from 2,529,000 MMK
Inquiry

MALAYSIA (Kuala Lumpur / Genting Highlands / Malacca Tour) 4D 3N Tour

0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက်: ဖေဖော်ဝါရီလ ၂၀ – ၂၃ ရက်၊ မတ်လ ၂၇ – ၃၀ ရက် ၂၀၂၅

 

TOUR PRICE PER PERSON WITH TWIN/ DOUBLE OR TRIPLE SHARING ROOM
4* Hotel10 pax15 pax25 paxSingle Supplement
(WITH Tour Leader)USD 735USD 646USD 556USD 180

 

Hotel Information
4 StarGenting HighlandHotel Resort Genting Highlands or similar
4 StarMalaccaHotel Swiss Garden Melaka or similar
4 StarKuala LumpurHotel Furama Bukit Bintang Kuala Lumpur (Superior Room - 04 Star - Centrally located Kuala Lumpur Golden Triangle & Linked Bridge to Mitsui Shopping Park LaLaport BUKIT BINTANG CITY CENTRE). or similar

No reservation has been made at this stage and confirmation may be subject to availability.

 

Flight Information
DateFlight No.SectorEtdEtaEstimated Price (USD)
20 Feb 8M 501RGN-KUL06:5011:05USD 290 - 350
23 Feb8M 502KUL-RGN12:0513:50
27 Mar8M 501RGN-KUL06:5011:05USD 290 - 350
30 Mar8M 502KUL-RGN12:0513:50

 

ငွေပေးချေမှု

  • ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့်တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

Itinerary

Day 1: ARRIVAL KUALA LUMPUR - GENTING HIGHLANDS (- /- / D)

မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် မလေးရှားနိုင်ငံ ကွာလာလံပူ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူဌာစွာ လာရောက်ကြိုဆိုမည်ဖြစ်ပါသည်။  မလေးရှား၏ အသစ်စက်စက်သော အစိုးရမြို့တော်ဖြစ်သော ပူတာရာဂျာမြို့သို့ စတင်သွားရောက်ကာ စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ခရီးစဉ် စတင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် နာမည်ကျော် Putrajaya Mosque, Wawasan Bridge တို့အား သွားရောက်လေ့လာကြရင်း Office of the Prime Minister အား အပြင်မှ မြင်တွေ့နိုင်ပါမည်။ ထို့နောက် Genting Highlands သို့ ကေဘယ်ကားဖြင့် ထွက်ခွာကြရင်း ကေဘယ်လ်ကားစီးရာ လမ်းတစ်လျှောက် အလွန်လှပသော ရင်သပ်ရှုမောဖွယ်ရာ တောင်ပေါ်ရှုခင်းများအား အပေါ်စီးမှ ပျော်ရွှင်စွာ ကြည့်ရှုခံစားကြပါမည်။ (ကေဘယ်လ်ကား လက်မှတ်ပါဝင်ပြီး) ညစာအား Genting Highlands ရှိ Gohtong Jaya Restaurant တွင် မလေးရှားရိုးရာဒေသအစားအစာများအား  သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် Genting Highlands တွင် လှည့်လည်လေ့လာကြပါမည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ 2000 တွင်တည်ဆောက်ထားသည့် Casino Resort ရှိရာ Genting Sky World Theme Park တွင် ကာစီနိုကစားရင်းဖြင့် မိမိတို့၏ ကံကြမ္မာအားလည်း စမ်းသပ်နိုင်မည်ဖြစ်ပါသည်။ (Genting Sky World Theme Park လက်မှတ်မပါဝင်ပါ။) Note: Genting Highlands တောင်ပေါ်တွင် ညအိပ်ရန်အတွက် အိတ်အသေးတစ်လုံးသာ ယူဆောင်လာရန်နှင့် Oversize Baggage အကြီးများပါလာပါက တောင်ပေါ်သို့မတက်မီ Awana SkyCentral တွင် အခမဲ့ အပ်နှံထားခဲ့နိုင်ပါသည်။

Day 2: GENTING HIGHLANDS - KUALA LUMPUR - MALACCA (B /L / D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူသို့ ပြန်လည်ထွက်ခွာရန် စတင်ကြပါမည်။ ခရီးလမ်းတွင် ထုံးကျောက်ဂူတန်းများတစ်လျှောက် မလေးရှားရိုးရာ မြင့်မြတ်သော ဓလေ့ထုံးတမ်းများရှိသည်ဟု ထင်ရှာကျော်ကြားသည့် သဘာဝထုံးကျောက်ဂူများအကြား ဘုရင် Murugan ၏ ရုပ်တု Tower ရှိရာ စိတ်ဝင်စားစရာ သဘာဝထုံးကျောက်တောင် Batu Caves တွင် ခေတ္တရပ်နားကာ လေ့လာကြပါမည်။ ထိုမှတဆင့် Duty-Free Store, နာရီဆိုင်နှင့် မလေးရှားရိုးရာ ပါတိတ်အထည်စက်ရုံတို့အား သွားရောက်လေ့လာလည်ပတ်ကြရင်း မလေးရှားအမှတ်တရအနေဖြင့် ဒေသထွက်ပါတိတ်များအားလည်း စိတ်ကြိုက်ဝယ်ယူနိုင်ကြပါမည်။ ထိုမှတဆင့် သမိုင်းဝင် Malacca ပြည်နယ်သို့ မထွက်ခွာမီ နေ့လည်စာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ Malacca သို့ ရောက်ရှိသည်နှင့် အလွန်ကျော်ကြားသော ပေါ်တူဂီခံတပ်ရှိရာ A Famosa၊ Red Square ဖြစ်သည့် Stadthuys နှင့် Jonker Street တို့သို့ သွားရောက်လည်ပတ်ကြပါမည်။ ယင်းခရီးစဉ်တစ်လျှောက် မလေးရှားနိုင်ငံ၏ ပထမဆုံး Coach Airways retail concept store ဖြစ်သည့် Freeport A’Famosa Outlet သို့ သွားရောက်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day 3: MALACCA – KUALA LUMPUR (B /L / D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကွာလာလမ်ပူမြို့သို့ (၂) နာရီခန့်ကြာ ကားစီးရင်းဖြင့် ပြန်လည်ထွက်ခွာကြပါမည်။ ကွာလာလမ်ပူမြို့သို့ ရောက်ရှိသောအခါ City Tour အနေဖြင့် National Mosque သမိုင်းဝင် Independence Square (Merdeka Square) နှင့် Sultan Abdul Samad Building ဘုရင့်နန်းတော် New King’s Palace (အပြင်မှသာ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။) အချို၊ ချော့ကလက်ကြိုက်သူများအတွက် ရင်ခုန်စရာ Chocolate House အေးချမ်းဖွယ်ရာ ဘုရားကျောင်းဆောင်တစ်ခုဖြစ်သည့် Thien Hau Temple စိတ်ကြိုက်ဓာတ်ပုံများဖန်တီးနိုင်ရန်အတွက် ကွာလာလမ်ပူမြို့၏အသည်းနှလုံးဖြစ်ရာ River of Life ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး စကျင်ကျောက်ဖြင့် အနုပညာလက်ရာမြောက်စွာ ဖန်တီးထားသည့် Merdeka 118 ကွာလာလမ်ပူမြို့၏ ရင်သပ်ရှုမောဖွယ်ရာ အဆောက်အအဦးလည်းဖြစ်ပြီး ကမ္ဘာကျော်အဆောက်အဦးလည်းဖြစ်ရာ Petronas Twin Towers တို့သို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ကြပါမည်။ အချိန်ရပါက နာမည်ကျော် Sunway Velocity Mall သို့ သွားရောက်ကာ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာအား ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check-in ဝင်ကာ အနားယူအိပ်စက်ကြပါမည်။

Day 4: KUALA LUMPUR – DEPARTURE (B /- / -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check-out ပြုလုပ်ကာ ကွာလာလမ်ပူမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာကြပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ထွက်ခွာကာ မမေ့နိုင်စရာ၊ အမှတ်ရစရာ ပျော်ရွှင်ဖွယ်ခရီးစဉ် ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း (သို့) သုံးဦးလျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • Government Tax
  • နေ့စဉ်သောက်ရေသန့်တစ်ဗူးစီ ဝန်ဆောင်မှု
  • ရန်ကုန် - ကွာလာလမ်ပူ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • ခရီးသွားအာမခံဝန်ဆောင်မှု
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှ ထိန်းချုပ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 2,529,000 MMK

Inquiry



    You might also like