from 0 review
6D 5N
Specific Tour
1 person
English, Myanmar
Hotel Information
Novotel Bur Dubai 4* or Aloft Al Mina 4* Hotel
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့သို့ အပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် ရောက်ရှိပြီးနောက် ဒေသခံဧည့်လမ်းညွှန်မှ လေဆိပ်တွင်လာရောက်ကြိုဆိုနှုတ်ဆက်ပါမည်။ ထို့နောက်နေ့လယ်စာသုံးဆောင်ရန် Asiana Grand Hotel သို့ သီးသန့်အဲကွန်းကားဖြင့် ထွက်ခွာပါမည်။ နေ့လယ်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းချောင်းအတွင်း အာရပ်ရိုးရာ Abra လှေစီးပြီး ဒူဘိုင်းမြို့၏အလှအပများကို ခံစားကြပါမည်။ ထို့နောက် ရွှေငွေနှင့်ကျောက်မျက်ရတနာများရောင်းချရာ Gold Souk, ရှားပါးဟင်းခတ်အမွှေးအကြိုင်မျိုးစုံ ရောင်းချသော Spice Souk တို့သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဒူဘိုင်းမြို့၏နာမည်ကျော် Dubai Frame တွင် နေဝင်ချိန်ကို ကြည့်ရှုခံစားကြပါမည်။ ညစာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ် check-in ဝင်ပြီး တစ်ညတာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ကြပြီးနောက် ဒူဘိုင်းမြို့သစ် city Tour ကို ဒေသခံအင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်နှင့်အတူ လည်ပတ်ကြပါမည်။ မိုးမျှော်အဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် Dubai Marina, ဒူဘိုင်းမြို့၏နာမည်ကျော်ကမ်းခြေ Jumeirah Beach, 7 star hotel Burj Al Arab စသည့်နေရာများကို လည်ပတ်ပါမည်။ ထို့နောက် လူဖန်တီးထားသော အုန်းပင်ကျွန်းတလျှောက် ဆက်သွယ်ထားသည့် monorail မီးရထားကို Gateway ဘူတာမှ Atlantis ဘူတာအထိစီးနင်းကြပါမည်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ ခေတ္တအနားယူကြပါမည်။ ညနေပိုင်းတွင် သဲကန္တာရအတွင်း Premium Desert Safari အတွေ့အကြုံခံစားနိုင်ရန် သီးသန့်ကားများဖြင့် ပို့ဆောင်ပေးပြီးနောက် BBQ ညစာသုံးဆောင်ကြပါမည်။ (Desert Safari အတွက် Land Cruiser ကားတစ်စီးလျှင် လူ ၅ ဦးနှုန်းဖြင့် စီးနင်းရပါမည်)။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ တစ်ညတာအိပ်စက်အနားယူကြပါမည်။
ဟိုတယ်တွင်မနက်စာသုံးဆောင်ကြပြီးနောက် Dubai City Tour ကို ဒေသခံအင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်နှင့် အတူ လည်ပတ်ပါမည်။ ထူးခြားသောဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသော ခေတ်လွန်အသုံးအဆောင် ပစ္စည်းများ ပြသထားသည့် Museum of the Future ပြတိုက်သို့ သွားရောက်လေ့လာကြပါမည်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဆက်လက်၍ ကမ္ဘာ့အကြီးဆုံးရှော့ပင်းမောလ်များအနက် တစ်ခုဖြစ်သော Dubai Mall တွင် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်သော Burj Khalifa Tower ၏ (၁၂၄) ထပ်သို့တက်ရောက်ပြီး ဒူဘိုင်းမြို့၏ နေဝင်ချိန်ကို ကြည်ရှုခံစားကြပါမည်။ ညစာကိုဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဟိုတယ်သို့ပြန်ပြီး တညတာအိပ်စက်အနား ယူကြပါမည်။
ဟိုတယ်တွင် မနက်စာသုံးဆောင်ကြပြီးနောက် VIP Limousine ဇိမ်ခံကားကြီးဖြင့် မြို့တစ်ပါတ် (၁)နာရီခန့်ကြာ အောင် လည်ပတ်ကြပါမည်။ ဆက်လက်ပြီး ဇိမ်ခံရွက်လှေဖြင့် ပါရှန်းပင်လယ်အတွင်းရွက်လွှင့်ရင်း ပင်လယ်ပြင် ရှုခင်းများကို ခံစားကြပါမည်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် Marina Walk တွင် လည်ပတ်ကြပါမည်။ ပြီးလျှင် ဒူဘိုင်းမြို့ရှိ အကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်သော Mall of Emirates တွင် ဈေးဝယ်ထွက်ပါမည်။ ညပိုင်းတွင် Lotus Mega Yacht ပေါ်တွင် တည်ခင်းသောဘူဖေးညစာကိုသုံးဆောင်ကြ ပြီးနောက် ဟိုတယ်သို့ပြန်ပြီး တညတာအိပ်စက်အနားယူကြပါမည်။
မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် ဒေသခံအင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်နှင့်အတူ Abu Dhabi မြို့ သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Grand Mosque နှင့် BAPS Hindu Temple တို့ကို သွားရောက်လေ့ လာကြပါမည်။ နေ့လယ်စာကို Sofitel Abu Dhabi Corniche တွင် သုံးဆောင်ကြပါမည်။ နေ့လယ်စာသုံးဆောင်ပြီး သည့်နောက် ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာများဖြင့် ပြည့်နှက်နေသော Ferrari World သို့သွားရောက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ဆက်လက်ပြီး အရှေ့အလယ်ပိုင်းဒေ သထွက်စွန်ပလွံသီးများရောင်းချရာ Dates Market နှင့် ရွှေမှုန်များဖြင့်ဖျော်စပ်ထားသည့် ရွှေကော်ဖီကိုမြည်းစမ်းပြီး သည့်နောက် Emirates Palace Hotel တို့ကိုသွားရောက်လည်ပတ်ကြပါမည်။ ညစာကို Atlantis the Royal Hotel တွင် ကမ္ဘာ့အကြီးဆုံးအင်တာနေရှယ်နယ်ဘူဖေးဖြင့် သုံးဆောင်ကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်၍ တစ်ညတာကို ငြိမ်းချမ်းစွာအိပ်စက်အနားယူကြပါမည်။
မနက်စာကိုဟိုတယ်တွင် သုံးဆောင်ကြပြီးနောက် ဒူဘိုင်းမြို့၏အကောင်းဆုံးရွှေထည်ပစ္စည်းများ ရောင်းချပေးနေ သော Deity City Center တွင်ဈေးဝယ်ထွက်ရင် အမျိုးမျိုးသော ရွှေထည်များကိုကြည့်ရှုလေ့လာကြပါမည်။ နေ့လယ်စာကို ဒေသစားသောက်ဆိုင်တစ်ဆိုင်တွင် သုံးဆောင်ကြပြီးနောက် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာကြပါမည်။ ထိုမှတဆင့် အပြည်ပြည်ဆိုင်ရာလေကြောင်းဖြင့် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာပြီး ပျော်ရွှင် ကြည်နူးဖွယ်ရာခရီးစဉ်လေး ပြီးဆုံးမည်ဖြစ်ပါသည်။
Leave a reply