from 0 review
5D 4N
Specific Tour
1 person
English, Myanmar
Travel Date :
18 Dec – 22 Dec 2024
25 Jan – 29 Jan 2025
19 Feb – 23 Feb 2025
26 Mar – 30 Mar 2025
09 Apr – 13 Apr 2025
တည်းခိုရန်နေရာများ
မြို့ | တည်းခိုရမည့်နေရာ |
---|---|
ဗုဒ္ဓဂါယာ | HOTEL BODHGAYA REGENCY/HOTEL SUJATA or SIMILAR |
ဗာရာဏသီ | HOTEL FERN RESIDENCY/HOTEL PINNACLE GATE or SIMILAR |
စီစဉ်ထားသော လေယာဉ်ဖြင့် ဂယာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်တွင် ခရီးသွားကိုယ်စားလှယ်မှ လာရောက်ကြိုဆိုကာ ဗုဒ္ဓဂါယာသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-in ဝင်ရန် ဆက်လက်ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check in ဝင်ပြီး အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် ဗာရာဏသီသို့ ဆက်လက်ထွက်ခွာပါမည်။ ဗာရာဏသီသို့ရောက်လျှင် ဟိုတယ်သို့ check-in ဝင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဦးဟောရာ ဓမ္မရာဇိကစေတီ၊ သီရိလင်္ကာဓာတ်တော်တိုက် ချောက်ခဏ္ဏီစေတီ၊ မူလဂန္ဓကုဠီတိုက်တို့ကို နှင့် ကြီးကျယ်ခမ်းနားသော ခြင်္သေ့ကြီး ၄ ဆူ ရုပ်ထုကြီး သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Hotel တွင် သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။
မနက်စောစောတွင် ဂင်္ဂါမြစ်မှာ လှေစီးပြီး ဂင်္ဂါမြစ်မှာ Sunrise ကို ကြည့်ပါမည်။ ထို့နောက်ဟိုတယ်တွင် နံနက်စာ ပြန်လည်သုံးဆောင်ပြီးနောက် ဗုဒ္ဓဂါယာသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီတော် တို့ကို သွားရောက်ဖူးမြော်ပါမည်။ ပြီးလျှင် မြတ်စွာဘုရား ဥာဏ်အလင်းရရှိပြီးနောက် ဘုရားလောင်းမှအဓိဋ္ဌာန်ဖြင့် ရွှေခွက်မျောရာ နေရဥ္စရာမြစ်သို့သွားရောက်လေ့လာပါမည်။ ညစာကို Hotel တွင် သုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။
မနက်စာသုံးဆောင်ပြီးနောက် ရာဇဂြိုလ်မြို့သို့ ၃နာရီခန့် ကားစီးသွားပါမည်။ ရာဇဂြိုလ်မြို့သို့ ရောက်လျှင် နေ့လည်စာစားပြီးနောက် ဂျပန်ငြိမ်းချမ်းရေးစေတီ၊ ဂိဇ္ဈကုဋ်တောင်၊ ဝေဠုဝန်ကျောင်းတော်နေရာနှင့် နာလန္ဒာန်တက္ကသိုလ်ဟောင်းတို့ကို သွားရောက်လေ့လာပါမည်။ ထို့နောက် ရာဇဂြိုလ်သို့ပြန်လည်မောင်းနှင်ကာ ညစာကို Hotel တွင်သုံးဆောင်ပြီးနောက် အိပ်စက်အနားယူပါမည်။
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ထို့နောက် နေ့လည်စာပြန်လည်စားသုံးပြီးနောက် လေဆိပ်သို့ထွက်ခွာမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါသည်။
Leave a reply