from 0 review
5D 4N
Specific Tour
1 person
English, Myanmar
တစ်ဦးလျှင်ဈေးနှုန်း
USD 785 (နှစ်ယောက် တစ်ခန်းနှုန်းဖြင့်)
***ခရီးစဉ်အတွက် လူဦးရေ (၂) ဦးမှ စတင်ထွက်ခွာလို့ရပါသည်။***
Hotel Information | ||
---|---|---|
3 Star | Phuket | Tony Resort (or) Similar |
3 Star | Bangkok | Baiyoke Boutique (or) Similar |
Flight Information | |||||
---|---|---|---|---|---|
Date | Flight No. | Sector | Etd | Eta | Estimated Price (USD) |
14 May | Air Asia | RGN-BKK-Phuket | 8:30 | 10:15 | USD 300 |
16 May | Air Asia | Phuket-BKK | 19:50 | 21:10 | |
18 May | Air Asia | BKK-RGN | 16:55 | 17:45 |
Notes. Price may change without any prior notice.
ငွေပေးချေမှု
TERMS & CONDITIONS:
REMARK:
အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိပြီး ဖူးခက်လေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဟိုတယ်သို့ ပို့ဆောင်ပေးကာ check in ဝင်ပါမည်။ ညနေပိုင်းတွင် Street Foods ၊ အမှတ်တရပစ္စည်းများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကဲ့သို့သော ထူးခြားသောပစ္စည်းများအတွက် အကောင်းဆုံးနေရာများဖြစ်သော Phuket Night Market သို့ သွားရောက်လည်ပတ်ပြီးနောက်၊ ဟိုတယ်သို့ပြန်လည် အိပ်စက်အနားယူပါမည်။
နံနက်စာသုံးဆောင်ပြီးနောက် Phuket မှ phi phi ကျွန်းသို့ အမြန်ရေယာဉ်ဖြင့် အပျော်စီးသင်္ဘောစီးကာ mayabay သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် phiphi don တွင် အပန်းဖြေအနားယူပြီးနောက်၊ နေ့လည်စာကို local restaurant တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် water activities များအတွက် Phi Phi ကျွန်းတွင်ပျော်ရွှင်စွာဖြင့်ပါဝင်ဆင်နွဲနိုင်ပါမည်။ထို့နောက် ဖူးခက်သို့ပြန်လည်ရောက်ရှိပြီး ညစာကိုဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ကာ တစ်ညတာအိပ်စက် အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဖူးခက် မှ ဘန်ကောက်သို့ ထွက်ခွာပါမည်။ဘန်ကောက်သို့ရောက်ရှိပြီးနောက် ဟိုတယ်တွင် check-in လုပ်ပြီး ခဏ္ဏတာအနားယူပါမည်။ နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် Sea Life Ocean World နှင့် Madame Tussauds သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Central world၊ Platinum Mall နှင့် Big C အစရှိသည်တို့တွင် မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် ဈေးဝယ်ထွက်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်ကာ အိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မြဘုရားနှင့် မဟာနန်းတော်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Icon Siam Shopping Mall မှာ မိမိတို့ကိုယ်ပိုင်အစီအစဉ်ဖြင့်ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ကျောက်ဖရားမြစ်ပေါ်တွင် ညစာစားရန် Icon Siam Pier သို့သွားကာ ဘူဖေးညစာသုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်လည်ရောက်ရှိပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ ဘန်ကောက်၏ လူကြိုက်အများဆုံး Safari World သို့ သွားရောက်လည်ပတ်ပါမည်။ တိရစ္ဆာန်ရုံနှင့် ခြင်္သေ့များ၊ ကျားများ၊ သစ်ကုလားအုတ်များနှင့် မြင်းကျားများကဲ့သို့ တောရိုင်းတိရစ္ဆာန်များကို ကားဖြင့်လိုက်လံကြည့်ရှုကြပါမည်။ ထို့နောက် လင်းပိုင်များ၊ ဖျံများနှင့် ငှက်များပါဝင်သည့် စိတ်လှုပ်ရှားဖွယ်ရှိုးများကို ခံစားကြည့်ရှုရန် Marine Park သို့ သွားရောက်ကြည့်ရှုပါမည်။ထို့နောက် နေ့လည်စာကို Safari World ထဲရှိ ဘူဖေးစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် လေဆိပ်သို့ပို့ဆောင်ပေးပြီးနောက် သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply