from 1,953,000 MMK
Inquiry

ဗီယက်နမ် ဟနွိုင်း – နင်းဘင် – ထရမ်အမ်း – ဟလောင်း 5D 4N Tour

0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက် – ဖေဖော်ဝါရီလ ၂၄ – ၂၈ ရက်/ မတ်လ ၁၂ – ၁၆ ရက်

 

TOUR PRICE PER PERSON WITH TWIN/ DOUBLE OR TRIPLE SHARING ROOM
4* Hotel

(WITHOUT Tour Leader under 10

pax)

&

(WITH Tour Leader Above 10 pax)
2 pax4 pax7 pax10 pax13 pax16 paxSingle Supplement
USD 725USD 533USD 440USD 499USD 444USD 422USD 109

 

Hotel Information
4 StarHanoiA25 Luxury hotel (or) similar
4 StarHalong BayMarina ha long hotel **** Or similar

No reservation has been made at this stage and confirmation may be subject to availability.

 

Flight Information
DateFlight No.SectorEtdEtaEstimated Price (USD)
24 Feb8M 450RGN-HAN16:3519:05USD 260 ~ USD 350
28 Feb8M 451HAN-RGN20:0521:35
12 Mar8M 450RGN-HAN16:3519:05USD 260 ~ USD 350
16 Mar8M 451HAN-RGN20:0521:35

 

ငွေပေးချေမှု

  • ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့်တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သောသဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ရန်ကုန် - ဟနွိုင်း (- /- / ညစာ)

· Noi Bai International airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ညစာသုံးဆောင်ရန်အတွက် ဒေသစားသောက်ဆိုင်သို့ ပို့ဆောင်ပေးပါမည်။


· ထိုမှတဆင့် ဟိုတယ်သို့ Check in ဝင်ရန် ပို့ဆောင်ပေးပြီး Hanoi မြို့ရှိ ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက်ပါမည်။

Day-2 ဟနွိုင်း - နင်းဘင် - ထရမ်အမ်း - ဟလောင်း (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟလောင်းဘေသို့ ထွက်ခွာရာလမ်းခရီးရှိ အလွန်လှပသော သဘာဝရှုခင်းများဖြင့် ပြည့်နှက်နေသည့် နင်းဘင်မြို့သို့ ထွက်ခွာပါမည်။ ကြီးကျယ်ခမ်းနားလှသော ဗိသုကာလက်ရာများဖြင့် ပြည့်နှက်နေပြီး ခမ်းနားလှသော အဆောက်အအုံကြီးတစ်ခုလည်းဖြစ်သည့် ဆုတောင်းပြည့် Bai Dinh Pagoda သို့ သွားရောက်လည်ပတ်ကာ လေ့လာကြပါမည်။


· နေ့လည်စာအား Ninh Binh ရှိ ဒေသစားသောက်ဆိုင်တွင် ပျော်ရွှင်စွာသုံးဆောင်ပြီးနောက် သဘာဝအလှတရားများဖြင့် လွန်စွာဆွဲဆောင်မှုရှိလှသော ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ရာ UNESCO အသိအမှတ်ပြု Trang An သို့ သွားရောက်ကြပါမည်။


· ဗီယက်နမ်လူမျိုးများကိုယ်တိုင်လှော်ခတ်ပေးသော ဗီယက်နမ်ရိုးရာလှေများဖြင့် Sang Cave၊ Toi Cave၊ Ba Giot Cave နှင့် Nau Ruou Cave ကဲ့သို့သော ဂူများအကြား ပျော်ရွှင်စွာလှေစီးရင်း သဘာဝ၏လျှို့ဝှက်ဆန်းကြယ်သောအလှတရားတို့ကို ခံစားနိုင်ပါမည်။


· ထိုမှတဆင့် ဟလောင်းဘေသို့ ဆက်လက်ထွက်ခွာကြပါမည်။


· ဟလောင်းမြို့ရှိ ဟိုတယ်သို့ Check in ဝင်ပြီးနောက် အရသာရှိလှသော ဘူဖေးညစာအား ဒေသစားသောက်ဆိုင်တွင် ပျော်ရွှင်စွာသုံးဆောင်ကြပါမည်။


· ညစာသုံးဆောင်ပြီးနောက် ဟလောင်းရှိ ညဈေးတွင် မိမိတို့စိတ်ကြိုက် ပျော်ရွှင်စွာဈေးဝယ်ထွက်ပါမည်။


· ဟလောင်းမြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day-3 ဟလောင်းဘေ CRUISE – SUN WORLD - ဟလောင်း (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ရာ ဟလောင်းဘေအတွင်း သီးသန့် Cruise ဖြင့် ၄ နာရီကြာမျှသွားရောက်လည်ပတ်နိုင်ရန် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးပါမည်။


· ဟလောင်းဘေရှိ အံ့ဩဖွယ်ရာ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်သော Thein Cung Cave သို့ သွားရောက်လည်ပတ်ရင်း ထူးခြားဖွယ်ရာ သဘာဝအမွေအနှစ်များကို ခံစားရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။


· ထိုမှတဆင့် ဟလောင်းဆိပ်ကမ်းသို့ ပြန်လာရာလမ်းတွင် Cruise ပေါ်၌ နေပူစာလှုံရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။ လတ်ဆတ်သော ပင်လယ်စာများဖြင့် တည်ခင်းဧည့်ခံထားသည့် နေ့လည်စာအား Cruise ပေါ်တွင် သုံးဆောင်ကြပါမည်။


· ဟလောင်းမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် နေ့လည်ပိုင်း ၃း၃၀ နာရီတွင် Sun World Ha Long Amusement Park သို့ Cable car စီးကာ သွားရောက်လည်ပတ်ကြပါမည်။ (ဝန်ဆောင်မှုတွင် Sun Wheel, Zen Garden, and Mystic Mountain Fun Park. Samurai Slide, the Wax Museum and 12D Cinema တို့ပါဝင်ပြီးဖြစ်ပြီး) အခြားကစားနည်းများ ထပ်မံကစားလိုပါက မိမိတို့၏ကိုယ်ပိုင်အစီအစဉ်များဖြင့် ထပ်မံကစားနိုင်မည်ဖြစ်ပါသည်။


· အရသာရှိလှသော ဘူဖေးညစာအားသုံးဆောင်ပြီးနောက် မိမိတို့၏ကိုယ်ပိုင်အချိန်များအား ဟလောင်းညဈေး၌ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။


· ထို့နောက် ဟလောင်းမြို့ရှိဟိုတယ်တွင် ပြန်လည်အနားယူအိပ်စက်ပါမည်။

Day-4 ဟလောင်းဘေ - ဟနွိုင်း (နံနက်စာ/ နေ့လည်စာ/ ညစာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာကြပါမည်။


· လမ်းခရီးရှိ Bamboo Shop တွင် အချိန်ရပါက ဗီယက်နမ်ရိုးရာ လက်မှုအနုပညာများအား လေ့လာရင်း ပျော်ရွှင်စွာဈေးဝယ်ကြပါမည်။


· ဟနွိုင်းမြို့သို့ ပြန်လည်ရောက်ရှိပြီးနောက် နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ Check-in ဝင်ပါမည်။


· ညနေပိုင်းတွင် ဟနွိုင်းမြို့ဟောင်းဈေးသို့ လေ့လာလည်ပတ်ရင်း ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။ ထိုမှတဆင့် အလွန်လှပသော မြို့လည်ရှိ Hoan Kiem Lake နှင့် Hanoi Train Street တို့သို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကြပါမည်။


· ဒေသစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် အနားယူအိပ်စက်ပါမည်။

Day-5 ဟနွိုင်း - ရန်ကုန် (နံနက်စာ/ နေ့လည်စာ/ -)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းမှ ၁၉၄၅ ခုနှစ်တွင် လွတ်လပ်ရေး ကြေငြာစာတမ်းဖတ်ခဲ့ရာ Ba Dinh Square သို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ထိုမှတဆင့် ဟိုချီမင်းဂူဗိမာန်နှင့် သမ္မတဟိုချီမင်း၏နေအိမ်နှင့် ၁၁ ရာစုက လက်ရာတစ်ခုဖြစ်သည့် တိုင်တစ်လုံးတည်းဖြင့် တည်ဆောက်ထားသော One Pillar Pagoda တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ပထမဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature နှင့် ပြင်သစ်အနုပညာလက်ရာများဖြင့် ပြည့်နှက်နေသည့် St. Joseph Cathedral တို့သို့ သွားရောက်လေ့လာကြပါမည်။


· လတ်ဆတ်သော ဟင်းအမျိုးပေါင်း ၂၀၀ ကျော်ဖြင့် လွန်စွာစုံလင်ပြီး ဗီယက်နမ်သို့ရောက်လျှင် မဖြစ်မနေသွားရောက်သုံးဆောင်သင့်သည့် အမှတ်တရတစ်ခုအဖြစ် တင်စားရလောက်သော Sen Buffet Tay Ho Restaurant တွင် နေ့လည်စာ သုံးဆောင်ကြပါမည်။


· ညနေပိုင်းတွင် အချိန်ရပါက Aeon Mall သို့ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။


· ထိုမှတဆင့် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • သက်ဆိုင်ရာနိုင်ငံရှိ ဟိုတယ်များတွင် တည်းခိုခွင့် (နှစ်ဦးလျှင်တစ်ခန်းနှုန်း)နှင့် နံနက်စာသုံးဆောင်ခွင့်
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း သီးသန့် Air conditioner car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • နေ့စဉ်အတွက် တစ်ဦးလျှင် ရေ (၁) ဘူးစီ
  • ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း English Speaking Guide or Driver ဝန်ဆောင်မှု
  • Tipping for guide & driver (USD 3 per pax per day for 10 pax and above group)
  • ခရီးစဉ်တစ်လျှောက် Myanmar Tour Leader ဝန်ဆောင်မှု (ဧည့်သည် ၁၀ ဦးနှင့်အထက်အဖွဲ့များအတွက်သာ)
  • ရန်ကုန် - ဟနွိုင်း - ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော အစားအသောက်ဝန်ဆောင်မှုများ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • ခရီးသွားအာမခံဝန်ဆောင်မှု
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,953,000 MMK

Inquiry



    You might also like