from 0 review
4D 3N
Specific Tour
1 person
English, Myanmar
တစ်ဦးလျှင်ဈေးနှုန်း
USD 447 (နှစ်ယောက် သို့မဟုတ် သုံးယောက်လျှင် တစ်ခန်းနှုန်းဖြင့်)
***ခရီးစဉ်အတွက် သတ်မှတ်လူဦးရေ (၇) ဦးပြည့်မှသာ ထွက်ခွာမည်ဖြစ်ပါသည်။***
ခရီးစဉ်ထွက်ခွာမည့်ရက်: ဧပြီလ ၂၀၂၅
Hotel Information | ||
---|---|---|
3 Star | Bangkok | Furamaxclusive Pratunam Park/ Tarawish Hotel/ Spenza Hotel/ KLUB Hotel |
No reservation has been made at this stage and confirmation may be subject to availability.
Flight Information | |||||
---|---|---|---|---|---|
Date | Flight No. | Sector | Etd | Eta | Estimated Price (USD) |
Apr | 8M-372 | RGN-BKK | 20:45 | 22:35 | USD 200 - 300 |
Apr | 8M-351 | BKK-RGN | 20:50 | 21:40 |
Notes. Price may change without any prior notice.
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာပါမည်။ ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဒါနန်းဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပြီး တစ်ညတာအား ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြဘုရားနှင့် မဟာနန်းတော်သို့ သွားရောက်လည်ပတ်ပါမည်။နေ့လည်စာကို Twin Towers Hotel ရှိ ဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Sea life Ocean World & Madame Tussauds သို့သွားရောက်လည်ပတ်ပါမည်။ထို့နောက် Icon Siam စျေးဝယ်စင်တာသို့ စျေးဝယ်ထွက်ကြပါမည်။ညနေပိုင်းတွင် ကျောက်ဖရားမြစ်ပေါ်ရှိ သင်္ဘောပေါ်တွင် ညစာစားရန် Icon Siam ဆိပ်ကမ်းသို့သွားကာ ညစာဘူဖေးသုံးဆောင်ပြီးနောက် ဟိုတယ်တွင် check in ဝင်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဧည့်သည်တော်များ စိတ်ကြိုက် တစ်နေ့တာအား မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပျော်ရွှင်စွာကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး check out ပြုလုပ်ကာ Platinum Mall, Central World, Big C အစရှိသည့်နာမည်ကြီး Shopping Center များတွင် မိမိတို့စိတ်ကြိုက်အစီအစဉ်ဖြင့် ပျော်ရွှင်စွာ စျေးဝယ်ထွက်ကြပါမည်။ နေ့လည်စာနှင့်ညစာတို့အား မိမိတို့ကြိုက်နှစ်သက်ရာကိုယ်ပိုင် အစီအစဉ်များဖြင့် သုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် လေဆိပ်သို့ပို့ဆောင်ပေးပါမည်။ ထိုမှတဆင့် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply