from 605 USD
Inquiry

ချင်းမိုင် – မွန်ဂျမ်း – မယ့်ကမ်ပေါင် ခရီးစဉ်

Chiang Mai
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက် – မေလ (၀၃ ~ ၀၆) ရက်

တစ်ဦးလျှင်ဈေးနှုန်း (နှစ်ဦး သို့ သုံးဦးလျှင် တစ်ခန်းနှုန်းဖြင့်)

· လူကြီး – USD 605

· ကလေး – USD 555 (With Extra Bed)

· ကလေး – USD 479 (Without Extra Bed)

· ရင်ခွင်ပိုက်ကလေး – USD 50

ခရီးစဉ်အတွက် လူဦးရေ (၁၆) ဦးပြည့်မှသာ ခရီးစဉ်ထွက်ခွာမည်ဖြစ်ပါသည်။

 

Hotel Information
4 StarChiang MaiDusit Princess Hotel @ Night Bazar or Similar
4 StarMae KampongBann Ton Mai (Mae Kam Pong) or Similar

ဟိုတယ် Booking များ ပြုလုပ်ထားခြင်းမရှိပါ၍ Booking တင်သည့်အချိန်တွင် အခန်းဈေးနှုန်းများ အပြောင်းအလဲရှိနိုင်ပါသည်။

 

Flight Information
DateFlight No.SectorEtdEtaEstimated Price (USD)
03 May8M 370RGN-CNX12:5514:25
06 May8M 371CNX-RGN15:1016:05

 

Itinerary

Day-1 ရန်ကုန် - ချင်းမိုင် (ညစာ)

· ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူဌာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပါသည်။


· ထိုမှတဆင့် ဆုတောင်းပြည့် ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၃ မီတာ အမြင့်တွင် တည်ရှိသည့် ဆုတောင်းပြည့် Wat Phrathat Doi Suthep ဘုရားသို့ သွားရောက်လည်ပတ်ပြီး ချင်းမိုင်မြို့၏ လှပသောရှုခင်းအား အပေါ်စီးမှ ကြည့်ရှုကာခံစားကြပါမည်။ (လိုအပ်သောနေရာများ၌ buggy car စီးခြင်း အပါအဝင်)


· ထို့နောက် ဟိုတယ်သို့ Check-in ဝင်ကာ ခေတ္တခဏအနားယူပါမည်။


· ညနေစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်အနားယူအိပ်စက်ပါမည်။


· ညပိုင်းတွင် ချင်းမိုင်ညဈေးအား မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်လည်ပတ်ကာ ပျော်ရွှင်စွာဈေးဝယ်ထွက်ကြပါမည်။

Day-2 ချင်းမိုင် - မွန်ဂျမ်း - ချင်းမိုင် (နံနက်စာ /နေ့လည်စာ)

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ချင်းမိုင်မြို့အတွင်း စွန့်စွန့်စားစားခရီးစဉ်များအား စတင်ပါမည်။


· ဦးစွာ Pong Yang Adventure Camp သို့ သွားရောက်မည်ဖြစ်ပြီး စွန့်စွန့်စားစား Activities များအား မိမိတို့စိတ်ကြိုက်အစီအစဉ် ကိုယ်ပိုင်အသုံးစရိတ်များဖြင့် စိတ်ကြိုက်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။


· ထိုမှတဆင့် ချင်းမိုင်မြို့၏ အနောက်ဘက်ရှိ Mon Jam တောင်ပေါ်ရှိ Top Garden သို့ ဆက်လက်၍ သွားရောက်လည်ပတ်ပါမည်။ ထိုတောင်ပေါ်မှတဆင့် ချင်းမိုင်တောင်ပေါ်မှနေ၍ သန့်ရှင်းလတ်ဆတ်လှသော လေနုအေးအားရှူရိုက်ရင်း ရင်သပ်ရှုမောဖွယ်ရာ ချင်းမိုင်မြို့ဝန်းကျင်အလှအပအား ခံစားကြပါမည်။


· ထိုမှတဆင့် ချင်းမိုင်မြို့သို့ ပြန်လည်ထွက်ခွာကြပြီးနောက် ဟိုတယ်သို့ရောက်ရှိချိန်တွင် ခေတ္တခဏအနားယူ ကြပါမည်။


· ညနေပိုင်းတွင် တစ်ပတ်မှတစ်ခါသာကြုံတွေ့နိုင်သည့် ချင်းမိုင် Sunday Night Market ပြုလုပ်ရာ ချင်းမိုင်မြို့ဟောင်းသို့ မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်ကာ ချင်းမိုင်ရိုးရာဒေသထွက်ကုန်များအား လေ့လာရင်း ပျော်ရွှင်စွာ စိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ပါမည်။ ထိုနေ့ည၏ ညစာအား ဧည့်သည်တော်များစိတ်ကြိုက်ကိုယ်ပိုင်အစီအစဉ်များဖြင့် ပျော်ရွှင်စွာ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။


· ချင်းမိုင်မြို့ရှိဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

Day-3 ချင်းမိုင် - မယ့်ကမ်ပေါင် (နံနက်စာ /နေ့လည်စာ /ညစာ )

· ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ ယနေ့အတွက် ထူးထူးခြားခြား ခရီးစဉ်အဖြစ် ချင်းမိုင်မြို့ဝန်းကျင်နှင့် မယ့်ကမ်ပေါင်ရွာတို့သို့ သွားရောက်လည်ပတ်ကြပါမည်။


· အလွန်ကြည်လင်အေးချမ်းလှသောရေတံခွန်လေးနှင့် တောင်ပေါ်ဒေသ အလွန်လှပသည့် ကော်ဖီဆိုင်လေး ကြောင့် လူသိများလှသည့် ချစ်စရာ မယ့်ကမ်ပေါင်ဒေသသို့ သွားရောက်လည်ပတ်ရင်း သဘာဝအလှတရားများ၊ မယ့်ကမ်ပေါင်၏ ချစ်စရာ လူနေမှုစရိုက်များအား လေ့လာရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကြပါမည်။


· နေ့လည်စာအား မယ့်ကမ်ပေါင်ရွာရှိ ဒေသစားသောက်ဆိုင်တွင် ပျော်ရွှင်စွာ သုံးဆောင်ကြပြီးနောက် မယ့်ကမ်ပေါင်ရှိ ဟိုတယ်တွင် Check in ဝင်ပြီးနောက် ခေတ္တခဏ အနားယူကြပါမည်။


· ညနေပိုင်းတွင် မယ့်ကမ်ပေါင်ရှိ ဒေသစားသောက်ဆိုင်၌ ရိုးရာအစားအသောက်များအား မြည်းစမ်းရင်း ညစာအားပျော်ရွှင်စွာ သုံးဆောင်နိုင်မည်ဖြစ်ပါသည်။


· ဟိုတယ်တွင်ပြန်လည်မအိပ်စက်မီ မိမိတို့၏ကိုယ်ပိုင်အချိန်များအား အေးချမ်းလှသည့် မယ့်ကမ်ပေါင်တွင် စိတ်ကြိုက်အစီအစဉ်များဖြင့် ပျော်ရွှင်စွာလည်ပတ်ရင်းဖြင့် ကုန်ဆုံးနိုင်မည်ဖြစ်ပါသည်။

Day-4 မယ့်ကမ်ပေါင် - ချင်းမိုင် - ရန်ကုန် (နံနက်စာ / နေ့လည်စာ)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ကာ ချင်းမိုင်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပြီး Central Festival Chiang Mai Mall တွင် ပျော်ရွှင်စွာ စိတ်ကြိုက်ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရန် ချင်းမိုင်လေဆိပ်သို့ ပို့ဆောင်ပေးပါ မည်။ ထိုမှတဆင့် Flight check in ပြုလုပ်ပေးပြီးနောက် ချင်းမိုင်လေဆိပ်မှတဆင့် မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ အမှတ်ရစရာ ပျော်ရွှင်ဖွယ်ခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် သီးသန့် Air con ကားဝန်ဆောင်မှု
  • ရန်ကုန် - ချင်းမိုင် - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • ခရီးစဉ်တစ်လျှောက် သတ်မှတ်ထားသည့် ဟိုတယ်များတွင် သုံးညတာတည်းခိုခွင့်
  • ခရီးစဉ်တစ်လျှောက် အင်္ဂလိပ်စကားပြော ချင်းမိုင်ဒေသခံ ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာနှင့် ညစာ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော လည်ပတ်စရာနေရာများနှင့် ဝင်ကြေးများ
  • တစ်ဦးလျှင် တစ်ရက်လျှင် ရေတစ်ဘူးစီနှုန်းဖြင့်
  • ဧည့်လမ်းညွှန်နှင့် ယာဉ်မောင်းတို့အတွက် tipping
  • ခရီးသွားအာမခံ
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသည့် အဖျော်ယမကာနှင့် အစားအသောက်များ
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသည့် ဟိုတယ်များသို့ သတ်မှတ်ချိန်ထက်စော၍ Check in ဝင်ခြင်းနှင့် သတ်မှတ်ချိန်ထက်နောက်ကျပြီးမှ Check out ပြုလုပ်ခြင်းများ
  • ယိုးဒယားဗီဇာဝန်ဆောင်မှု
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသည့် မိမိတို၏ကိုယ်ပိုင်အသုံးစရိတ်များ၊ ဟိုတယ်များတွင် Laundry အပ်ခြင်းများ၊ ဖုန်းအသုံးပြုခများ၊ စိတ်ကြိုက်ဈေးဝယ်ထွက်ခြင်းများ၊ အစရှိသဖြင့်)
  • ဧည့်လမ်းညွှန်၊ ကားသမားနှင့် ဟိုတယ်ဝန်ဆောင်မှုများအတွက် မိမိတို့စိတ်ကြိုက်ပေးသော အပိုသဒ္ဒါကြေးများ
  • Any additional expenses caused by reasons beyond our control such as natural calamities (typhoon, floods), flight delays, rescheduling or cancellations, any accidents, medical evacuations, riots, strikes etc.

Tour's Location

Chiang Mai

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 605 USD

Inquiry



    You might also like