from 970 USD
Inquiry

ဟနွိုင်း – ဟလောင်းဘေး – ဒါနန်း (ရွှေလက်တံတား) – ဟွေအန်း ခရီးစဉ်

ဟနွိုင်း - ဟလောင်းဘေး - ဒါနန်း (ရွှေလက်တံတား) - ဟွေအန်း
0/5
Duration

5D 4N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

(၄ ညအိပ် / ၅ရက်)

၂၅ ဒီဇင်ဘာ – ၂၉ ဒီဇင်ဘာ ၂၀၂၄

တစ်ဦးလျင် (970 USD)

Itinerary

Day (01) ရန်ကုန် - ဟနွိုင်း ( - / - / D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပါမည်။ ဟနွိုင်း Noi Bai  လေဆိပ်သို့ ဒေသစံတော်ချိန် ညပိုင်းတွင် ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် ဟနွိုင်းဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day (02) ဟနွိုင်း - Halong Bay - ဟနွိုင်း ( B / L / D)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ဟလောင်း‌ဘေးသို့ ကားဖြင့်ထွက်ခွာပါမည်။ (ခန့်မှန်းကားမောင်းချိန် ၃း၀၀ နာရီ ဝန်းကျင်ခန့် ကြာြမင့်ပါမည်။) လမ်းခရီးတွင် ဗီယက်နမ်၏ နာမည်ကျော် ဝါးဖြင့်ပြုလုပ်ထားသော ထုတ်ကုန်များကို လေ့လာဝယ်ယူနိုင်ရန် Bamboo Shop သို့ပို့ဆောင်ပေးပါမည်။ထို့နောက် ဟ‌လောင်းဘေးတွင် သင်္ဘောစီးရန် ဆိပ်ကမ်းသို့ ထွက်ခွာပါမည်။ UNESCO စာရင်းဝင် မြစိမ်းရောင် ရေပြင်ရှိရာ ဟလောင်းဘေးအတွင်း သင်္ဘောစီးရင်း သဘာဝအလှအပများကို ကြည့်ရှုခံစားပါမည်။ ဟလောင်းဘေးရှိ သဘာဝထုံးကျောက်များ၊ ကျွန်းများသို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင် Seafood ဖြင့်သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ဟနွိုင်းသို့ ကားဖြင့်ပြန်လည် ထွက်ခွာပါမည်။ ဟနွိုင်းရှိ နာမည်ကျော် အစည်ကားဆုံးနေရာဖြစ်သည့် Old Quarter, ဓာတ်ပုံရိုက်ကြိုက်သူများအကြား ရေပန်းစားသည့် အနီရောင် တံတားရှိရာ Hoan Kiem Lake စသည့်နေရာများသို့ လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day (03) ဟနွိုင်း - ဒါနန်း ( B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ပါမည်။ ဟနွိုင်း City Tour စတင်လည်ပတ်ပါမည်။ ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်ရေးဖခင် ဟိုချီမင်းရုပ်အလောင်းရှိရာ Hochiminh Mausoleum, ဟိုချီမင်းနေထိုင်ခဲ့သည့် Hochiminh’s Stilt House, ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သည့် One Pillar Pagoda, ရှေးအကျဆုံးတက္ကသိုလ်ဖြစ်သည့် Temple of Literature, ပြင်သစ်ဗိသုကာ လက်ရာများကို လေ့လာနိုင်သည့် St.Joseph’s Cathedral စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို ဟနွိုင်းမြို့ရှိ နာမည်ကျော် ဟင်းအမျိုးပေါင်း (၂၀၀)ကျော်ရှိသည့် Sen Tay Ho Buffet  ဖြင့်သုံးဆောင်ပါမည်။ ထို့နောက် ဟနွိုင်းလေဆိပ်သို့ ထွက်ခွာပါမည်။ လေဆိပ်တွင် Check in ဝင်ပြီး ပြည်တွင်းလေကြောင်းဖြင့် ဒါနန်းသို့ ထွက်ခွာပါမည်။ ဒါနန်းသို့ရောက်ရှိပြီးနောက် ဒါနန်းမြို့၏ သင်္ကေတ နဂါးခေါင်းပုံသဏ္ဠာန် တည်ဆောက်ထားသည့် Dragon Bridge, ချစ်ခြင်းမေတ္တာတံတားဟု နာမည်ကျော်သည့် Love Bridge တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဒါနန်း ဟိုတယ်တွင် Check in ဝင်ပြီး ‌အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day (04) ဒါနန်း - BaNa Hill - ဟွေအန်း ( B/ L / D)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဒါနန်းရှိ နာမည်ကျော် ရွှေလက်တံတားရှိရာ BaNa Hill သို့ကားဖြင့် ထွက်ခွာပါမည်။ (ခန့်မှန်းကားမောင်းချိန် ၁း၃၀-၂း၀၀ နာရီ ဝန်းကျင်ခန့် ကြာမြင့်ပါမည်။) Bana တောင်ပေါ်သို့ Cable Car ဖြင့် တက်ပြီး သဘာဝအလှအပများကို ကြည့်ရှုခံစားပါမည်။ တောင်ပေါ်သို့ရောက်ရှိပြီးနောက် ထူးခြားသော ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည့် ခရီးသွားဧည့်သည်များအကြား နာမည်ကျော်သည့် ရွှေလက်တံတားတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် အရောင်အသွေးစုံလင်လှသည့် ပန်းများရှိရာ Le Jardin Garden, သပ္ပါယ်လှသည့် ကြီးမားသည့် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် Linh Ung Pagoda စသည့်နေရာများသို့ လည်ပတ်ပါမည်။ နေ့လည်စာကို တောင်ပေါ်ရှိ Lavender Restaurant တွင် Buffet ဖြင့်သုံးဆောင်ပါမည်။ ထို့‌‌နောက် တောင်ပေါ်ရှိ Fantasy Indoor Theme park တွင်လည်ပတ်ဆော့ ကစားပါမည်။ (ကစားကွင်းအတွင်းရှိ အချို့သောကစားနည်းများကို ဧည့်သည်များ ကိုယ်ပိုင်အသုံးစားရိတ်ဖြင့် ဆော့ကစားနိုင်ပါသည်။) ထို့နောက် တောင်ပေါ်မှ Cable Car ဖြင့်ပြန်ဆင်းပြီး ဟွေအန်းသို့ ကားဖြင့်ထွက်ခွာပါမည်။ လမ်းခရီးတွင် Coconut Forest ရှိခရီးသွားဧည့်သည်များ အလွန်ကြိုက်နှစ်သက်သည့် စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းသော Bamboo Basket Boat စီးပါမည်။ ညနေပိုင်းတွင် ဗီယက်နမ်၊ တရုတ်၊ ဂျပန် ဗိသုကာလက်ရာ အဆောက်အဦးများကို တွေ့မြင်နိုင်ပြီး မီးပုံးလေးများဖြင့် အေးချမ်းလှပသည့် UNESCO စာရင်းဝင် ဗီယက်နမ် ရှေးဟောင်းမြို့ ဟွေအန်းတွင် လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင် Buffet ဖြင့်သုံးဆောင်ပြီး‌နောက် ဒါနန်းသို့ပြန်လည်ထွက်ခွာပြီး ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

Day (05) ဒါနန်း - ရန်ကုန် ( B/ - / -)

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Check out ထွက်ပါမည်။ လေဆိပ်သို့ ထွက်ခွာပါမည်။ လေဆိပ်တွင် Check in ဝင်ပြီး သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မြန်မာစံ‌တော်ချိန် ညနေပိုင်းတွင် ပြန်လည်ရောက်ရှိပါမည်။

Included/Excluded

  • ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များတွင် (၄) ညတာ တည်းခိုခွင့် (Twin/ Double/ Triple Sharing)
  • ရန်ကုန် - ဟနွိုင်း , ဒါနန်း - ရန်ကုန် လေယာဉ်လက်မှတ်
  • ဟနွိုင်း - ဒါနန်း ပြည်တွင်းလေယာဉ်လက်မှတ်
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con Car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ြပထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်အတွင်း ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • Halong Bay အတွင်း သင်္ဘောစီးခြင်း
  • BaNa Hill တွင် Cable Car စီးခြင်း
  • Bamboo Basket Boat Activity
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • လူတစ်ဦးလျှင် နေ့စဉ်အတွက် သောက်ရေသန့် (၂) ဗူးစီ
  • Tipping for Guide & Driver
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများ၊ အပိုလည်ပတ်မှုများ, Activity များ အသုံးပြုခြင်းများ
  • စားသောက်ဆိုင်နှင့် ဟိုတယ်များတွင်အပိုမှာယူသုံးစွဲ၊စားသောက်ခြင်းများ
  • ကိုယ်ပိုင်အသုံးစရိတ်များ
  • ဟိုတယ်အတွင်းရှိ minibar, အခပေးအင်တာနက်, အခပေးရုပ်သံလိုင်းများ, phone call, laundry,etc… အသုံးပြုခြင်းများ
  • Early Check in & Late Check out
  • မိမိကုမ္ပဏီမှ ထိန်းချုပ်ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျ စားရိတ်မျိုးမဆို (ဥပမာ - သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက် ထိခိုက်မှုများ၊ သက်ဆိုင်ရာ ဒေသအခြေအနေများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲ ရေးဆွဲရခြင်းများ အစရှိသဖြင့်)

Tour's Location

ဟနွိုင်း - ဟလောင်းဘေး - ဒါနန်း (ရွှေလက်တံတား) - ဟွေအန်း

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 970 USD

Inquiry



    You might also like