် နေ့လည်စာအား Cruise ပေါ်တွင် သုံးဆောင်ကြပါမည်။
· ဟလောင်းမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် နေ့လည်ပိုင်း ၃း၃၀ နာရီတွင် Sun World Ha Long Amusement Park သို့ Cable car စီးကာ သွားရောက်လည်ပတ်ကြပါမည်။ (ဝန်ဆောင်မှုတွင် Sun Wheel, Zen Garden, and Mystic Mountain Fun Park. Samurai Slide, the Wax Museum and 12D Cinema တို့ပါဝင်ပြီးဖြစ်ပြီး) အခြားကစားနည်းများ ထပ်မံကစားလိုပါက မိမိတို့၏ကိုယ်ပိုင်အစီအစဉ်များဖြင့် ထပ်မံကစားနိုင်မည်ဖြစ်ပါသည်။
· အရသာရှိလှသော ဘူဖေးညစာအားသုံးဆောင်ပြီးနောက် မိမိတို့၏ကိုယ်ပိုင်အချိန်များအား ဟလောင်းညဈေး၌ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။
· ထို့နောက် ဟလောင်းမြို့ရှိဟိုတယ်တွင် ပြန်လည်အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာကြပါမည်။
· လမ်းခရီးရှိ Bamboo Shop တွင် အချိန်ရပါက ဗီယက်နမ်ရိုးရာ လက်မှုအနုပညာများအား လေ့လာရင်း ပျော်ရွှင်စွာဈေးဝယ်ကြပါမည်။
· ဟနွိုင်းမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ Check-in ဝင်ပါမည်။
· ညနေပိုင်းတွင် ဟနွိုင်းမြို့ဟောင်းဈေးသို့ လေ့လာလည်ပတ်ရင်း ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် အလွန်လှပသော မြို့လည်ရှိ Hoan Kiem Lake နှင့် Hanoi Train Street တို့သို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကြပါမည်။
· ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် အနားယူအိပ်စက်ပါမည်။
· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းမှ ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေး ကြေငြာစာတမ်းဖတ်ခဲ့ရာ Ba Dinh Square သို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ထိုမှတဆင့် ဟိုချီမင်းဂူဗိမာန်နှင့် သမ္မတဟိုချီမင်း၏နေအိမ်နှင့် ၁၁ ရာစုက လက်ရာတစ်ခုဖြစ်သည့် တိုင်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသော One Pillar Pagoda တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ပထမဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature နှင့် ပြင်သစ်အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည့် St. Joseph Cathedral တို့သို့ သွားရောက်လေ့လာကြပါမည်။
· လတ်ဆတ်သော ဟင်းအမျိုးပေါင်း ၂၀၀ ကျော်ဖြင့် လွန်စွာစုံလင်ပြီး ဗီယက်နမ်သို့ရောက်လျှင် မဖြစ်မနေသွားရောက်သုံးဆောင်သင့်သည့် အမှတ်တရတစ်ခုအဖြစ် တင်စားရလောက်သော Sen Buffet Tay Ho Restaurant တွင် နေ့လည်စာ သုံးဆောင်ကြပါမည်။
· ညနေပိုင်းတွင် အချိန်ရပါက Aeon Mall သို့ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။
· ထိုမှတဆင့် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply