from 72 USD
Inquiry

Bagan Tour Sightseeing Package

Bagan
0/5
Duration

4D 3N

Tour Type

Specific Tour

Group Size

1 person

Languages

English, Myanmar

Overview

From 01st March to 30th April 2025 (Except 11st to 21st April 2025)

Hotel & Room TypeGrantee PersonPrices per person in MMK (TWIN OR TRIPLE SHARING ROOM)Single Supplement in MMK
Hotel Yadanabon

Bagan (3***) with

Superior Room or

Similar Hotel in Bagan
2 Pax325,00075,000
3 Pax285,00075,000
4-6 Pax275,00075,000
7-9 Pax255,00075,000
10 - 12 Pax235,00075,000

 

From 11st to 21st April 2025 (Thingyan Festival Days)

Hotel & Room TypeGrantee PersonPrices per person in MMK (TWIN OR TRIPLE SHARING ROOM)Single Supplement in MMK
Hotel Yadanabon

Bagan (3***) with

Superior Room or

Similar Hotel in Bagan
2 Pax469,00080,000
3 Pax385,00080,000
4-6 Pax375,00080,000
7-9 Pax330,00080,000
10 - 12 Pax290,00080,000

 

Payment Terms & Conditions:

  • · ခရီးစဥ်လိုက်ပါရန် သဘောတူညီပြီးဖြစ်ပါက ပထမအရစ်ပေးချေမှုအနေဖြင့် Confirm ပေးသည့်အချိန်တွင် ၅၀% ပေးချေရပါမည်။
  • · ဧည့်သည်တော်များအနေဖြင့် စရံငွေပေးချေပြီး အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ်ထွက်ခွာမည့်ရက်၏ (၂) ပတ်မတိုင်မီနှင့် (၃) ပတ်အတွင်း Cancellation ပြုလုပ်ပါက စရံငွေဆုံးရှူံးမည်ဖြစ်ပါသည်။
  • · ငွေအကြေပေးချေပြီး ဧည့်သည်တော်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဥ်ထွက်ခွာမည့်ရက်မတိုင်မီ (၂) ပတ်အတွင်း Cancellation ပြုလုပ်ပါက ခခရီးစဥ်တစ်ခုလုံး၏ ကုန်ကျစရိတ်အား Cancellation Charges အဖြစ် ကောက်ခံမည် ဖြစ်ပါသည်။
  • · မိမိတို့ Company အနေဖြင့် စီစဥ်ထားသောခရီးစဥ်အတိုင်းဖြစ်စေရန် အကောင်းဆုံး စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း ကြိုတင်မှန်းဆ၍မရနိုင်သည့် အခြေအနေများ ဖြစ်သည့် (ယာဉ်ကြောပိတ်ဆို့မှု၊ ရုတ်တရက် လမ်းအခြေအနေမကောင်းခြင်း၊ ယာဉ်မတော်တဆထိခိုက်မှု၊ စက်ချို့ယွင်းမှုများ၊ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုများနှင့် အခြားသောကြိုတင်မှန်းဆ၍ ထိန်းချုပ်၍မရနိုင်သော သဘာဝအခြေအနေများ) အစရှိသော
  • အခြေအနေအကြောင်းအရာတစ်စုံတစ်ခုကြောင့် ခရီးစဥ်ပြောင်းလဲပြင်ဆင်ရန် လိုအပ်လာပါက Company အနေဖြင့် အချိန်မရွေးပြင်ဆင်ပြောင်းလဲခွင့်ရှိစေရပါမည်။

Itinerary

Day-1 ရန်ကုန် - ပုဂံ (-/ -/ -)

မနက် (၆ : ၀၀ နာရီ ) ခန့် အချိန်တွင် ရန်ကုန် အောင်မင်္ဂလာကွင်းမှ ပုဂံမြို့သို့ VIP Express Bus ဖြင့် ခရီး စတင်ထွက်ခွာပါမည်။ နေ့လည်စာကို လမ်းခရီးပေါ်တွင်ရှိသော ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီးနောက် ဘတ်စ်ကားဖြင့် ပုဂံမြို့သို့ ခရီးဆက်ပါမည်။ ညနေပိုင်းတွင် ပုဂံမြို့သို့ ရောက်ရှိပြီးနောက် သီးသန့်ကားဖြင့် ကားဂိတ်သို့ လာရောက်ကြိုဆိုပြီး ဟိုတယ်တွင် Check – in ဝင်ပါမည်။ အချိန်ကြာမြင့်စွာ ဘတ်စ်ကားစီးခဲ့ခြင်းဖြင့် ပင်ပန်းနေနိုင်သောကြောင့် ယနေ့သည် လည်ပတ်ခြင်း ၀န်ဆောင်မှုမပါဘဲ ဧည့်သည်တော်များ၏ ကိုယ်ပိုင်အပန်းဖြေ အနားယူသည့်နေ့ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်အချိန်ကို စိတ်တိုင်းကျ ခံစားနိုင်ပါသည်။ ညစာကို ပုဂံမြို့ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day-2 ပုဂံ (နံနက်စာ/ -/ -)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဈေးဝယ်ခြင်းကို ကြိုက်နှစ်သက်သော ခရီးသွားဧည့်သည်များအတွက် ညောင်ဦးမဏိစည်သူစျေးသို့ သွားရောက်ကာ ဒေသထွက်ပစ္စည်းများကို စိတ်ကြိုက်စျေးဝယ်ကြပါမည်။ အေဒီ (၁၁) ရာစုအစောပိုင်းတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ပုဂံမြို့ရှိ စွယ်တော်လေးဆူများထဲမှ အထင်ရှားဆုံး ဘုရားတစ်ဆူဖြစ်သော ရွှေစည်းခုံဘုရားကို သွားရောက်ဖူးမျှော်ကြပါမည်။ ထို့နောက် ဇာတ်တော်ပုံပြင်များမှ မြင်ကွင်းများကို သရုပ်ဖော်ထားသော ပုဂံတွင် ရှေးအကျဆုံး နံရံဆေးရေး ပန်းချီကားများကို ကောင်းစွာထိန်းသိမ်းထားသော အေဒီ ၁၁၁၃ ခုနှစ်တွင် တည်ထားခဲ့သော ဂူပြောက်ကြီးဘုရားကို


သွား‌ရောက်ဖူးမျှော်ကြပါမည်။ လက်ရေးပန်းချီများကို (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) ရေးဆွဲပြီး ပျော်ရွှင်စရာ အတွေ့အကြုံကို ခံစားကြပါမည်။ ထို့နောက် ပုဂံယွန်းထည်နှင့် လက်မှုပစ္စည်းများရောင်းချသော ဆိုင်များသို့ သွားရောက်လည်ပတ်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ ဝယ်ခြင်းကို ပြုလုပ်ကြပါမည်။ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်) နေ့လည်စာ သုံးဆောင်ပါမည်။ ပုဂံတွင် အခမ်းနားဆုံး ဘုရားတစ်ဆူဖြစ်သည့် ၁၀၉၁ ခုနှစ်တွင် ကျန်စစ်သားမင်းကြီး တည်ထားခဲ့သည့် အနုပညာလက်ရာမြောက်သည်ဟု ထင်ရှားသော အာနန္ဒာဘုရားကို သွားရောက် ဖူးမျှော်ကြပါမည်။ ထို့မှတဆင့် မြေပြင်မှအထက်သို့ (၆၁) မီတာအထိ မြင့်မားပြီး ပုဂံတွင်ဥာဏ်တော် အမြင့်ဆုံးစေတီဖြစ်သည့် သဗ္ဗညုစေတီတော်ကို သွားရောက်ဖူးမျှော်ကြပါမည်။ ထို့နောက် ၁၁၆၇ ခုနှစ် နှင့် ၁၁၇၀ ပြည့်နှစ်အတွင်း နရသူမင်း တည်ထားခဲ့သည့် ပုဂံတွင်ထုထည်အကြီးမားဆုံး ဘုရားဖြစ်သော ဓမ္မရံကြီးဘုရားကို သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဧရာဝတီမြစ်ပေါ်မှ နေဝင်ချိန်ရှုခင်းကို အကောင်းဆုံးအနေအထားဖြင့် ကြည့်ရှုနိုင်သော ဘူးဘုရားကို သွားရောက်ဖူးမျှော်ပါမည်။ ခရီးသွားဧည့်သည်များ၏ စိတ်ထဲ၌ တစ်သက်တာ မမေ့နိုင်မည့် နေဝင်ဆည်းဆာမြင်ကွင်းကို ဧရာဝတီမြစ်ရိုးတစ်လျှောက် လှေစီး၍ ကြည့်ရှုခြင်းဖြင့် ပုဂံဘုရားဖူးခြင်းကို အဆုံးသတ်သင့်သောကြောင့် နေဝင်ခါနီးအချိန်တွင် လှေဆိပ်သို့ဆင်းပြီး Sunset Boat စီး၍ ဧရာ၀တီမြစ်ပေါ်မှ ရင်သပ်ရှုမောဖွယ်လှပသော နေဝင်ချိန်ကို ခံစားကြည့်ရှုကြပါမည်။ ညစာကို ပုဂံမြို့ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

Day-3 ပုဂံ (နံနက်စာ/ -/ -)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် လည်ပတ်ခြင်းအတွက် Oway ၏ ၀န်ဆောင်မှုမပါဘဲ ဧည့်သည်တော်များ စိတ်ကြိုက် တစ်နေ့တာအား မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပျော်ရွှင်စွာ လည်ပတ်ကုန်ဆုံးနိုင်မည် ဖြစ်ပါသည်။ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်)


နေ့လည်စာ သုံးဆောင်နိုင်ပါသည်။ ညစာကို ပုဂံမြို့ရှိ ဒေသစားသောက်ဆိုင်တွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။


 


 


 


ပုဂံတွင် ဧည့်သည်တော်များ ပြုလုပ်ရန် အကြံပြုချက်များ (မိမိတို့၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့်)


အံဩဖွယ်ကောင်းသော ပုဂံဘုရားများ၏ အပေါ်စီးမှမြင်ကွင်းကို ဘုရားများအပေါ်မှ ဖြတ်၍ ပျံသန်းသော မီးပုံးပျံကို စီးပြီးခံစားနိုင်ပါသည်။ အဘယ်ကြောင့် ပုဂံကို ဘုရားစေတီ များပေါများရာဒေသဟု တင်စားခေါ်ဝေါ်သည်ကို မီးပုံးပျံစီးခြင်းမှတစ်ဆင့် သိရှိနိုင်ပါသည်။ နေထွက်ချိန်ကို မီးပုံးပျံစီး၍ ကြည့်ခြင်းအားဖြင့် သာမန်လည်ပတ်ခြင်းထက် ပိုမိုစိတ်လှုပ်ရှားစေမည်ဖြစ်ပါသည်။ ပျော်စရာကောင်းသော နည်းလမ်းဖြစ်သည့် E-Bike ဖြင့် ပုဂံရှိဘုရားများကို သွားရောက် လည်ပတ်နိုင်ပါသည်။ E-Bike ဖြင့်သွားရောက် လည်ပတ်ပါက လူသိများသောဘုရားစေတီများမှ လူသိနည်းသောဘုရားများအထိ နှံ့နှံ့စပ်စပ် လည်ပတ်နိုင်သောကြောင့် ပုဂံရှေးဟောင်းနယ်မြေ၏ အံ့ဩဖွယ်ရာ အလှတရားများကို ပိုမိုသိရှိခံစားနိုင်ပါသည်။ ညနေ နေ၀င်ချိန်တွင် ပုဂံတွင် ထူးခြားစိတ်ဝင်စားဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်သည့် ပုဂံဘုရားများကို မြင်းလှည်းဖြင့် ကြည့်ရှုခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။

Day-4 ပုဂံ (နံနက်စာ/ -/ -)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် နံနက် (၇) နာရီခန့် အချိန်တွင် သီးသန့်ကားဖြင့် ကားဝင်းသို့ ပို့ဆောင်ကာ VIP Express Bus ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ လမ်းခရီးတွင် (မိမိ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့်) နေ့လည်စာသုံးဆောင်ပြီး ခရီးဆက်ပါမည်။ ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိလာပြီး ပျော်ရွင်ဖွယ် ခရီးစဥ်လေး ပြီးဆုံးမည်ဖြစ်ပါသည်။

Included/Excluded

  • ရန်ကုန် - ညောင်ဦး - ရန်ကုန် VIP Bus Tickets
  • 3*** အဆင့်ရှိသော ဟိုတယ်ရတနာပုံ (သို့မဟုတ်) တူညီသော တခြား 3*** အဆင့် ဟိုတယ်တွင် (၂ ယောက်ခန်း သို့ ၃ ယောက်ခန်း) ဖြင့် ၃ ညတာ တည်းခိုခွင့် (မနက်စာပါဝင်ပြီး)
  • ပုဂံတွင် သီးသန့်ကားဖြင့် လည်ပတ်ခြင်း
  • ပုဂံတွင် Sunset Boat (စက်လှေ) ဖြင့် နေ၀င်ချိန်ကို ကြည့်ရှုခြင်း
  • နေ့လည်စာနှင့် ညစာများ
  • Day-3 တွင် လည်ပတ်ခြင်းအတွက် သယ်ယူပို့ဆောင်ရေး ယာဥ်အားလုံး (ကား/လှေ/မြင်းလှည်း/Bike/မီးပုံးပျံ စီးခြင်းetc.)
  • ခရီးစဥ်တွင် မပါဝင်သော အပိုလည်ပတ်မှုများနှင့် ခရီးစဉ်တွင် ဖော်ပြထားခြင်းမရှိသော မိမိတို့၏ ကိုယ်ပိုင်အသုံးစားရိတ်များ
  • စားသောက်ဆိုင်များတွင် အပိုမှာယူသုံးစွဲသော အအေးနှင့် အဖျော်ယမကာများ
  • c ဟိုတယ်တွင်သုံးစွဲသာ Mini Bar အသုံးပြုခနှင့် အပိုသုံးစွဲသော ရေသန့်၊ အအေးနှင့် အဖျော်ယမကာ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှုနှင့် TV Pay Channel အသုံးပြုခများ
  • ခရီးသွားအာမခံ
  • ခရီးစဥ်တစ်လျှောက် အစားအသောက်ဝန်ဆောင်မှု
  • နေ့စဥ် ရေသန့် ၊ စနိုးတာဝါ ၊ သကြားလုံး စသည့် ဝန်ဆောင်မှုများ
  • အ‌ခြေခံ ဆေးဝါး ဝန်ဆောင်မှု
  • Driver Tipping

Tour's Location

Bagan

Reviews

0/5
Based on 0 review
Sleep
0 /5
Location
0 /5
Service
0 /5
Cleanliness
0 /5
Room(s)
0 /5
Showing 1 - 0 of 0 in total

Write a review

from 72 USD

Inquiry



    You might also like