from 0 review
4D 3N
Specific Tour
1 person
English, Myanmar
ခရီးစဉ်ထွက်ခွာမည့်ရက်: ဖေဖော်ဝါရီလ ၂၀ – ၂၃ ရက်၊ မတ်လ ၂၇ – ၃၀ ရက် ၂၀၂၅
TOUR PRICE PER PERSON WITH TWIN/ DOUBLE OR TRIPLE SHARING ROOM | ||||
---|---|---|---|---|
4* Hotel | 10 pax | 15 pax | 25 pax | Single Supplement |
(WITH Tour Leader) | USD 735 | USD 646 | USD 556 | USD 180 |
Hotel Information | ||
---|---|---|
4 Star | Genting Highland | Hotel Resort Genting Highlands or similar |
4 Star | Malacca | Hotel Swiss Garden Melaka or similar |
4 Star | Kuala Lumpur | Hotel Furama Bukit Bintang Kuala Lumpur (Superior Room - 04 Star - Centrally located Kuala Lumpur Golden Triangle & Linked Bridge to Mitsui Shopping Park LaLaport BUKIT BINTANG CITY CENTRE). or similar |
No reservation has been made at this stage and confirmation may be subject to availability.
Flight Information | |||||
---|---|---|---|---|---|
Date | Flight No. | Sector | Etd | Eta | Estimated Price (USD) |
20 Feb | 8M 501 | RGN-KUL | 06:50 | 11:05 | USD 290 - 350 |
23 Feb | 8M 502 | KUL-RGN | 12:05 | 13:50 | |
27 Mar | 8M 501 | RGN-KUL | 06:50 | 11:05 | USD 290 - 350 |
30 Mar | 8M 502 | KUL-RGN | 12:05 | 13:50 |
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မလေးရှားနိုင်ငံ ကွာလာလံပူ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူဌာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပါသည်။ မလေးရှား၏ အသစ်စက်စက်သော အစိုးရမြို့တော်ဖြစ်သော ပူတာရာဂျာမြို့သို့ စတင်သွားရောက်ကာ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ခရီးစဉ် စတင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် နာမည်ကျော် Putrajaya Mosque, Wawasan Bridge တို့အား သွားရောက်လေ့လာကြရင်း Office of the Prime Minister အား အပြင်မှ မြင်တွေ့နိုင်ပါမည်။ ထို့နောက် Genting Highlands သို့ ကေဘယ်ကားဖြင့် ထွက်ခွာကြရင်း ကေဘယ်လ်ကားစီးရာ လမ်းတစ်လျှောက် အလွန်လှပသော ရင်သပ်ရှုမောဖွယ်ရာ တောင်ပေါ်ရှုခင်းများအား အပေါ်စီးမှ ပျော်ရွှင်စွာ ကြည့်ရှုခံစားကြပါမည်။ (ကေဘယ်လ်ကား လက်မှတ်ပါဝင်ပြီး) ညစာအား Genting Highlands ရှိ Gohtong Jaya Restaurant တွင် မလေးရှားရိုးရာဒေသအစားအစာများအား သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် Genting Highlands တွင် လှည့်လည်လေ့လာကြပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ 2000 တွင်တည်ဆောက်ထားသည့် Casino Resort ရှိရာ Genting Sky World Theme Park တွင် ကာစီနိုကစားရင်းဖြင့် မိမိတို့၏ ကံကြမ္မာအားလည်း စမ်းသပ်နိုင်မည်ဖြစ်ပါသည်။ (Genting Sky World Theme Park လက်မှတ်မပါဝင်ပါ။) Note: Genting Highlands တောင်ပေါ်တွင် ညအိပ်ရန်အတွက် အိတ်အသေးတစ်လုံးသာ ယူဆောင်လာရန်နှင့် Oversize Baggage အကြီးများပါလာပါက တောင်ပေါ်သို့မတက်မီ Awana SkyCentral တွင် အခမဲ့ အပ်နှံထားခဲ့နိုင်ပါသည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူသို့ ပြန်လည်ထွက်ခွာရန် စတင်ကြပါမည်။ ခရီးလမ်းတွင် ထုံးကျောက်ဂူတန်းများတစ်လျှောက် မလေးရှားရိုးရာ မြင့်မြတ်သော ဓလေ့ထုံးတမ်းများရှိသည်ဟု ထင်ရှာကျော်ကြားသည့် သဘာဝထုံးကျောက်ဂူများအကြား ဘုရင် Murugan ၏ ရုပ်တု Tower ရှိရာ စိတ်ဝင်စားစရာ သဘာဝထုံးကျောက်တောင် Batu Caves တွင် ခေတ္တရပ်နားကာ လေ့လာကြပါမည်။ ထိုမှတဆင့် Duty-Free Store, နာရီဆိုင်နှင့် မလေးရှားရိုးရာ ပါတိတ်အထည်စက်ရုံတို့အား သွားရောက်လေ့လာလည်ပတ်ကြရင်း မလေးရှားအမှတ်တရအနေဖြင့် ဒေသထွက်ပါတိတ်များအားလည်း စိတ်ကြိုက်ဝယ်ယူနိုင်ကြပါမည်။ ထိုမှတဆင့် သမိုင်းဝင် Malacca ပြည်နယ်သို့ မထွက်ခွာမီ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ Malacca သို့ ရောက်ရှိသည်နှင့် အလွန်ကျော်ကြားသော ပေါ်တူဂီခံတပ်ရှိရာ A Famosa၊ Red Square ဖြစ်သည့် Stadthuys နှင့် Jonker Street တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ယင်းခရီးစဉ်တစ်လျှောက် မလေးရှားနိုင်ငံ၏ ပထမဆုံး Coach Airways retail concept store ဖြစ်သည့် Freeport A’Famosa Outlet သို့ သွားရောက်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူမြို့သို့ (၂) နာရီခန့်ကြာ ကားစီးရင်းဖြင့် ပြန်လည်ထွက်ခွာကြပါမည်။ ကွာလာလမ်ပူမြို့သို့ ရောက်ရှိသောအခါ City Tour အနေဖြင့် National Mosque သမိုင်းဝင် Independence Square (Merdeka Square) နှင့် Sultan Abdul Samad Building ဘုရင့်နန်းတော် New King’s Palace (အပြင်မှသာ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။) အချို၊ ချော့ကလက်ကြိုက်သူများအတွက် ရင်ခုန်စရာ Chocolate House အေးချမ်းဖွယ်ရာ ဘုရားကျောင်းဆောင်တစ်ခုဖြစ်သည့် Thien Hau Temple စိတ်ကြိုက်ဓာတ်ပုံများဖန်တီးနိုင်ရန်အတွက် ကွာလာလမ်ပူမြို့၏အသည်းနှလုံးဖြစ်ရာ River of Life ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး စကျင်ကျောက်ဖြင့် အနုပညာလက်ရာမြောက်စွာ ဖန်တီးထားသည့် Merdeka 118 ကွာလာလမ်ပူမြို့၏ ရင်သပ်ရှုမောဖွယ်ရာ အဆောက်အအဦးလည်းဖြစ်ပြီး ကမ္ဘာကျော်အဆောက်အဦးလည်းဖြစ်ရာ Petronas Twin Towers တို့သို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ အချိန်ရပါက နာမည်ကျော် Sunway Velocity Mall သို့ သွားရောက်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ကွာလာလမ်ပူမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာကြပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ မမေ့နိုင်စရာ၊ အမှတ်ရစရာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply