from 11,065,500 MMK
Inquiry

ပျော်ရွှင်ဖွယ်ရာ ကက်ရှ်မီးယား (၇) ညအိပ် (၈) ရက်ခရီးစဉ်

0/5
Duration

8D 7N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

USD 2459(နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)

***ခရီးစဉ်အတွက် သတ်မှတ်လူဦးရေ (၁၀) ဦးပြည့်မှသာ ထွက်ခွာမည်ဖြစ်ပါသည်။***

NEW DELHI – SRINAGAR – GULMARG – SONAMARG – AGRA – JAIPUR

(8Days 7Nights)

ခရီးစဉ်ထွက်ခွာမည့်ရက်: ဧပြီလ ၀၇ ရက်နေ့မှ ၁၄ ရက်အထိ

 

Hotel Information
3 StarNew DelhHOTEL LOH MOD OR SIMILAR
3 StarAGRAHOTEL PUSHP VILLA OR SIMILAR
3 StarJAIPURHOTEL RUDRA VILLAS
3 StarKASHMIRDELUXE HOUSEBOAT
3 StarSONAMARGHOTEL ZARINA SULTAN / HOTEL BADAR PALACE RESORT

No reservation has been made at this stage and confirmation may be subject to availability.

 

Flight Information
DateFlight No.SectorEtdEtaEstimated Price (USD)
7 Apr8M-620RGN-DEL07:2010:00
8 Apr6E-2356DEL-SXR09:4011:05
11 Apr6E-2305SXR-DEL14:4016:15
14 Apr8M-621DEL-RGN10:5515:10

 

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day-1 ARRIVAL IN NEW DELHI (-/နေ့လည်စာ/ညစာ)

အိန္ဒိယနိုင်ငံ၊ နယူးဒေလီလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပါသည်။ထိုမှတဆင့် ဟိုတယ်သို့ ပို့ဆောင်ပေးပြီး Check in ဝင်ပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် နယူးဒေလီမြို့၏ အထိမ်းအမှတ်တစ်ခုအဖြစ်လူသိများရာ ပထမကမ္ဘာစစ်အတွင်း အိန္ဒိယစစ်သည် ၉၀,၀၀၀ ကျဆုံးခဲ့သည့် အိန္ဒိယစစ်ပွဲအထိမ်းအမှတ်ဖြစ်သော INDIA GATE သို့ သွားရောက်လည်ပတ်ပါမည်။သမ္မတအိမ်တော်နှင့် ပါလီမန်တို့အား ကားဖြင့်သွားရာလမ်းတွင် ကားပေါ်မှတဆင့်မြင်တွေ့နိုင်ပါမည်။ကြာပန်းပုံသဏ္ဌာန်ဗိသုကာလက်ရာဖြင့်ပုံဖော်ဆောက်လုပ်ထားသောကြောင့် ဒေလီမြို့၏ ထင်ရှားသောဆွဲဆောင်မှုတစ်ခုဖြစ်သည့် LOTUS TEMPLE သို့ သွားရောက်လည်ပတ်ပါမည်။အသောကမင်းကြီး၏ အကြောင်းအရာများအား ရေးသားဖော်ပြထားရှိရာ နယူးဒေလီရှိဗုဒ္ဓဘာသာဘုန်းကြီးကျောင်း SATIPATHAN TEMPLE သို့ သွားရောက်လည်ပတ်ပါမည်။ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်အနားယူအိပ်စက်ပါမည်။

Day-2 NEW DELHI – SRINAGAR – SONAMARG (By Air) (မနက်စာ/နေ့လည်စာ/ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကတ်ရှ်မီးယားမြို့သို့ထွက်ခွာရန် လေဆိပ်သို့ ထွက်ခွာပါမည်။ထို့နောက် အိန္ဒိယပြည်တွင်းလေကြောင်းလိုင်းဖြင့် Srinagar မြို့သို့ ထွက်ခွာပါမည်။ ကတ်ရှ်မီးယားလေဆိပ်သို့ရောက်ရှိပြီးနောက် ဒေသစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ရန် ပို့ဆောင်ပေးပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် 3000 မီတာအမြင့်တွင်ရှိသော ကက်ရှ်မီးယားချိုင့်ဝှမ်း၏ အကြီးဆုံးမြစ်လက်တက်တစ်ခုဖြစ်ရာ Sindh တောင်ကြားလမ်းမှတဆင့် SONAMARG သို့ လမ်းတစ်လျှောက်အံ့မခမ်းမြင်ကွင်းအား ကြည့်ရှုခံစားရင်း ကားဖြင့် ထွက်ခွာပါမည်။ (Srinagar မှ 85 ကီလိုမီတာအကွာတွင်ရှိပြီး ခန့်မှန်းကားမောင်းရန်ကြာချိန်မှာ ၂ နာရီခွဲခန့် ဖြစ်ပါသည်။)မိုင်ခြောက်ဆယ်ကျော် ရှည်လျားပြီး ချိုင့်ဝှမ်းနှင့် နက်နဲသော ကျောက်ဆောင် တံတားများကြားရှိ လှပသောမြက်ခင်းပြင်များနှင့် တောင်စောင်းများတစ်လျှောက် မျက်စေ့ပဒါသဖြစ်စရာ ရွာများနှင့် မြက်ခင်းကုန်းများရှိရာ Sindh တောင်ကြားမှတဆင့် Sonamarg သို့ ရောက်ရှိသောအခါ မိမိစိတ်ကြိုက် Activities များအား ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ရွှေတောင်ကြားဟုတင်စားခေါ်ဝေါ်ထားသည့် မိုးပြာရောင်နောက်ခံပန်းချီကားချပ်သဖွယ်ရှိရာကောင်းကင်ပြာ၏ဆန့်ကျင်ဘက်တွင်နှင်းထူထပ်သောတောင်များရှိရာ Sonamarg ရှိ Trout ငါးများလွန်စွာပေါများသည့် Sindh မြစ်တစ်လျှောက် ပျော်ရွှင်စွာငါးဖမ်းခြင်း၊ Snow Activities ပြုလုပ်ခြင်း၊ နွေရာသီကာလများအတွင်း အဓိကဆွဲဆောင်မှုတစ်ခုဖြစ်သော Thajiwas ရေခဲမြစ်အထိ မြင်းပုငှားရမ်းစီးခြင်းများအားလည်း ကိုယ်ပိုင်အစီအစဉ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်ပါမည်။ (ဖော်ပြပါ ACTIVITIES များပြုလုပ်လိုပါက ဧည့်သည်တော်များအနေဖြင့် ACTIVITIES အတွက် ကျသင့်ငွေများအား ကိုယ်တိုင် တိုက်ရိုက်ပေးချေရမည်ဖြစ်ပါသည်။)Ski Resort Hotel တွင် Check in ဝင်ပြီးနောက် ညစာသုံးဆောင်ပြီးကာ အနားယူအိပ်စက်ပါမည်

Day-3 SONAMARG - SRINAGAR (မနက်စာ/နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထို့နောက် မြို့တော် SRINAGAR သို့ ပြန်လည်ထွက်ခွာပါမည်။နေ့လည်စာအား Srinagar ရှိ ဟိုတယ်တွင်သုံးဆောင်ပြီးနောက် 1633 ခုနှစ်က တည်ဆောက်ခဲ့သော Tourist Attraction နေရာတစ်ခုလည်းဖြစ်ရာ မြို့တော် Srinagar ရှိNISHAT GARDEN , SHALIMAR GARDEN TULIP ပန်းများဖြင့် လွန်စွာလှပသော TULIP GARDEN (TULIP GARDEN ဖွင့်လျှင်) တို့သို့ သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင် Dal Lake (သို့) Nagin Lake အတွင်း Shikara စီးခြင်းအား ပျော်ရွှင်စွာပြုလုပ်ကြပါမည်။ထိုမှတဆင့် ညစာသုံးဆောင်ပြီးနောက် ရေပေါ်အဆောက်အဦး Deluxe Houseboat သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day-4 SRINAGAR – GULMARG - SRINAGAR (မနက်စာ/နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် 2730 မီတာအကွာတွင်ရှိပြီး ကမ္ဘာပေါ်ရှိ နှင်းလျှောစီးရန်အကောင်းဆုံးလည်းဖြစ်သော GULMARG သို့ ထွက်ခွာပါမည်။ (Srinagar မြို့မှ၆၅ကီလိုမီတာအကွာတွင်ရှိပြီးကားမောင်းရန်ခန့်မှန်းကြာချိန်မှာ၁နာရီဝန်းကျင်ဖြစ်ပါသည်။) GULMARG သို့ ရောက်ရှိပြီးနောက် နေ့လည်စာအား GULMARG ရှိ ဟိုတယ်တွင် သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက်ရင်ခုန်စိတ်လှုပ်ရှားစရာနှင့်အမှတ်တရများစွာကျန်ရ စ်စေမည့် အာရှတွင် အမြင့်ဆုံးနှင့် အရှည်ဆုံး CABLE CAR အား စီးရင်း GULMARG ၏ ပတ်ဝန်းကျင်အလှအား ရင်ခုန်ကြည်နူးစွာ ခံစားကြပါမည်။(ပန်းတောင်ကြားလမ်း) ဟု တင်စားခေါ်ဝေါ်ထားသည့် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၀ မီတာအကွာတွင်ရှိသော ကမ္ဘာပေါ်ရှိ အကောင်းဆုံး နှင်းလျှောစီးတောင်စောင်းများရှိရာနေရာ တစ်ခုဖြစ်သည့် GULMARG တွင် အခြားသောACTIVITIES များအားလည်း ဧည့်သည်တော်များစိတ်ကြိုက် မိမိတို့၏ကိုယ်ပိုင်အသုံးစရိတ်၊ အစီအစဉ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်မည် ဖြစ်ပါသည်။ § Skiing & Snowboarding (နှင်းလျှောစီးခြင်း) § Ice-Skating (ရေခဲပြင် စကိတ်စီးခြင်း) § Heli-Skiing (တောင်ပေါ်သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သည့် စကီ (နှင်းလျှော)စီးခြင်း) § Slazing (ဖော်ပြပါ ACTIVITIES များပြုလုပ်လိုပါက ဧည့်သည်တော်များအနေဖြင့် ACTIVITIES အတွက် ကျသင့်ငွေများအား ကိုယ်တိုင် တိုက်ရိုက်ပေးချေရမည်ဖြစ်ပါသည်။) ညနေပိုင်းတွင် မြို့တော် Srinagar သို့ ပြန်လည်ထွက်ခွာကာ ညစာအား House Boat ပေါ်တွင် သုံးဆောင်ပြီးနောက် အနားယူအိပ်စက်ပါမည်။

Day-5 SRINAGAR – NEW DELHI (By Air) - AGRA (မနက်စာ/နေ့လည်စာ/ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ NEW DELHI သို့ နယူးဒေလီမြို့သို့ပြန်လည်ထွက်ခွာရန်လေဆိပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။နေ့လည်စာအားဒေသစားသောက်ဆိုင်တွင်သုံးဆောင်ပြီးနောက်ထိုမှတဆင့်နယူးဒေလီမြို့သိုအိန္ဒိယပြည်တွင်းလေကြေင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာပါမည်။နယူးဒေလီမြို့မှတဆင့် နယူးဒေလီမြို့မှ ၂၃၅ ကီလိုမီတာအကွာအဝေးရှိ Agra မြို့သို့ ၄ နာရီခန့်ကြာ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ညစာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Day-6 AGRA - ABHANERI – JAIPUR (မနက်စာ/နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ပါမည်။ထို့နောက် ဆင်စွယ်ဖြူရောင်စကျင်ကျောက်ဖြင့်တည်ဆောက်ထားသည့်အစ်စလာမ်ဘာသာဝင်များအထွတ်အမြတ်ထားရာ နာမည်ကျော် Taj Mahal သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်အိန္ဒိယရှိသမိုင်းဝင်ခံတပ်တစ်ခုဖြစ်ရာ အိန္ဒိယနိုင်ငံ၏မြို့တော်ဟောင်းတစ်ခုလည်း ဖြစ်ခဲ့သည့် UNESCO အသိအမှတ်ပြုထားရာ Agra Fort တို့ကိုသွားရောက်လည်ပတ်ပါမည်။နေ့လည်စာအား ဟိုတယ်တွင်သုံးဆောင်ပါမည်။ ထို့နောက်တွင် Jaipur သို့ဆက်လက်ထွက်ခွာပါမည်။ထို့မှတစ်ဆင့် ၉ရာစုက Gurjar မင်းလက်ထက်၊ ဘုရင် Raja Chand တည်ထောင်ခဲ့ရာ အလင်းလက်တောက်ပဆုံးမြို့တော်ဟု တင်စားခေါ်ဝေါ်ထားရာ မီးဆိုင်းများပမာ လှေကားထစ်များဖြင့် ရင်သပ်ရှုမောဖွယ်ရာ ဖန်တီးပုံဖော်ထားသည့် Abha-Neri သို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် Jaipur မြို့သို့ ဆက်လက်ထွက်ခွာပြီး ဟိုတယ်သို့ Check in ဝင်ပါမည်။ညစာကိုဟိုတယ်တွင်သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

Day-7 JAIPUR – NEW DELHI (မနက်စာ/နေ့လည်စာ/ ညစာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Jaipur မြို့တော်ရှိ အနီရောင်၊ ပန်းရောင် သဲတုံးများဖြင့် တည်ဆောက်ထားရာ နန်းတော်တစ်ခုဖြစ်သည့် ၁၉၇၇ ခုနှစ်က Lalchand Usta ဒီဇိုင်းပုံဖော်ခဲ့ပြီး Sawai Pratap Singhတည်ဆောက်ခဲ့သည့်ငါးထပ်အမြင့်ရှိပြီးပြတင်းပေါက်ပေါင်း၉၅၀ထက်မနည်းဖြင့်တည် ဆောက်ထားခဲ့သည့် Hawa Mahal သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မြို့ပြင်ရှိ ၄ ကီလိုပတ်လည်ရှိပြီး Jaipur မြို့မှ ၁၁ ကီလိုမီတာအကွာအဝေးတွင်ရှိသည့် Amber Fort သို့သွားရောက်လည်ပတ်ပါမည်။Amber Fort တွင် (OneWay)ပျော်ရွှင်စွာဆင်စီးကြပါမည်။နေ့လည်စာကို ဟိုတယ်တွင်သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Pink City ၏ အသည်းနှလုံးဟုတင်စားခေါ်ဝေါ်ထားသည့် မြို့တော် Jaipur တည်ထောင်စဉ်အခါကတည်းက တည်ထောင်ခဲ့ရာ City Palace သို့ သွားရောက်လည်ပတ်ရင်း City Palace Complex အတွင်းရှိ Chandra Mahal, Mubarak Mahal နှင့် အခြားသော အဆောက်အဦးများအား လေ့လာလည်ပတ်ကြပါမည်။City Palace အား အေဒီ ၁၇၂၉ နှင့် ၁၇၃၂ ကြားက ဘုရင် Sawai Jai Singh II က တည်ထောင်ခဲ့ပါသည်။ထိုနောက် ၁၈ ရာစုက တည်ဆောက်ခဲ့သည့် ရေနန်းတော်ဟု တင်စားခေါ်‌ ဝေါ်သည့် အနီရောင်သဲတုံးများဖြင့် ဖန်တီးတည်ဆောက်ထားသော Jaipur မြို့တော်ရှိအကြီးဆုံး Mansarovar ရေကန်အလည်ရှိ ငါးထပ်အဆောက်အဦး Jai Mahal သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတစ်ဆင့် New Delhi သို့ပြန်လည်ထွက်ခွာပါမည်။ညစာကို နယူးဒေလီရှိ ဟိုတယ်တွင်သုံးဆောင်ပြီးနောက် နယူးဒေလီရှိ ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Day-8 NEW DELHI - DEPARTURE (မနက်စာ/ -/ -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် CHECK OUT ပြုလုပ်ကာ နယူးဒေလီရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ထိုမှတဆင့်မြန်မာနိုင်ငံသိုပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည် ဖြစ်ပါသည်။

Included/Excluded

  • ရန်ကုန် - နယူးဒေလီ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • Tipping for Guide & Driver
  • နေ့စဉ်သောက်ရေသန့်တစ်ဗူးစီ ဝန်ဆောင်မှု
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • ခရီးသွားအာမခံဝန်ဆောင်မှု
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 11,065,500 MMK

Inquiry



    You might also like