from 1,800 USD
Inquiry

ပျော်ရွှင်ဖွယ်ရာ ကက်ရှ်မီးယား (၈)ညအိပ် (၉)ရက်ခရီးစဥ်

New Delhi – Srinagar – Gulmarg – Sonamarg – Agra – Jaipur - New Delhi
0/5
Duration

9D 8N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

Price Fare per person Minimum 10 pax group

USD 1800 per person (With Twin/Double sharing room)

USD 240 per person (Single Supplement)

Hotel Information

City3* Hotel
New DelhiHOTEL LOH MOD OR SIMILAR (The Lohmod)
AgraHOTEL PUSHP VILLA OR SIMILAR (Best hotels in Agra, Luxury hotels in Agra,3 star hotels in Agra (hotelpushpvilla.com)
JaipurHOTEL RUDRA VILLAS (Hotel Rudra Vilas - Jaipur, Rajasthan (rudravilasjaipur.com)
KashmirDELUXE HOUSEBOAT
SonamargHOTEL ZARINA SULTAN/ HOTEL BADAR PALACE RESORT

Flight Information:

DaysSectorFlight No.EtdEtaBaggage Allowance
Yangon – BKK
BKK - Delhi
TG 304
TG 331
19:00
23:25
20:55
02:20
25 Kg
Delhi – SrinagarAir India82707:3509:0515 Kg, 1 pc
Srinagar – DelhiAir India82809:4011:2015 Kg, 1 pc
Delhi – Yangon8M 62111:1015:2530 Kg

Itinerary

Day-1 Yangon Departure

အိန္ဒိယနိုင်ငံ၊ နယူးဒေလီလေဆိပ်သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ check in ၀င်ကာ အိပ်စက်အနားယူပါမည်။

Day-2 ARRIVE NEW DELHI (B/L/D)

နံနက်စာကိုဟိုတယ်တွင် သုံးဆောင်ပြီးနောက် နယူးဒေလီမြို့၏ အထိမ်းမှတ်တခုအဖြစ် လူသိများရာြဖစ်သော ပထမကမ္ဘာစစ်အတွင်း အိန္ဒိယစစ်သည် ၉၀,၀၀၀ ကျဆုံးသည့် အိန္ဒိယစစ်ပွဲ အထိမ်းအမှတ်ဖြစ်သော INDIA GATE သို့သွားရောက်လည်ပတ်ပါမည်။ သမ္မတအိမ်တော်နှင့် ပါလီမန်တို့အား ကားဖြင့်သွားရာတွင် မြင်တွေ့ရပါမည်။ နေ့လည်စာကိုဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ကြာပန်းပုံသဏ္ဌာန် ဗိသုကာလက်ရာဖြင့် ပုံဖော် တည်ဆောက်ထားသောကြောင့် ဒေလီမြို့၏ ထင်ရှားသောဆွဲဆောင်မှုတခုဖြစ်သည့် Lotus Temple သို့သွားရောက် လည်ပတ်ပါမည်။ ဟိန္ဒူစေတီတော်ထဲက အကြီးဆုံးတခုဖြစ်သော AKSHARDHAM ဘုရားကျောင်း ကို သွားရောက် လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် အိပ်စက်အနားယူပါမည်။

DAY 03: NEW DELHI – SRINAGAR – SONAMARG (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကတ်ရှ်မီးယားမြို့သို့ထွက်ခွာရန် လေဆိပ်သို့ ထွက်ခွာပါမည်။ ထို့နောက် အိန္ဒိယပြည်တွင်း လေကြောင်းလိုင်းဖြင့် Srinagar မြို့သို့ ထွက်ခွာပါမည်။ ကတ်ရှ်မီးယားလေဆိပ်သို့ ရောက်ရှိပြီးနောက် ဒေသစားသောက်ဆိုင်တွင် နေ့လယ်စာသုံးဆောင်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် ၃၀၀၀ မီတာ အမြင့်တွင်ရှိသော ကတ်ရှ်မီးယား ချိုင့်၀ှမ်း၏ အကြီးဆုံးမြစ်လက်တက် တခုဖြစ်ရာ Sindh တောင်ကြားလမ်းမှ တဆင့် SONAMARG သို့ လမ်းတလျှောက် အံ့မခမ်းမြင်ကွင်းအား ကြည့်ရှုခံစားရင်းကားဖြင့် ထွက်ခွာပါမည်။ (Srinagar မှ ၈၅ ကီလိုမီတာ အကွာတွင် ရှိပြီး ခန့်မှန်းကားမောင်းရန်ကြာချိန်မှာ ၂ နာရီခွဲခန့် ဖြစ်ပါသည်။) မိုင်ခြောက်ဆယ်ကျော် ရှည်လျားပြီး ချိုင့်ဝှမ်းနှင့် နက်နဲသော ကျောက်ဆောင် တံတားများကြားရှိ လှပသောမြက်ခင်းပြင်များနှင့် တောင်စောင်းများတစ်လျှောက် မျက်စေ့ပဒါသဖြစ်စရာ ရွာများနှင့် မြက်ခင်းကုန်းများရှိရာ Sindh တောင်ကြားမှတဆင့် Sonamarg သို့ ရောက်ရှိသောအခါ မိမိစိတ်ကြိုက် Activities များအား ကိုယ်ပိုင်အသုံးစရိတ်များဖြင့် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ရွှေတောင်ကြားဟုတင်စားခေါ်ဝေါ်ထားသည့် မိုးပြာရောင်နောက်ခံပန်းချီကားချပ်သဖွယ်ရှိရာ ကောင်းကင်ပြာ၏ဆန့်ကျင်ဘက်တွင် နှင်းထူထပ်သောတောင်များရှိရာ Sonamarg ရှိ Trout ငါးများလွန်စွာပေါများသည့် Sindh မြစ်တစ်လျှောက် ပျော်ရွှင်စွာငါးဖမ်းခြင်း၊ Snow Activities ပြုလုပ်ခြင်း၊ နွေရာသီကာလများအတွင်း အဓိကဆွဲဆောင်မှုတစ်ခုဖြစ်သော Thajiwas ရေခဲမြစ်အထိ မြင်းပုငှားရမ်းစီးခြင်းများအားလည်း ကိုယ်ပိုင်အစီအစဉ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်ပါမည်။ (ဖော်ပြပါ ACTIVITIES များပြုလုပ်လိုပါက ဧည့်သည်တော်များအနေဖြင့် ACTIVITIES အတွက် ကျသင့်ငွေများအား ကိုယ်တိုင် တိုက်ရိုက်ပေးချေရမည်ဖြစ်ပါသည်။) Ski Resort Hotel တွင် Check in ဝင်ပြီးနောက် ညစာသုံးဆောင်ပြီးကာ အနားယူအိပ်စက်ပါမည်။

DAY 04: SONAMARG – SRINAGAR (By Air) (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Srinagar သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လယ်စာအား Srinagar ရှိ ဟိုတယ်တွင် သုံးဆောင်ပြီးနောက် 1633 ခုနှစ်က တည်ဆောက်ခဲ့သော Tourist Attraction နေရာတခုဖြစ်ရာ မြို့တော် Srinagar ရှိ · NISHAT GARDEN · SHALIMAR GARDEN · TULIP ပန်းများဖြင့် လွန်စွာလှပသော TULIP GARDEN သို့ သွားရောက်လည်ပတ်ပါမည်။ ညနေပိုင်းတွင်Dal Lake (သို့) Nagin Lake အတွင်း Shikara စီးခြင်းအား ပျော်ရွှင်စွာ ပြုလုပ်ကြပါမည်။ ထိုမှတဆင့် ညစာသုံးဆောင်ပြီးနောက် ရေပေါ်အဆောက်အဦး Deluxe Houseboat သို့ check in ၀◌င်ကာ အနားယူအိပ်စက်ပါမည်။

Day 05: SRINAGAR – GULMARG - SRINAGAR (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပင််လယ်ရေမျက်နှာပြင်အထက် ၂၇၃၀ မီတာအကွာတွင်ရှိပြီး ကမ္ဘာပေါ်ရှိ နှင်းလျှောစီးရန်အကောင်းဆုံးဖြစ်သော GULMARG သို့ ထွက်ခွာပါမည်။ (Srinagar မြို့မှ ၆၅ ကီလိုမီတာအကွာတွင်ရှိပြီး ကားမောင်းရန်ခန့်မှန်းကြာချိန်မှာ ၁ နာရီဝန်းကျင်ဖြစ်ပါသည်။) GULMARG သို့ ရောက်ရှိပြီးနောက် နေ့လည်စာအား GULMARG ရှိ ဟိုတယ်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် ရင်ခုန်စိတ်လှုပ်ရှားစရာနှင့် အမှတ်တရများစွာကျန်ရစ်စေမည့် အာရှတွင် အမြင့်ဆုံးနှင့် အရှည်ဆုံး CABLE CAR အား စီးရင်း GULMARG ၏ ပတ်ဝန်းကျင်အလှအား ရင်ခုန်ကြည်နူးစွာ ခံစားကြပါမည်။ (ပန်းတောင်ကြားလမ်း) ဟု တင်စားခေါ်ဝေါ်ထားသည့် ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၀ မီတာ အကွာတွင်ရှိသော ကမ္ဘာပေါ်ရှိ အကောင်းဆုံး နှင်းလျှောစီးတောင်စောင်းများရှိရာနေရာ တစ်ခုဖြစ်သည့် GULMARG တွင် အခြားသော ACTIVITIES များအားလည်း ဧည့်သည်တော်များစိတ်ကြိုက် မိမိတို့၏ ကိုယ်ပိုင်အသုံးစရိတ်၊ အစီအစဉ်များဖြင့် ပျော်ရွှင်စွာပြုလုပ်နိုင်မည် ဖြစ်ပါသည်။ · Skiing & Snowboarding (နှင်းလျှောစီးခြင်း · Ice-Skating (ရေခဲပြင် စကိတ်စီးခြင်း) · Heli-Skiing (တောင်ပေါ်သို့ ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သည့် စကီ (နှင်းလျှော)စီးခြင်း) · Slazing (ဖော်ပြပါ ACTIVITIES များပြုလုပ်လိုပါက ဧည့်သည်တော်များအနေဖြင့် ACTIVITIES အတွက် ကျသင့်ငွေများအား ကိုယ်တိုင် တိုက်ရိုက်ပေးချေရမည်ဖြစ်ပါသည်။) ညနေပိုင်းတွင် မြို့တော် Srinagar သို့ ပြန်လည်ထွက်ခွာကာ ညစာအား House Boat ပေါ်တွင် သုံးဆောင်ပြီးနောက် အနားယူအိပ်စက်ပါမည်။

Day 06: SRINAGAR – NEW DELHI (By Air) - AGRA (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ NEW DELHI သို့ နယူးဒေလီမြို့သို့ ပြန်လည်ထွက်ခွာရန်လေဆိပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။နေ့လည်စာအားဒေသ စားသောက် ဆိုင် တွင် သုံးဆောင်ပြီးနောက် ထိုမှတဆင့် နယူးဒေလီမြို့သို့ အိန္ဒိယပြည်တွင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာပါမည်။ နယူးဒေလီမြို့မှတဆင့် နယူးဒေလီမြို့မှ ၂၃၅ ကီလိုမီတာအကွာအဝေးရှိ Agra မြို့သို့ ၄ နာရီခန့်ကြာ ကားဖြင့်ဆက်လက်ထွက်ခွာပါမည်။ ညစာ ကို ဒေသစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Day 07: AGRA - ABHANERI – JAIPUR (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ပြုလုပ်ပါမည်။ ထို့နောက် ဆင်စွယ်ဖြူရောင်စကျင်ကျောက်ဖြင့်တည်ဆောက်ထားသည့်အစ်စလာမ်ဘာသာဝင်များအထွတ်အမြတ် ထားရာနာမည်ကျော်TajMahalသို့သွားရောက်လည်ပတ်ပါမည်။ထို့နောက် အိန္ဒိယရှိ သမိုင်းဝင်ခံတပ် တစ်ခု ဖြစ်ရာ အိန္ဒိယနိုင်ငံ၏မြို့တော်ဟောင်းတစ်ခုလည်း ဖြစ်ခဲ့သည့် UNESCO အသိအမှတ်ပြုထားရာ Agra Fort တို့ကိုသွားရောက်လည်ပတ်ပါမည်။ နေ့လည်စာအား ဟိုတယ်တွင်သုံးဆောင်ပါမည်။ ထို့နောက်တွင် Jaipur သို့ဆက်လက်ထွက်ခွာပါမည်။ ထို့မှတစ်ဆင့် ၉ ရာစုက Gurjar မင်းလက်ထက်၊ ဘုရင် Raja Chand တည်ထောင်ခဲ့ရာ အလင်းလက်တောက်ပဆုံးမြို့တော်ဟု တင်စားခေါ်ဝေါ်ထားရာ မီးဆိုင်းများပမာ လှေကားထစ်များဖြင့် ရင်သပ်ရှုမောဖွယ်ရာ ဖန်တီးပုံဖော်ထားသည့် Abha-Neri သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Jaipur မြို့သို့ ဆက်လက်ထွက်ခွာပြီး ဟိုတယ်သို့ Check in ဝင်ပါမည်။ညစာကိုဟိုတယ်တွင်သုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

Day 08: JAIPUR – NEW DELHI (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Jaipur မြို့တော်ရှိ အနီရောင်၊ ပန်းရောင် သဲတုံးများဖြင့် တည်ဆောက်ထားရာ နန်းတော်တစ်ခုဖြစ်သည့် ၁၉၇၇ ခုနှစ်က Lalchand Usta ဒီဇိုင်းပုံဖော်ခဲ့ပြီး Sawai Pratap Singh တည်ဆောက်ခဲ့သည့် ငါးထပ်အမြင့်ရှိပြီး ပြတင်းပေါက်ပေါင်း ၉၅၀ ထက်မနည်းဖြင့်တည်ဆောက်ထားခဲ့သည့် Hawa Mahal သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မြို့ပြင်ရှိ ၄ ကီလိုပတ်လည်ရှိပြီး Jaipur မြို့မှ ၁၁ ကီလိုမီတာအကွာအဝေးတွင်ရှိသည့် Amber Fort သို့သွားရောက်လည်ပတ်ပါမည်။ Amber Fort တွင် (One Way) ပျော်ရွှင်စွာ ဆင်စီးကြပါမည်။နေ့လည်စာကို ဟိုတယ်တွင်သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက်PinkCity၏အသည်းနှလုံးဟုတင်စားခေါ်ဝေါ် ထားသည့် မြို့တော် Jaipur တည်ထောင်စဉ်အခါကတည်းက တည်ထောင်ခဲ့ရာ City Palace သို့ သွားရောက်လည်ပတ်ရင်း City Palace Complex အတွင်းရှိ Chandra Mahal, Mubarak Mahal နှင့် အခြားသော အဆောက်အဦးများအား လေ့လာလည်ပတ်ကြပါမည်။ City Palace အား အေဒီ ၁၇၂၉ နှင့် ၁၇၃၂ ကြားက ဘုရင် Sawai Jai Singh II က တည်ထောင်ခဲ့ပါသည်။ ထိုနောက် ၁၈ ရာစုက တည်ဆောက်ခဲ့သည့် ရေနန်းတော်ဟု တင်စားခေါ်‌ ဝေါ်သည့် အနီရောင်သဲတုံးများဖြင့် ဖန်တီးတည်ဆောက်ထားသော Jaipur မြို့တော်ရှိအကြီးဆုံးရှိMansarovaraရေကန်အလယ်ရှိငါးထပ်အဆောက်အဦးJaiMahalသို့သွားရောက်လည်ပတ်ပါမည်။ထိုမှတစ်ဆင့်NewDelhiသို့ပြန်လည်ထွက်ခွာပါမည်။ညစာကိုနယူးဒေလီရှိဟိုတယ်တွင်သုံး ဆောင် ပြီးနောက် နယူးဒေလီရှိ ဟိုတယ်သို့ Check in ဝင်ကာ အိပ်စက်အနားယူပါမည်။

Day 09: NEW DELHI - DEPARTURE (B/-/-)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်CHECK OUTပြုလုပ်ကာ နယူးဒေလီရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ထွက်ခွာပါမည်။ထိုမှတဆင့်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ပျော်ရွှင်ဖွယ် ခရီးစဉ် ပြီးဆုံးမည် ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် ဟိုတယ်များတွင် တည်းခိုခွင့် (တစ်ခန်းလျှင် ၂ ဦးနှုန်း)
  • ရန်ကုန် - နယူးဒေလီ - ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်
  • နယူးဒေလီ - Srinagar - နယူးဒေလီ အသွားအပြန်လေယာဉ်လက်မှတ်
  • ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • သီးသန့်အကြို၊ အပို့ ကားဝန်ဆောင်မှုနှင့် ခရီးစဉ်တစ်လျှောက် သီးသန့်မော်တော်ယာဉ်ဝန်ဆောင်မှု
  • Ride (Cable car ride upto first phase in Gulmarg
  • Jeep ride at Amber Fort (One Way),
  • Elephant ride at Amber Fort (One Way)
  • English speaking guide
  • Two bottles of mineral water per pax per day
  • Entrance fees as per itinerary
  • India Visa
  • Tipping for Guide & Driver (USD 5 per pax per day) -USD 5 x 10 pax =50 USD
  • Any hike of government taxes, personal expenses & any supplement charges
  • Services which are not mentioned above
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော အပိုလည်ပတ်မှုများနှင့် စားသောက်ဆိုင်နှင့် ဟိုတယ်များတွင်အပိုမှာယူသုံးစွဲ၊စားသောက်ခြင်းများ
  • ခရီးစဉ်တစ်လျှောက် မိမိတို့သဘောဆန္ဒအလျောက် ပေးကမ်းသော သဒ္ဒါကြေးများ

Tour's Location

New Delhi – Srinagar – Gulmarg – Sonamarg – Agra – Jaipur - New Delhi

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,800 USD

Inquiry



    You might also like