from 0 review
5D 4N
Specific Tour
1 person
English, Myanmar
ရန်ကုန်လေဆိပ်မှ သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ဒူဘိုင်းသို့ ထွက်ခွာပါမည်။ ဒူဘိုင်းသို့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ရောက်ရှိပါမည်။ ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် Check in ဝင်ပြီး ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် Dubai Harbor တွင် အပျော်စီးရွက်လှေစီး၍ ဒူဘိုင်းမြို့အလှကို ကြည့်ရှုခံစားပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဒူဘိုင်း City Tour လည်ပတ်ပါမည်။ ရှေးဟောင်းဒူဘိုင်းမြို့တော်မှ ခမ်းနားထည်ဝါမှုများနှင့် အဆင့်ဆင့်တိုးတက် ပြောင်းလဲလာသည့် ခေတ်သစ်ဒူဘိုင်းမြို့တော်ကို ချိတ်ဆက်ပြသ ထားသည့် ဒူဘိုင်းမြို့၏ အထင်ကရနေရာဖြစ်သည့် Dubai Frame, Zabeel Park & Zabeel Palace (Outside Photo Only), ဒူဘိုင်းမြို့၏ ရှေးအကျဆုံးနေရာဖြစ်သည့် Bastakiya’s Heritage စသည့်နေရာများသို့ သွားရောက်လည်ပတ် ပါမည်။ ထို့နောက် ရိုးရာလှေငယ်လေးများစီး၍ နာမည်ကျော် အရောင်အနံ့အရသာ စုံလင်လှသည့် အကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်ဈေး Spice Souk, ကမ္ဘာ့ရွှေဈေးကွက်တွင် နာမည်ကြီးသည့် Gold Souk သို့ သွားရောက် လေ့လာပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ခေတ္တအနားယူပါမည်။ ညနေပိုင်းတွင် ဧည့်သည်တော်များ ကြိုက်နှစ်သက်ကြသည့် Desert Safari သို့ 4x4 Land Cruiser ဖြင့် သွားရောက် လည်ပတ်ပါမည်။ နေဝင်ချိန် အလှကိုကြည့်ရှုခံစားရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ ကုလားအုတ်စီးခြင်း (shot), စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းသော သဲမြေပေါ်တွင် 4 wheels ကားများဖြင့် Dune Bushing လုပ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။ အာရပ်သူလေးများ၏ လှပသော Belly Dance ကိုကြည့်ရှုရင်း BBQ Buffet Dinner သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အဘူဒါဘီသို့ ကားဖြင့်ထွက်ခွာပါမည်။ (ခန့်မှန်းကားမောင်းချိန် ၂ နာရီခန့် ကြာမြင့်ပါမည်။) အဘူဒါဘီရှိ အမြင့်ဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်သည့် Capital Gate Building, ထူးခြားသည့် ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားသည့် စက်ဝိုင်းပုံသဏ္ဠာန် အဆောက်အဦး Aldar Headquarter, သာယာလှပသည့် Croniche Beach, အဘူဒါဘီ၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည့် Union Square စသည့်နေရာများတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ခမ်းနားထည်ဝါ လှသည့် Emirate Palace တွင် နာမည်ကျော် Gold Coffee သုံးဆောင်ပါမည်။ ထို့နောက် သမ္မတနန်းတော်၏ တော်ဝင်ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ကြီးကျယ်ခမ်းနားသည့် ဗိသုကာလက်ရာများကို လေ့လာနိုင်သည့် Qasr Al Watan သို့သွားရောက် လည်ပတ်ပါမည်။ ကမ္ဘာ့အကြီးဆုံး ဗလီများထဲမှ တစ်ခုဖြစ်ပြီး အစ္စလာမ် ဗိသုကာလက်ရာမျိုးစုံကို တွေ့မြင်နိုင်သည့် Sheikh Zayed Grand Mosque သို့သွားရောက်ပါမည်။ ထို့နောက် နာမည်ကျော် Yas Mall တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီးနောက် ဒူဘိုင်းသို့ ကားဖြင့်ပြန်လည်ထွက်ခွာပါမည်။ ညစာကို ဒူဘိုင်းတွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ရွက်လှေပုံတည်ဆောက်ထားသည့် Burj Al Arab Hotel (Short Stop Outside), ဖြူလွှသော သဲသောင်ပြင်ရှိရာ Jumeirah Beach (Short Stop Outside only) တို့တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးရန် ခေတ္တအချိန်ပေးပါမည်။ အရောင်အသွေးစုံလင်လှသည့် ပန်းမျိုးစုံရှိရာ အကြီးဆုံး ပန်းဥယျာဉ်ဖြစ်သည့် Dubai Miracle Garden သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Dubai Mall တွင်စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ Burj Khalifa 124th & 125th သို့သွားရောက်လည်ပတ်ပြီး ဒူဘိုင်းမြို့၏ အလှကို ကြည့်ရှုခံစားပါမည်။ အာရေဗျပင်လယ်နှင့် Atlantis Hotle ၏ ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းကို Monorail ရထားလေးစီးရင်း ကြည့်ရှုခံစားပါမည်။ ဒူဘိုင်း၏ အထင်ကရ Luxury Hotel ဖြစ်သည့် နာမည်ကျော် The Atlantis the Palm Hotel တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးပါမည်။ ညစာကို The Atlantis the Palm Hotel Kaleidoscope Restaurant တွင် Buffet ဖြင့်သုံးဆောင်ပါမည်။ ထို့နောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Check out ထွက်ပါမည်။ ထို့နောက် လေဆိပ်သို့ ထွက်ခွာပါမည်။ လေဆိပ်တွင် Check in ဝင်ပြီး သတ်မှတ်ထားသော လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာပါမည်။ ရန်ကုန်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိပါမည်။
Note : No Tour Guide Service & Airport Assistant will escort for the airport drop off and check in on Day (05).
Leave a reply