from 1,199 USD
Inquiry

၇ညအိပ် ၈ရက် ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်

ဗုဒ္ဓဂါယာ-ဗာရာဏသီ-သာဝတ္ထိ-လုမ္ဗိနီ-ကုသိနာ-ဝေသာလီ-ဗုဒ္ဓဂါယာ
0/5
Duration

8D 7N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

Price : starting from USD 1199 per person

Travel Date :

11 Dec – 18 Dec 2024

22 Jan – 29 Jan 2025

12 Feb – 19 Feb 2025

19 Mar – 26 Mar 2025

02 Apr – 09 Apr 2025

 

တည်းခိုရန်နေရာများ

မြို့တည်းခိုရမည့်နေရာ
ဗုဒ္ဓဂါယာHOTEL BODHGAYA REGENCY/HOTEL SUJATA
ဗာရာဏသီHOTEL FERN RESIDENCY/HOTEL PINNACLE GATE
သာရာဝတီHOTEL PLATINUM/HOTEL SRAVASTI RESIDENCY
လုမ္ဗိနီHOTEL MOURYA/HOTEL REDSUN
ကုသိနာHOTEL OM RESIDENCY/HOTEL MAITTREY RESIDENCY
ဗာရာဏသီHOTEL INDO HOKKE

Highlights

  • လေယာဉ်လက်မှတ်အသွားအပြန်
  • ခရီးစဉ်တစ်လျှောက် 4* ဟိုတယ်တည်းခိုစရိတ်
  • ခရီးစဉ်တစ်လျှောက် သမိုင်းကြောင်း စုံလင်စွာရှင်းပြပေးမည့် ဒေသခံဧည့်လမ်းညွှန်
  • ခရီးစဉ်တစ်လျှောက် ဧည့်သည်တော်များ၏ လိုအပ်ချက်များအတွက် လိုက်ပါကူညီဆောင်ရွက်ပေးမည့် စိတ်ရှည်ဖော်ရွေသော မြန်မာ Tour Leader ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဝင်ကြေးများ
  • ခရီးစဉ်တွင်လိုအပ်သော အိန္ဒိယဗီဇာ၊ နီပေါဗီဇာ
  • သောက်ရေသန့်၊ အဆာပြေမုန့်နှင့် အအေးများ
  • ဟိုတယ်ခရီးစဉ်များအပြင် ဘုန်းကြီးကျောင်းခရီးစဉ်များကိုလည်း စိတ်ကြိုက်စီစဉ်ပေးပါသည်။
  • ရက်တို၊ ရက်ရှည် စိတ်ကြိုက်ခရီးစဉ်များ၊ မိသားစုလိုက်ခရီးစဉ်များ၊ အသင်းအဖွဲ့များအတွက် ခရီးစဉ်များကိုလည်း ဧည့်သည်တော်များစိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေပြီမို့ မြေမြတ်မဟာဗုဒ္ဓဂယာခရီးစဉ်သို့ စိတ်ချမ်းသာစွာ သွားရောက်ဘုရားဖူးကုသိုလ်ယူချင်သူများအနေနဲ့ Oway Travel ကို မြန်မြန်လေးသာဆက်သွယ်လိုက်ပါလို့ ဖိတ်ခေါ်ပါရစေ

Itinerary

Day 01- ဗုဒ္ဓဂယာ (-/-/D)

စီစဉ်ထားသော လေယာဉ်ဖြင့် ဂယာလေဆိပ်သို့ ရောက်ရှိပြီး လေဆိပ်တွင် ခရီးသွားကိုယ်စားလှယ်မှ လာရောက်ကြိုဆိုကာ ဗုဒ္ဓဂါယာသို့ ဆက်လက်ထွက်ခွာပါမည်။ ထို့နောက် ဟိုတယ်သို့ Check-in ဝင်ရန် ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် နေ့လည်ပိုင်းတွင် ဘီစီ ၃ ရာစုတွင် မဟာအသောက တည်ခဲ့သော မဟာဗောဓိစေတီတော်သို့ သွားရောက်လည်ပတ်ပါမည်။ ပြီးလျှင် မြတ်စွာဘုရားပွင့်တော်မူခဲ့ရာ နှစ်ပေါင်း ၃၀၀ ခန့် သက်တမ်းရှိသည့် ဗောဓိညောင်ပင်သို့ သွားရောက်ပါမည်။ ထိုသစ်ပင်အောက်မှာ တရားထိုင်လို့ရပါတယ်။ ပြီးလျှင် မြတ်စွာဘုရား ဉာဏ်အလင်းရပြီးနောက် ရေချိုးတော်မူခဲ့သည့် နေရဥ္ဇရာမြစ်၊ ဗုဒ္ဓဂါယာ၏အနောက်ဘက် 2 ကီလိုမီတာ Phalgu မြစ်အနီးရှိ ဥရုဝေလနွယ်ဖွား သိဒ္ဓတ္ထမင်းသားအား ဃနာနို့ ဆွမ်း ဆက်ကပ်ရာ ဘုရားကျောင်းဖြစ်သည့် သုဇာတာအိမ်ရာသို့ သွားရောက်ပါမည်။ ထို့နောက် ဂယာရှိ ဂျပန်ကမာကူရဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြပါမည်။ ပြီးလျှင် ဗုဒ္ဓဂါယာတွင် မိမိအစီအစဉ်ဖြင့် ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Hotel တွင် သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

Day 2-ဗုဒ္ဓဂါယာ – ဗာရာဏသီ (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် ဗာရာဏသီသို့ ဆက်လက်ထွက်ခွာပါမည်။ ဗာရာဏသီသို့ရောက်လျှင် ဟိုတယ်သို့ check-in ဝင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဦးဟောရာ ဓမ္မရာဇိကစေတီ၊ သီရိလင်္ကာဓာတ်တော်တိုက် ချောက်ခဏ္ဏီစေတီ၊ မူလဂန္ဓကုဠီတိုက်တို့ကို နှင့် ကြီးကျယ်ခမ်းနားသော ခြင်္သေ့ကြီး ၄ ဆူ ရုပ်ထုကြီး သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Hotel တွင် သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

Day 3- ဗာရာဏသီ – သာဝတ္ထိ (B/L/D)

မနက်စောစောတွင် ဂင်္ဂါမြစ်မှာ လှေစီးပြီး ဂင်္ဂါမြစ်မှာ Sunrise ကို ကြည့်ပါမည်။ ထို့နောက်ဟိုတယ်တွင် နံနက်စာ ပြန်လည်သုံးဆောင်ပြီးနောက် သာဝတ္ထိသို့ ဆက်လက်ထွက်ခွာပါမည်။ သာဝတ္ထိသို့ရောက်လျှင် နေ့လည်စာသုံးဆောင်ပြီးနောက် Sightseeing လည်ပတ်ပါမည်။ ထို့နောက် မြတ်စွာဘုရား (၂၅) ဝါတိုင်တိုင် သီတင်းသုံးခဲ့သော ဇေတဝန်ကျောင်းတော်ရာ အတွင်းရှိ (အာနန္ဒာဗောဓိပင်) ရေတွင်းနေရာ၊ ဂန္ဓာကုဠီကျောင်းတော်ရာ၊ ရှင်သီဝလိကျောင်းတော်တို့ကို သွားရောက်ဖူးမြော်ပါမည်။ ကောသလမင်း၏ နန်းတော်ရာ၊ အင်္ဂုလိမာလကျောင်းတော်ရာ၊ စိဉ္စမာနမြေမြိုရာနေရာ၊ ဒေဝဒတ်မြေမြိုရာနေရာ၊ သရက်ဖြူကုန်းနေရာတို့ကို ပို့ဆောင်ပေးပါမည်။ ညပိုင်းတွင် Hotel သို့ ပြန်လည် ရောက်ရှိပြီး ညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။

Day 4 : သာဝတ္ထိ - လုမ္ဗိနီ (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် လုမ္ဗိနီသို့ ခရီးဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာကို လုမ္ဗိနီရှိ Hotelတွင် သုံးဆောင်ပါမည်။ ထို့နောက် လုမ္ဗိနီကျောင်းတိုက်အတွင်း၌ ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်ရာ အထိမ်းအမှတ်စေတီ၊ ပြတိုက် အသောက ကျောက်တိုင် နှင့် ရေပူရေအေးစီးဝင်ရာ ကန်များကို လေ့လာဖူးမြော်ပါမည်။ ညနေပိုင်းတွင် ဟိုတယ်သို့ ရောက်ရှိပြီး ညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။

Day 5 : လုမ္ဗိနီ - ကုသိနာရုံ (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် ကုသိနာရုံသို့ ဆက်လက်ထွက်ခွာပါမည်။ ကုသိနာရုံသို့ ရောက်ရှိပြီး ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားတေဇောဓာတ် လောင်ကျွမ်းရာ အင်္ဂါရစေတီ၊ မဟာပရိတ်နိဗ္ဗာနစေတီနှင့် နောက်ဆုံးရေကြည်တော် သောက်သုံးရာနေရာတို့ကို ဖူးမြော်ရန်အတွက် လိုက်လံပို့ဆောင်ပေးပါမည်။ ထို့နောက် Hotelသို့ ပြန်၍ ညနေစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။

Day 6 : ကုသိနာရုံ - ဝေသာလီ - ရာဇဂြိုလ် ( B/L/D )

နံနက်စာသုံးဆောင်ပြီး ဝေသာလီမှ ရာဇဂြိုလ်သို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်ပိုင်းတွင် ဝေသာလီသို့ရောက်ရှိပြီး နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ဝေသာလီရှိ ဒုတိယသင်္ဂါယနာတင်ရာ နေရာ၊ လိစ္ဆဝီမင်းများ၏ ဓာတ်တော်တိုက်နှင့် လစ္ဆဝီမင်းများ ခေါင်းဆေးမင်္ဂလာပြုရာကန်တို့ကို ဖူးမြော်လည်ပတ်ပြီးနောက် ရာဇဂြိုလ်သို့ ဆက်လက်ထွက်ခွာပါမည်။ ရာဇဂြိုလ်သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ညစာသုံးဆောင်ကာ အိပ်စက် အနားယူပါမည်။

Day 7 : ရာဇဂြိုလ် - နာလန္ဒာန် - ဂယာ ( B/L/D )

နံနက်စာသုံးဆောင်ပြီးနောက် ရာဇဂြိုလ်ရှိ ဝေဘူယျတောင်၊ ဂျပန်ငြိမ်းချမ်းရေးစေတီ၊ ဂိဇ္ဈကုဋ်တောင်၊ ဗိမ္ဗီသာရ အကျဉ်းထောင်နှင့် ဝေဠုဝန်ကျောင်းတော်နေရာတို့ကို သွားရောက်ပြီးနောက် ရာဇဂြိုလ်ရှိ Hotelတွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ဂယာသို့ ဆက်လက်ထွက်ခွာပြီး ညနေပိုင်းတွင် ဂယာရှိ Hotelသို့ ရောက်ရှိပါမည်။ ညစာသုံးဆောင်ကာ အိပ်စက်အနားယူပါမည်။

Day 8 : ဗုဒ္ဓဂယာ - Departure (B/L/-)

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီတော်တို့ကို သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် နေ့လည်စာပြန်လည်စားသုံးပြီးနောက် လေဆိပ်သို့ထွက်ခွာမှာဖြစ်ပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါသည်။

Included/Excluded

  • လေယာဉ်လက်မှတ်
  • ၇ ညတာ ဟိုတယ်
  • ခရီးစဉ်တလျှောက် ဖော်ပြထားသည့်အတိုင်း မနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တလျှောက် မှန်လုံအဲကွန်း Express ကား
  • ခရီးစဉ်တလျှောက် Sightseeing
  • အဆာပြေစားစရာများ
  • တစ်နေ့လျှင် ရေသန့်နှစ်ဘူး
  • လေဆိပ် အကြိုအပို့
  • ဗာရာဏသီရှိ ဂင်္ဂါမြစ်အတွင်း လှေစီးခ
  • ဗာရာဏသီ-သာရာဝတီ-လုမ္ဗိနီ-ရာဇဂြိုလ်-နာလန္ဒာန်-ဝေသာလီတွင် ပေးရမည့် ဝင်ကြေးများ
  • ရာဇဂြိုလ်ရှိ Cable Car စီးနင်းခ
  • တစ်ဦးတစ်ယောက်ချင်း၏ အသုံးစားရိတ်များ
  • ဟိုတယ် Room Service
  • ဝင်ကြေးများ နှင့် အခြားဘုန်းကြီးကျောင်း ၊ ဘုရားကျောင်းများတွင် နေထိုင်သည့်စားရိတ်များ
  • Cameraman, Helper, ဧည့်လမ်းညွှန်နှင့် Driver and Driver’s Helper အတွက် Charges များ
  • ခရီးစဉ်ကျန့်ကြာမှုကြောင့် (လေယာဉ် Delay ဖြစ်ခြင်း၊ Cancel ဖြစ်ခြင်း) အပိုကုန်ကျစရိတ်များ
  • ပွဲတော်ကာလများအတွင်း အခြားကုန်ကျစားရိတ်များ (New Year/ Christmas)
  • ခရီးသွား အာမခံ

Tour's Location

ဗုဒ္ဓဂါယာ-ဗာရာဏသီ-သာဝတ္ထိ-လုမ္ဗိနီ-ကုသိနာ-ဝေသာလီ-ဗုဒ္ဓဂါယာ

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,199 USD

Inquiry



    You might also like