from 6,000,000 MMK
Inquiry

စင်ကာပူ ခရီးစဉ် (၄ညအိပ်၅ရက်)

Singapore
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

15 people

Languages

English, Myanmar

Overview

Singapore Tour Package (4N5D)
Price : starting from USD 1200 per person
Travel Date : 15 Jan – 19 Jan 2025

Itinerary

Day (01) ရန်ကုန် - စင်ကာပူ ( - / - / D)

ရန်ကုန်လေဆိပ်မှ မနက်ပိုင်းတွင် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာပါမည်။ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် City Tour စတင်လည်ပတ်ပါမည်။ စင်ကာပူနိုင်ငံ၏ သင်္ကေတ ခြင်္သေ့ပုံတဝက် ငါးပုံတဝက် (8.5 m) အမြင့်ရှိသည့် Merlion ရုပ်တုရှိရာ Merlion Park, ဒူးရင်းသီးပုံ အမိုးခုံးဖြင့် ထူးခြားသည့် ဗိသုကာ လက်ရာရှိရာ Esplanade, စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ် တစ်ခုဖြစ်သည့် အနုပညာဖန်တီးတင်ဆက်ရာ နေရာဖြစ်သည့် Victoria Theater စသည့် နေရာများ သို့သွားရောက် လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day (02) စင်ကာပူ (Garden By the Bay: Super Tree Observatory+Cloud Forest Dome) ( B / L / D)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး‌နောက် စင်ကာပူနိုင်ငံ၏ နာမည်ကျော် လက်ဝတ်ရတနာများ ထုတ်လုပ်ရောင်းချသည့် Diamond Factory,  ဆေးဘက်ဝင်သည့် လိမ်းဆေးအမျိုးမျိုးရှိရာ Oil Shop သို့သွားရောက် လေ့လာပါမည်။ နေ့လည်စာကို Korean BBQ  ဖြင့်သုံးဆောင်ပြီး ဖန်တီးတည်ဆောက်ထားသည့် ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ် ဥယျာဉ်များထဲမှတစ်ခုဖြစ်သည့် Garden By the Bay သို့သွားရောက် လည်ပတ်ပါမည်။ ကြီးမားသည့် သစ်ပင်များကို ချိတ်ဆက်ဖန်တီးတည်ဆောက်ထားသည့် Super Tree Observatory တွင် လည်ပတ်ပြီး  Marina Bay ၏အလှကို ကြည့်ရှုခံစားကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် ကမ္ဘာ့အမြင့်ဆုံး indoor waterfall များထဲမှ တစ်ခုဖြစ်သည့် Cloud Forest Dome တွင် လည်ပတ်ပါမည်။ ညစာကို  Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day (03) စင်ကာပူ (Universal Studio + Wings of Time Show) ( B / L _Meals Coupon / D)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် စင်ကာပူနိုင်ငံ၏ နာမည်ကျော် လူကြီးရော ကလေးပါ ကြိုက်နှစ်သက်သည့် Universal Studio သို့သွားရောက် လည်ပတ်ပါမည်။ ကစားကွင်းအတွင်း စိတ်လှုပ်ရှားဖွယ်ကောင်းသော riders မျိုးစုံ၊ ကစားနည်းမျိုးစုံ၊ Show ပွဲမျိုးစုံ၊ 4D ,  5D show များ စသည်တို့ကို လည်ပတ်ကြည့်ရှုပြီး အနားယူအပန်းဖြေပါမည်။ နေ့လည်စာကို ကစားကွင်းအတွင်း Meals Coupon ဖြင့်သုံးဆောင် ပါမည်။ ညနေပိုင်းတွင် ကစားကွင်းမှ ပြန်လည်ထွက်ခွာပါမည်။ ညစာကို Local Restaurant တွင် Buffet ဖြင့် သုံးဆောင်ပြီး‌နောက် ပင်လယ်ပြင်ကို နောက်ခံထားပြီး ရေပန်း၊ လေဆာမီး၊ မီးပန်းများဖြင့် ပေါင်းစပ်ဖန်တီး တင်ဆက်သည့် Wings of Time Show ကိုကြည့်ရှုပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day (04) စင်ကာပူ (Buddha Tooth Temple +Bugis+Orchard Road) ( B / L / D)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် China Town ရှိ ဗုဒ္ဓစွယ်တော်မြတ်ကို သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် စင်ကာပူနိုင်ငံ အမှတ်တရ ပစ္စည်းများနှင့် ရိုးရာအစားအသောက်များရှိရာ နာမည်ကျော်  Shopping နေရာတစ်ခုဖြစ်သည့် Bugis တွင် စိတ်ကြိုက် ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာကို  Local Restaurant တွင်သုံးဆောင်ပြီးနောက်  Branded ပစ္စည်းမျိုးစုံရှိရာ နာမည်‌‌ကျော် Orchard Road တွင် လည်ပတ်ပြီး ဈေးဝယ်ထွက်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day (05) စင်ကာပူ (Botanic Garden) - ရန်ကုန် ( B / L / -)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Check out ထွက်ပါမည်။ ရှုခင်းပုံသဏ္ဠာန်မျိုးစုံ၊ သစ်ပင်ပန်းပင်မျိုးစုံ ရှိရာ UNESCO  စာရင်းဝင် ရုက္ခဗေဒဥယျာဥ်ဖြစ်သည့် Botanic Garden (exclude Orchid Garden) တွင်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။  နေ့လည်စာကို Local Restaurant တွင်သုံး‌ဆောင်ပြီးနောက် ချန်ဂီလေဆိပ်သို့ ထွက်ခွာပါမည်။ လေဆိပ်တွင် Check in ဝင်ပြီး သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်သို့ မြန်မာစံ‌တော်ချိန် နေ့လည်ပိုင်းတွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။

Included/Excluded

  • ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များတွင် (၄) ညတာ တည်းခိုခွင့် (Twin/ Double/ Triple Sharing)
  • ရန်ကုန် - စင်ကာပူ - ရန်ကုန် လေယာဉ်လက်မှတ်
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con Car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ြပထားသော နံနက်စာ(B)၊ နေ့လည်စာ(L)၊ ညစာ(D)
  • ခရီးစဉ်အတွင်း ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • Tipping for Local Guide & Driver
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများ၊ အပိုလည်ပတ်မှုများ, Activity များ အသုံးပြုခြင်းများ
  • စားသောက်ဆိုင်နှင့် ဟိုတယ်များတွင်အပိုမှာယူသုံးစွဲ၊စားသောက်ခြင်းများ
  • ကိုယ်ပိုင်အသုံးစရိတ်များ
  • ဟိုတယ်အတွင်းရှိ minibar, အခပေးအင်တာနက်, အခပေးရုပ်သံလိုင်းများ, phone call, laundry,etc… အသုံးပြုခြင်းများ
  • Early Check in & Late Check out
  • မိမိကုမ္ပဏီမှ ထိန်းချုပ်ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျ စားရိတ်မျိုးမဆို (ဥပမာ - သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက် ထိခိုက်မှုများ၊ သက်ဆိုင်ရာ ဒေသအခြေအနေများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲ ရေးဆွဲရခြင်းများ အစရှိသဖြင့်

Tour's Location

Singapore

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 6,000,000 MMK

Inquiry



    You might also like