from 690 USD
Inquiry

Yangon – Hanoi – Sapa (3N4D)

Yangon – Hanoi – Sapa
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

Travel Date : 29 Dec 2024 – 1 Jan 2025

                       24 Jan 2025 – 27 Jan 2025

Price : USD 690 ++

Itinerary

Day (01) ရန်ကုန် - ဟနွိုင်း ( - / - / D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပါမည်။ ဟနွိုင်း Noi Bai  လေဆိပ်သို့ ဒေသစံတော်ချိန် ညပိုင်းတွင် ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီး ညစာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် ဟနွိုင်းဟိုတယ်တွင် Check in ဝင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ Hotel : TBA

Day (02) ဟနွိုင်း - ဆာပါ ( B/ L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ပါမည်။ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ဘက်ရှိ တောင်ပေါ်မြို့လေးဖြစ်သည့် ဆာပါသို့ ကားဖြင့် ထွက်ခွာကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး Hmong တိုင်းရင်းသားများ နေထိုင်ရာ Cat Cat Village နှင့် ရေတံခွန်သို့ သွားရောက်လည်ပတ်ကာ ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြပြီး ဓာတ်ပုံလှလှ‌လေးများ ရိုက်ကူးနိုင်သည့် Little Bali ဟု နာမည်ကျော်ကြားသော Moana Café Sapa သို့သွားရောက် လည်ပတ်ပြီး ညစာသုံးဆောင်ကာ ဟိုတယ်တွင်  Check in ဝင်ပြီး တစ်ညတာ အိပ်စက်အနားယူပါမည်။ Hotel : TBA

Day (03) ‌ဆာပါ - ဟနွိုင်း ( B/ L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အမြင့်ဆုံးတောင်ထိပ် တစ်ခုဖြစ်သည့် Fansipan (3143 m)သို့ Cable Car ဖြင့် တက်ရောက်ပြီး တောင်၏အမြင့်ဆုံးနေရာတွင် အမှတ်တရဓာတ်ပုံများ စိတ်ကြိုက်ရိုက်ကြပြီး နေ့လည်စာသုံးဆောင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ကားဖြင့်ဆက်လက်ထွက်ခွာကြပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ် Check in ဝင်ကာ တစ်ညတာ အိပ်စက်အနားယူကြပါမည်။ Hotel : TBA

Day (04) ဟနွိုင်း - ရန်ကုန် ( B/ L / -)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check out ထွက်ကာ ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးဖခင် Hochiminh Mausoleum , ဟိုချီမင်းနေထိုင်ခဲ့သည့် အိမ်နှင့် ပန်းခြံ, ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သည့် One Pillar Pagoda, ရှေးအကျဆုံး တက္ကသိုလ်ဖြစ်သည့် Temple of Literature,သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး Lotte West Lake Shopping Mall တွင် အိမ်ပြန်အမှတ်တရလက်ဆောင်များ ဝယ်ယူကြပြီး ရန်ကုန်ပြန်ရန် လေဆိပ်သို့ ဆင်းကြပါမည်။ ထို့နောက် MAI လေကြောင်းလိုင်းဖြင့် Check in ဝင်ကာ ရန်ကုန်လေဆိပ်သို့ ည (၉း၃၀)တွင် ပြန်လည်ရောက်ရှိပါမည်။

Included/Excluded

  • ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်များတွင် (၃) ညတာ တည်းခိုခွင့် (Twin/ Double/ Triple Sharing)
  • ရန်ကုန် - ဟနွိုင်း - ရန်ကုန် လေယာဉ်လက်မှတ်
  • ခရီးစဉ်တစ်လျှောက် သီးသန့် Air-con Car ဝန်ဆောင်မှု
  • ခရီးစဉ်တွင်ဖော်ြပထားသော နံနက်စာ (B)၊ နေ့လည်စာ (L)၊ ညစာ (D)
  • ခရီးစဉ်အတွင်း ဖော်ပြထားသောနေရာများ၏ ဝင်ကြေးများ
  • Sapa တွင် Fansipan တောင်တက် Cable ကားခ, ရထားခများ
  • ဒေသခံအင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  • ခရီးစဉ်တစ်လျှောက် မြန်မာ Tour Leader ဝန်ဆောင်မှု
  • လူတစ်ဦးလျှင် နေ့စဉ်အတွက် သောက်ရေသန့် (၂) ဗူးစီ
  • Tipping for Guide & Driver
  • တစ်ဦးချင်းစီအတွက် ခရီးသွားအာမခံကြေး
  • ခရီးစဉ်အတွင်း ဖော်ပြထားခြင်းမရှိသော ဝန်ဆောင်မှုများ၊ အပိုလည်ပတ်မှုများ, Activity များ အသုံးပြုခြင်းများ
  • စားသောက်ဆိုင်နှင့် ဟိုတယ်များတွင်အပိုမှာယူသုံးစွဲ၊စားသောက်ခြင်းများ
  • ကိုယ်ပိုင်အသုံးစရိတ်များ
  • ဟိုတယ်အတွင်းရှိ minibar, အခပေးအင်တာနက်, အခပေးရုပ်သံလိုင်းများ, phone call, laundry,etc… အသုံးပြုခြင်းများ
  • Early Check in & Late Check out
  • လေကြောင်းလိုင်းတွင် သတ်မှတ်ကီလိုထက်ပိုသော ဝန်ပိုကီလိုကြေးများ
  • မိမိကုမ္ပဏီမှ ထိန်းချုပ်ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် မည်သည့်အပိုကုန်ကျ စားရိတ်မျိုးမဆို (ဥပမာ - သဘာဝဘေးအန္တရာယ်များ၊ လေယာဉ်ချိန်နောက်ကျခြင်းများ၊ ရုတ်တရက် ထိခိုက်မှုများ၊ သက်ဆိုင်ရာ ဒေသအခြေအနေများကြောင့် ခရီးသွားနေစဉ်အတွင်း ခရီးစဉ်ပြောင်းလဲ ရေးဆွဲရခြင်းများ အစရှိသဖြင့်)

Tour's Location

Yangon – Hanoi – Sapa

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 690 USD

Inquiry



    You might also like