from 1,450 USD
Inquiry

ရန်ကုန် – ဟောင်ကောင် – မကာအို – ရန်ကုန်

Yangon - Hong Kong - Macau - Yangon
0/5
Duration

6D 5N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

ခရီးစဉ်ထွက်ခွာမည့်ရက်

· ဇွန်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ

Travel Length    :  5N 6D
Travel Period     :   11th    to    16th    June   2025
Price                      :  USD 1450 (လူဦးရေ  10 ယောက်မှစပြီး   တယောက်လျှင် 1450 USD  နှုန်းဖြင့် သွားနိုင်ပါသည်)
Itinerary                :  ရန်ကုန် – ဟောင်ကောင် – မကာအို  – ရန်ကုန် ၅ ညအိပ် ၆ ရက်ခရီးစဉ်
Hotel                      : 4 Stars​

 

ငွေပေးချေမှု

  • · ခရီးစဉ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် မလိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ခရီးစဉ်မထွက်ခွာမှီ (၂) ပတ်အလိုတွင် ပေးချေရပါမည်။
  • · ဗီဇာလျှောက်ထားရန် လိုအပ်သောနိုင်ငံများအတွက် ခရီးစဉ်ကြေးကျန်ငွေအားလုံးကို ဗီဇာရရှိပြီးသည်နှင့် တပြိုင်နက် ပေးချေရမည်ဖြစ်ပြီး ဧည့်သည်တော်များ၏ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ကြောင့် သက်ဆိုင်ရာသံရုံးမှ ဗီဇာငြင်းဆိုခြင်းခံရပါက ဗီဇာလျှောက်ထားခြင်းအတွက် ပေးသွင်းထားသောငွေကြေးသည် Non-refundable ဖြစ်သောကြောင့် မိမိတို့ကုမ္ပဏီမှ ပြန်လည် ပေးအပ်မည်မဟုတ်ပါ။
  • · ငွေပေးချေပါက USD (သို့မဟုတ်) ငွေပေးချေသည့်နေ့၏ USD ပေါက်ဈေးနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရပါမည်။

 

TERMS & CONDITIONS:

  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ထွက်ခွာမည့်ရက် မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခရီးစဉ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · ခရီးစဉ်များအတွက် သတ်မှတ်ရက်ထက်နောက်ကျ၍ Booking ပြုလုပ်ပါက လေယာဉ်လက်မှတ် ဈေးနှုန်းအပြောင်းအလဲပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဉ်ထားသောခရီးစဉ်အတိုင်း ဖြစ်စေရန် အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဉ်ပြောင်းလဲ ပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့် ရှိစေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် ဗီဇာရရှိပြီးဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရှိ လေဆိပ် Immigration ကောင်တာတွင် မိမိတို့၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကြောင့် ပြည်ဝင်ခွင့်မရရှိပါက ဧည့်သည်တော်များ၏ တာဝန်သာဖြစ်ပြီး Oway Travel ၏ ဝန်ဆောင်မှုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။

 

REMARK:

အထက်ဖော်ပြပါဈေးနှုန်းများအတွက် လတ်တလောတွင် မည်သည့် Booking မျှ ပြုလုပ်ထားခြင်းမရှိပါကြောင်းနှင့် Booking ပြုလုပ်ချိန်တွင် သွားရောက်လည်ပတ်မည့်နိုင်ငံများ၏ ပွဲတော်ရက်များ၊ ဟိုတယ်အခန်းရရှိမှု အခြေအနေများနှင့် လေယာဉ်လက်မှတ်ရရှိမှုအခြေအနေများစသည့် အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ခရီးစဉ်ဈေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်။

 

ဟောင်ကောင် နှင့် မကာအို၏ ရာသီဥတုနှင့် လမ်းညွှန်ချက်များ

*မှတ်ချက် – အပူချိန် 25°C မှ 33°C အတွင်း ပူပြင်းစိုစွတ်ပြီး မိုးရွာနိုင်ခြင်းကြောင့် ပေါ့ပါးသော အဝတ်အစားများနှင့် မိုးကာများ ယူဆောင်လာသင့်ပါသည်။

Itinerary

Day-1 Yangon – Hong Kong (- /နေ့လည်စာ/ ညနေစာ)

· ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ သုဝဏဘူမိ လေဆိပ်သို့ ရောက်ရှိပြီး ထိုမှတဆင့် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဆက်လက်ထွက်ခွာပါမည်။ · ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသောအခါ ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပြူငှာစွာ လာရောက်ကြိုဆိုပြီးနောက် ညစာအား ဒေသစားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ပါမည်။ · ထို့နောက် ညစာအား သုံးဆောင်ပြီး ဟိုတယ်သို့ Check in ဝင်ကာ အနားယူအိပ်စက်ပါမည်။

Day-2 Hong Kong Disney Land (နံနက်စာ/နေ့လည်စာ/ညစာ)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Hong Kong Disney Land သို့ သီးသန့် ကားဖြင့် ပို့ဆောင်ပြီး ပျော်ရွှင် စိတ်လှုပ်ရှားစွားဖြင့် သွား‌ရောက်လည်ပတ်ပါမည်။ (Driver only, no guide) · Disney Land တွင်ရှိသော စိတ်လှုပ်ရှားဖွယ်ရာ နေရာ၊ ရှုခင်းများ၊ ဆွဲဆောင်မှုရှိပြီး ရင်သပ်ရှုမောဖွယ်ရာ ရှိုးများနှင့် ပန်းခြံ အတွင်းရှိ လှပသော အပြင်ဆင် များကို ခံစားရင်း တနေ့တာကို စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။နေ့လည်စာကိုလဲ Disney Land တွင်ရှိသော စားသောက်ဆိုင်တွင် အရသာရှိစွာ သုံးဆောင်ကြပါမည်။ · လှပသော ပန်းခြံတွင် ပျော်ရွှင်စွာ တနေ့လုံးကုန်ဆုံးပြီးနောက် ညစာကို ဟောင်ကောင်မြို့ထဲတွင် အရသာ ရှိရှိ သုံးဆောင်ကြပါမည်။ · ညစာ သုံးဆောင်ပြီး ဟိုတယ်သို့ ပြန်ကာ အနားယူအိပ်စက်ပါမည်။

Day-3 Hong Kong – Ocean Park (နံနက်စာ/နေ့လည်စာ/ညစာ)

· ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ocean Park သို့ သီးသန့် ကားဖြင့် ပို့ဆောင်ပြီး ပျော်ရွှင် စိတ်လှုပ်ရှားစွားဖြင့် သွား‌ရောက်လည်ပတ်ပါမည်။ (Driver only, no guide) · Ocean Park သို့ရောက်လျှင် အလွန်လှပသော ရေအောက်ကမ္ဘာသို့ သွားရောက်လည်ပတ်ပြီးနောက် လှပ ဆန်းပြား၍ ဆွဲဆောင်မှုရှိသော လည်ပတ်စရာများကို လည်းသွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် နေ့လည်စာအား Ocean Park တွင် အရသာရှိရှိ သုံးဆောင်ပါမည်။ · Ocean Park တွင် သွားရောက်လည်ပတ်ပြီးနောက် ညနေခင်းတွင် ညစာကို ဟောင်ကောင်မြို့ထဲရှိ ဒေသစားသောက်ဆိုင်တွင် အရသာရှိရှိ သုံးဆောင်ပါမည်။ · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။

Day-4 Hong Kong - Lantau Tour (နံနက်စာ/နေ့လည်စာ/ညစာ)

· ဟိုတယ်တွင် အရသာ ရှိသော နံနက်စာ သုံးဆောင်ပြီးနောက် ကျွန်း၏ ရင်သပ်ရှုမောဖွယ်ရာ အလှအပကို NP360 Cable Car ဖြင့် Lantau Tour ကို စတင်လည်ပတ်ပါမည်။ သွားရောက်လည်ပတ်မည့်နေရာသို့ သီးသန့်ကား ဝန်ဆောင်မှုဖြင့် အသွားအပြန် (Driver only, No Guide) ကို သက်တောင့်သက်သာဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။ · နေ့လည်စာကို ဒေသစားသောက်ဆိုင်များတွင် အရသာရှိရှိ သုံးဆောင်ပါမည်။ · တနေကုန် သွားရောက်လည်ပတ်ပြီးနောက်တွင် ညနေစာအား အရသာရှိသော ဒေသစားသောက်ဆိုင်တွင် တည်ခင်းဧည့်ခံမည်ဖြစ်သည်။ · ညစာကို အရသာရှိစွာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာအနားယူမည်ဖြစ်ပါသည်။

Day 5 Hong Kong - Macau (နံနက်စာ/နေ့လည်စာ/ညစာ)

· နံနက်စာ သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out လုပ်ပြီး မကာအိုမြို့သို့ ဖယ်ရီဖြင့် ထွက်ခွာပါမည်။ မကာအိုဆိပ်ခံတံတားသို့ရောက်ပြီးသည်နှင့် တပြိုင်နက် မကာအိုမြို့ကို စတင်၍လည်ပတ်ပါမည်။ · မကာအို သို့ရောက်ရှိသည်နှင့် အလွန်လှပ၍ လက်ရာမြောက်သော သမိုင်းဝင်နေရာများဖြစ်ပြီး မကာအိုမြို့ ၏ ယဉ်ကျေးမှူ အမွေအနှစ်များကို စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများနှင့်အတူ ရောယှက်ထားသည့် St.Paul ဘုရားကျောင်း ပျက်ကြီးဆီသို့ သွားရောက်လည်ပတ်ပြီးသည့်နောက် ရှေးဟောင်း Ama ဘုရားကျောင်း နှင့် Senado ရင်ပြင် သို့ ဆက်လက် သွားရောက်လေ့လာ လည်ပတ်ကြပါမည်။ · နေ့လည်စာကို မကာအိုရိုးရာ အစားအသောက်များဖြင့် ဒေသစားသောက်ဆိုင်တွင် အရသာရှိရှိ သုံးဆောင်ပါမည်။ · နေ့လည်စာသုံးဆောင်ပြီးနောက် သာယာဝပြောမှုကို ကိုယ်စားပြုသည့် ရွှေရောင်ကြာပန်းရုပ်ထုသို့ ဆက်လက်သွားရောက်လည်ပတ်မည်ဖြစ်သည်။ ထို့နောက် Fisherman Warf’s ရှိသော ကမ်းနားသို့ သွားရောက်ကာ ဖျော်ဖြေရေး များကို ကြည့်ရှုပြီး ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမည်။ · ညစာကို ဒေသစားသောက်ဆိုင်တွင် ရိုးရာ အစားသောက်များဖြင့် အရသာ ရှိစွာ သုံးဆောင်ပါမည် · ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check in ဝင်ပြီးနောက် အနားယူအိပ်စက်ပါမည်။

Day-6 Hong Kong – Yangon (နံနက်စာ/-/-)

· ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out လုပ်ပါမည်။ ထို့နောက်တွင် မကာအိုမှ ဟောင်ကောင်သို့ ဖယ်ရီဖြင့် ပြန်လာပါမည်။ · ဟောင်ကောင်သို့ရောက်ပြီးလျှင် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုမှတဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ပါသည်။

Included/Excluded

  • ခရီးစဉ်တစ်လျှောက် Air Conditioned သီးသန့်ကားဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသည့် ဟိုတယ်များတွင် တည်းခိုခြင်း (နှစ်ဦးလျှင်တစ်ခန်းနှုန်း လျှင် တစ်ခန်းနှုန်း)
  • ခရီးစဉ်တစ်လျှောက် မနက်စာ ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တစ်လျှောက် ဖော်ပြထားသောလည်ပတ်မှုများနှင့် ဝင်ကြေးများ
  • နေ့စဉ်သောက်ရေသန့်တစ်ဗူးစီ ဝန်ဆောင်မှု
  • ရန်ကုန် - ဟောင်ကောင်- ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်များ
  • Guide နှင့် Driver တို့အတွက် မိမိတို့စိတ်ကြိုက်ထပ်မံ၍ပေးလိုသော အပိုသဒ္ဒါကြေး
  • မိမိတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ်နှင့် အပိုအသုံးစရိတ်များ၊ Cigarettes၊ Laundry, Telephone call, Mini-bar, Drinks, Beverage အစရှိသဖြင့်
  • ဟိုတယ်များတွင် Early Check in နှင့် Late Check out ဝန်ဆောင်မှုများ
  • မိမိတို့ကုမ္ပဏီမှထိန်းချုပ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် မည်သည့်အပိုကုန်ကျစရိတ်မျိုးမဆို (ဥပမာ. သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက်ထိခိုက်မှုများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲရေးဆွဲရခြင်းများ၊ အဓိကရုဏ်းဖြစ်ပွားမှုများ၊ တိုက်ခိုက်မှုများ၊ အစရှိသဖြင့်)
  • ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မည်သည့်ဝန်ဆောင်မှုမျိုးမဆို

Tour's Location

Yangon - Hong Kong - Macau - Yangon

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 1,450 USD

Inquiry



    You might also like