from 0 review
6D 5N
Specific Tour
1 person
English, Myanmar
(၅ ည အိပ်/ ၆ ရက်)
25 Dec – 30 Dec , 2024
တစ်ဦးလျင် (1200 USD)
နံနက်စောစော တွင် ရန်ကုန်လေဆိပ်အတွင်း ခရီးစဉ်လိုက်ပါမည့် Tour Leader မှ စောင့်ကြိုနေကာ MAI လေကြောင်းလိုင်း Check In စတင်ဝင်ပေးမည်ဖြစ်ကာ နံနက် ၇ နာရီ ၂၀ တွင် လေယာဉ် အမှတ် 8M 620 ဖြင့်စတင်ထွက်ခွာကြပါမည်။ အိန္ဒိယနိုင်ငံ,နယူးဒေလီလေဆိပ်သို့ရောက်ရှိကာ Local Guide မှလာရောက်ကြိုဆိုနေမည်ဖြစ်ပြီး နေ့လည်စာစားရန်ထွက်ခွာကြပါမည်။ နေ့လည်စာသုံးဆောင်ပြီး ဒေလီမြို့ နာမည်ကျော် India Gate နှင့် Lotus Temple များသို့ သွားရောက်လေ့လာလည်ပတ်ကြပါမည်။ ညစာသုံးဆောင်ကာ ဟိုတယ် Check in ဝင်ပြီး တစ်ညတာအိပ်စက်အနားယူကြပါမည်။ Hotel (TBA)
ဟိုတယ်တွင် နံနက်စောစော နံနက်စာသုံးဆောင်ပြီး ဟိုတယ် Check Out ထွက်ကာ ကက်ချ်မီးယားသို့လည်ပတ်ရန် ဒေလီ လေဆိပ်မှတစ်ဆင့် Srinagar လေဆိပ်သို့ ထွက်ခွာကြပါမည်။ Srinagar လေဆိပ်တွင် Local Guide မှ လာကြိုဆိုနေပြီး အမြင့်ပေ 3000 m အထက်ရှိ ရင်သပ်ရှုမောဖွယ်ရာကောင်းသော Sonamarg တောင်ပေါ်ဒေသသို့ ဆက်လက်ထွက်ခွာကြကာ ကားဖြင့် မောင်းချိန်၂နာရီခွဲခန့် ကြာမြင့်ပါမည်။ Sonamarg တွင်နေ့လည်စာသုံးဆောင်ပြီး တောင်တန်းများ ၊ ရှုခင်းများ ၊ ရေတံခွန်ငယ်နှင့်သဘာဝ စမ်းချောင်းလေးများဖြင့်အလှဓာတ်ပုံများရိုက်ကြပါမည်။(Sonamargတောင်ပေါ်တွင်မြင်းစီးကာ လည်ပတ်လေ့လာဓာတ်ပုံလှလှလေးများရိုက်လိုပါကမိမိအစီစဉ်ဖြင့်တိုက်ရိုက်ပေးချေကာပြုလုပ် ပျော်ရွင်နိုင်ပါသည်။) Sonamarg လည်ပတ်ပြီး တစ်ညတာတည်းခိုမည့် ဟိုတယ်သို့ Check in ဝင်ကာ ညစာစားပြီး တစ်ညတာအိပ်စက်အနားယူပါမည်။ Hotel (TBA)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check out ထွက်ကာ ကားဖြင့် ၃ နာရီခန့်မောင်းပြီး ကက်ချ်မီးယားရဲ့ အဓိကနာမည်ကျော် အမြင့်ပေ ၈၅၀၀ ကျော်ရှိ ရေခဲပြင်ကြီးရှိရာ Gulmarg သို့ ကမ္ဘာ့ဒုတိယအမြင့်ဆုံး Cable Car ကြီးစီးပြီးတက်ကြမယ်။ Gulmarg မှာအနားယူမယ် ၊ ဓာတ်ပုံလှလှလေးတွေရိုက်မယ်။(ရေခဲပြင်ထဲမှာ လည်းမိမိအစီစဉ်ဖြင့် နှင်းလျော့စီးတာတွေ ၊ နှင်းတောင်ဆိုင်ကယ်စီးတာတွေ ကိုတော့ မိမိအစီစဉ်ဖြင့်ပြုလုပ်လို့ရပါတယ်) နေ့လည်စာစားပြီး Srinagar ကို ပြန်လာပြီး Local Market မှာ Kashmir ဒေသထွက်လက်ဆောင်တွေဝယ်ကြပြီး ရိုးရာ Shikara လှေငယ်လေးစီးပြီး နာမည်ကျော် Dal Lake ပေါ်က လှေကြီးပေါ်မှာ ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက် အနားယူပါမည်။ Hotel- Dal Lake (Houseboat)
နံနက်စောစောတွင် လှေကြီးပေါ်တွင်နံနက်စာသုံးဆောင်ပြီး Shikara လှေငယ်လေးများဖြင့် Check out ထွက်ကာ ဒေလီပြန်မည့် လေယာဉ် ချိန်ပေါ်မူတည်ပြီး နေ့လည်စာကို အနည်းငယ်စောလျင်စွာ သုံးဆောင်ပြီး Srinagar လေဆိပ်တွင် Check in ဝင်ကာ ဒေလီမြို့သို့ထွက်ခွာကြပါမည်။ ဒေလီလေဆိပ်တွင်LocalGuideမှလာရောက်ကြိုဆိုနေပြီးနယူးဒေလီလေဆိပ်မှတစ်ဆင့်ရှေးဟောင်းမြို့တော်အာဂရာမြို့သို့ကားဖြင့်ထွက်ခွာကြပါမည်။ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ် Check in ဝင်ကာ တစ်ညတာအိပ်စက်အနားယူကြပါမည်။ Hotel- (TBA)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး အခန်းများ check out ထွက်ကာ UNESCO World Heritage Site များ ဖြစ်သည် အာဂရာမြို့တော်၏သမိုင်းဝင် ၁၆ ရာစု ကတည်ဆောက်ခဲ့သော အချစ်ရဲ့မှတ်တိုင်တစ်ခုဖြစ်သော တာ့ဂျ်မဟာ(Taj Mahal) အဆောက်ဦး နှင့် အိန္ဒိယရိုးရာဝတ်စုံများကို ဝတ်ဆင်ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကာ လည်ပတ်လေ့လာကြပြီး နေလည်စာသုံးဆောင်ပြီးနောက် မွန်ဂိုဘုရင်များနေထိုင်ခဲ့သော (Agra’s Red Fort) သမိုင်းဝင် အာဂရာခံတပ်နီကြီးသို့လည်ပတ်လေ့လာကြပါမည်။ဆက်လက်၍နယူးဒေလီမြို့တော်သို့ကားဖြင့်ဆက်လက်ထွက်ခွာပြီးဟိုတယ်Check/inဝင်ကာညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက်အနားယူကြပါမည်။ Hotel - (TBA)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ဒေလီလေဆိပ်သို့ဆင်းကာ လေကြောင်းလိုင်း Check in ဝင်ပြီး ရန်ကုန်သို့ 8M 261 ဖြင့်ပြန်လာရာ ရန်ကုန်လေဆိပ်သို့ညနေခင်းတွင်ပြန်လည်ရောက်ရှိပါမည်။
Leave a reply